အဆစ်လွဲခြင်း/ အရွတ်နှင့်ကြွက်သားဒဏ်ဖြစ်ခြင်း (Sprains and Strains)

First Aid +
2025- ဇန်နဝါရီ 7 by
အဆစ်လွဲခြင်း/ အရွတ်နှင့်ကြွက်သားဒဏ်ဖြစ်ခြင်း (Sprains and Strains)
Zwe Htoo
ရှောင်ရန် အချက်များ
ဒဏ်ရာရပြီးချိန်တွင် အပူပေးခြင်း၊ အရက်ပြန်သုံးခြင်း သို့မဟုတ် နှိပ်နယ်ခြင်းများ ချက်ချင်းမပြုလုပ်ပါနှင့်။
မှတ်ချက်: ၎င်းစာမျက်နှာသည် ပညာရေးရည်ရွယ်ချက်များအတွက် ပထမဦးဆုံး ကုသမှု လုပ်ဆောင်မှုများအကြောင်းကို အကျဉ်းချုပ် ပေးထားပါသည်။ ၎င်းသည် အပြည့်အစုံ လမ်းညွှန်လွှာ မဟုတ်ပဲ ပရော်ဖက်ရှင်နယ် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို အစားထိုးမထားပါ။
မည်သည့်စိုးရိမ်မှုများအတွက် မဆို မိမိ၏ ဆေးဘက်ဆိုင်ရာ ပံ့ပိုးသူနှင့် အမြဲဆွေးနွေးပြီး၊ အရေးပေါ်အခြေအနေများတွင် အရေးပေါ် ဝန်ဆောင်မှုများကို ဆက်သွယ်ပါ။

Overview

အဆစ်လွဲခြင်းနှင့် ကြွက်သားဒဏ်ဖြစ်ခြင်း သည် ကြွက်သားများနှင့် အရွတ် များကိုသက်ရောက်သည့် ဒဏ်ရာများ ဖြစ်သည်။ ဒဏ်ရာအများစုကို ဆရာဝန်ထံ မသွားဘဲ အိမ်တွင်ပင်ကုသနိုင်သည်။

အဆစ်လွဲခြင်းဆိုတာဘာလဲ ?

(အဆစ်များကို တွယ်ဆက်ပေးထားသော တစ်ရှူးများ)အရွတ်ပြဲခြင်း, အဆစ်လွဲခြင်း ဖြစ်သည်။ ဤ ဒဏ်ရာသည် လက်ကောက်ဝတ်များ၊  ခြေဖနောင့်များ၊ လက်မများနှင့် ဒူးများတွင် အများဆုံး ဖြစ်ပွားနိုင်သည်။​

ကြွက်သားဒဏ်ဖြစ်ခြင်း ဆိုတာဘာလဲ ?

ကြွက်သားကို အလွန်အမင်း အားသုံးမိ ခြင်း သို့မဟုတ် ပြဲသွားသော ကြွက်သား (pulled muscle ဟုလည်းခေါ်သည်)။ ဤသည်မှာ ခြေထောက်များ၊ လက်များနှင့် ကျောဘက်တွင် အများဆုံး ဖြစ်ပွားနိုင်သည်။

လက္ခဏာများ

သင်တွင် အောက်ပါလက္ခဏာများဖြစ်ပေါ်ပါက၊ ၎င်းသည် အဆစ်လွဲခြင်း သို့မဟုတ် ကြွက်သားဒဏ်ဖြစ်ခြင်း ဖြစ်နိုင်ပါသည်:

  • ခြေထောက်၊ ခြေ၊ လက်မ၊ ဒူး၊ ခြေထောက် သို့မဟုတ် ကျောဘက်တွင်တောင့်တင်း ခြင်း ၊ နာကျင်မှု သို့မဟုတ် အားနည်းမှု ရှိခြင်း
  • ထိခိုက်သည့်နေရာသည် ရောင်ရမ်းခြင်း သို့မဟုတ်အညို အမဲ စွဲ ခြင်း
  • ထိခိုက်သည့်နေရာကို ကိုင်တွယ်အသုံးပြုနိုင်ခြင်း မရှိခြင်း သို့မဟုတ် အလေးမ၍ မရခြင်း
  • ကြွက်သားများသည် မိမိမှ မထိန်းနိုင်ဘဲ ကြွက်တက်ကာ နာကျင်ခြင်း (muscle spasms သို့မဟုတ် ကြွက်တက်ခြင်း) 

လုပ်ဆောင်နိုင် သော ရှေးဦးသူနာပြုနည်း

အဆစ်လွဲခြင်းနှင့် ကြွက်သားဒဏ်ဖြစ်ခြင်းကို ကိုယ်တိုင်ကုသနည်း

အဆစ်လွဲခြင်း သို့မဟုတ် ကြွက်သားဒဏ်ဖြစ်ခြင်းဖြစ်ပြီး ပထမ ၂ မှ ၃ ရက်အတွင်း၊ ရောင်ရမ်းမှုကို လျော့ချရန်နှင့် ထိခိုက်မှုကို ထောက်ပံ့ရန် PRICE ဆိုသော ၅ ချက်ဆောင်ရွက်မှုကို လိုက်နာပါ:

  1. Protection(ကာကွယ်မှု) – ထိခိုက်သည့်နေရာကို ထောက်ပံ့ရန် support သုံးခြင်း သို့မဟုတ် ခြေထောက်နှင့် ခြေဆံကို ထောက်ပံ့ပေးနိုင်သော ဖိနပ် များဝတ်ခြင်း
  2. Rest (အနားယူရန် )–မည်သည့် လှုပ်ရှားမှုများမဆို ရပ်တန့်ပြီး ထိခိုက်နေရာကို ဝန်မပေးရန်
  3. Ice(ရေခဲခြင်း) –ရေခဲအိတ် (သို့မဟုတ် ရေခဲထားသောဟင်းသီးဟင်းရွက်များကို ပုဝါဖြင့် ပတ်ထားပြီး) ၁၅-၂၀ မိနစ်ကြာ ၂-၃ နာရီခြားကပ်ပေးခြင်း 
  4. Compression (ဖိအားပေးခြင်း) – နေ့ဘက် တွင် bandage ဖြင့် ထိခိုက်သည့်နေရာကို ပတ်ခြင်
  5. Elevate (မြှောက်ထားခြင်း) – တတ်နိုင်သမျှ ခေါင်းအုံး (pillow) ပေါ်မှာ မြှောက်ထားခြင်း

ရောင်ရမ်းမှုကို မဖြစ်စေဖို့ ပထမ ၂ ရက်အတွင်း ပူပြင်းသောရေချိုးခြင်း၊ ရေ နွေး အိတ်ကပ်ခြင်း ၊ အရက်သောက်ခြင်း ကို ရှောင်ကြဉ်ပါ။  ထိခိုက်သည့် နေ ရာကို နှိပ်နယ်ခြင်း မပြုလုပ်ပါနှင့်။ 

နာကျင်မှုကြောင့် မရပ်တန့်နိုင်လျှင်၊ အဆစ်နှင့် ကြွက်သား မတောင့်တင်းသွားစေရန် တဖြည်းဖြည်း လှုပ်ရှားပေးပါ။

ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။

အောက်ပါ အချက် များဖြစ်ပါက အရေးပေါ် သို့ ခေါ် ဆိုပါ: 

  • ထိခိုက်မှုဖြစ်သည့်အချိန် ဖြောက်ခနဲ အသံ ကြားရပါက 
  • ထိခိုက်သည့် အစိတ် အပိုင်းသည် ပုံစံ အနေအထားပြောင်းလဲခြင်း ရှိပါက
  • ထိခိုက်သည့် အစိတ် အပိုင်းသည် ထုံခြင်း၊ စူးခြင်း ခံစားရပါက 
  • ထိခိုက်သည့် နေရာ တစ်ဝိုက် အရေပြားသည် အရောင်ပြောင်း ခြင်း ၊ အပြာရောင် မီးခိုး‌ရောင်ဖြစ်ခြင်း ၊ထိ လိုက်‌သောအခါ အေးစက်နေခြင်း 

အရုိးကျိုးခြင်း ဖြစ်နိုင်ပြီး ဓာတ်မှန်ရိုက်ရန် လိုအပ်နိုင်ပါသည်။ 

ထိခိုက်မှုဖြစ်ပြီး အောက်ပါ အချက်များဖြစ်ပါက ဆေးဘက်ဆိုင်ရာ ကူညီမှုကို ရယူပါ:

  • အလွန် နာကျင်ပြီး နာကျင်မှုပိုဆိုးလာပါက 
  • ရောင်ရမ်းခြင်၊ အညိုအမဲ စွဲခြင်း သည် များစွာဖြစ်ပါက သို့မဟုတ် ပိုဆိုးလာပါက 
  • အလေးအပင်မလျှင် နာကျင်ပါက 
  • တောင့်တင်းပြီး လှုပ်ရှားရန် ခက်ခဲပါက 
  • အိမ်တွင်းကုထုံးများဖြင့် သက်သာမှုမရှိပါက
  • အဖျားကြီး ပြီး ချမ်းတုန်ပါက(ပိုးဝင်ခြင်းဖြစ်နိုင်သည်) 

ကုသမှု

ဆေးဝါးပညာရှင်များသည် အဆစ်လွဲခြင်းနှင့် ကြွက်သားဒဏ်ဖြစ်ခြင်းအတွက် ကူညီနိုင်ပါသည်။ သူတို့သည် သင့်ကို ဆေးဝါးတစ်မျိုး၊ သို့မဟုတ် အသားပေါ်လိမ်းသည့်  ကရင်သို့မဟုတ် ဂျယ်လ် ကို အကြံပြုနိုင်ပါသည်။

အစပိုင်းတွင် နာကျင်မှုကိုသက်သာစေရန် ပါရာဆီတမောလ်ကဲ့သို့သော အကိုက်အခဲပျောက် ဆေး များနှင့် အီဘူပရိုဖင်ဂျယ်၊ မုစ် သို့မဟုတ် စပရေးများကို ရောင်ရမ်းမှု လျော့ကျစေရန်သုံးသင့်သည်။ 

လိုအပ်ပါက အီဘူပရိုဖင်ဆေးများကို သောက်နိုင်ပါသည်။

အဆစ်လွဲခြင်းနှင့် ကြွက်သားဒဏ်ဖြစ်ခြင်းအတွက် ကုသမှု

အဆစ်လွဲခြင်းနှင့် ကြွက်သားဒဏ်ဖြစ်ခြင်းများအတွက် ကုသမှု လိုအပ်ပါက သင့်ကို ကို ယ်တိုင်စောင့်ရှောက်ရန်အကြံပြုခြင်း သို့မဟုတ် နာကျင်မှုသက်သာစေသည့် ဆေးကို ညွှန်ပေးနိုင်ပါသည်။ 

သင်သည် X-ray လိုအပ်နိုင်ပြီး၊ အရေးပေါ်ကုသမှုဌာနတွင် တစ်ခါတလေ အတည်ပြုနိုင်ပါသည်၊ သို့မဟုတ် ဆေးရုံသို့ ရောက်လာရန် အကြံပြုခံရနိုင်ပါသည်။X-ray.

အဆစ်လွဲခြင်းနှင့် ကြွက်သားဒဏ်ဖြစ်ခြင်းအတွက် ရုပ်ပိုင်းဆိုင်ရာ ကုထုံး

ပျောက်ကင်း ရန်ကြာနေပါက သင့် GP သည် သင့်ကို ရုပ်ပိုင်းဆိုင်ရာကုထုံးဆရာဝန် (physiotherapist) နှင့်ပြ သ ရန် အကြံပြုနိုင်ပါသည်။

ပြန်လည်ကောင်းမွန် ခြင်း 

ဘယ်နှစ်ပတ်ကြာပြီးမှ ကောင်းမွန်လာသလဲ

အများအားဖြင့်2 ပတ်ကြာလျင်၊  ပြန်လည်  ကောင်းမွန်လာပါလိမ့်မယ်။

 ၈ ပတ်အထိ ပြင်းထန်သော လေ့ကျင့်ခန်းများပြေး ခြင်း စသည် တို့ ကို ရှောင်ပါ။ 

ပြင်းထန်သော ထိခိုက်မှုများသည် ပြန်လည်ကောင်း မွန် ရန် လများစွာကြာနိုင်ပါသည်။ 

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025

Start writing here...