ရှောင်ရန် အချက်များ
မီးလောင်ဒဏ်ရာကို ရေခဲဖြင့် မအေးပါနှင့်။ ရေခဲသည် အရေပြားကို ပိုမိုပျက်စီးစေနိုင်သည်။
မီးလောင်ဒဏ်ရာတွင် ကပ်နေသော အရာများကို မဖယ်ပါနှင့်။ ဤသို့လုပ်ခြင်းဖြင့် ဒဏ်ရာကို ပိုမိုဆိုးရွားစေနိုင်သည်။
သတိပေးချက်: ဤစာမျက်နှာသည် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ပထမအကူအညီလုပ်ဆောင်ချက်များကို အကျဉ်းချုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ ၎င်းသည် အပြည့်အစုံလမ်းညွှန်တစ်ခုမဟုတ်သလို ကျွမ်းကျင်သူ၏ ကျန်းမာရေးအကြံဉာဏ်ကို အစားထိုးရန်လည်း မဟုတ်ပါ။
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမြဲတမ်း ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။ အရေးပေါ်အခြေအနေများတွင် အရေးပေါ်ဝန်ဆောင်မှုများကို ချက်ချင်းဆက်သွယ်ပါ။
အကျဥ်းချုပ်
အပူလောင်နာနှင့် ရေနွေး လောင်ခြင်း သည် အပူ ကြောင့် ဖြစ်သော အရေပြားပျက်စီးခြင်း ဖြစ်သည်။ Burns and Scalds သက်ရောက်မှုဖြစ်စဉ်မှာ တူညီပြီး ကုသခြင်းလည်း တူညီသည်။
အပူလောင်နာဆိုတာဘာလဲ?
အပူလောင်နာသည် အပူခြောက်ကြောင့် ဖြစ်ပေါ်သည် - ဥပမာ၊ မီးပူ သို့မဟုတ် မီးကဲ့သို့ အပူကြောင့် ဖြစ်နိုင်ပါသည်။
ရေနွေးပူလောင်ခြင်းဆိုတာဘာလဲ?
ရေနွေးပူလောင်ခြင်းသည် အပူအစို ကြောင့် ဖြစ်ပေါ်သည်၊ ဥပမာ၊ ရေနွေးပူ သို့မဟုတ် ရေနွေးငွေ့။
လက္ခဏာများ
အပူလောင်နာသည် နာကျင်မှုများ ဖြစ်စေပြီး အောက်ပါအတိုင်း ဖြစ်နိုင်ပါသည်: :
- အနီရောင် သို့မဟုတ် အရေပြားကွာခြင်း
- အရည် ကြည်ဖုများ
- ရောင်ရမ်းခြင်း
- အဖြူရောင် သို့မဟုတ် ခြောက်သွေ့သော အရေပြား
သင်ခံစားရသော နာကျင်မှု၏ အရွယ်အစားသည် အပူလောင်နာ၏ အကျိုးသက်ရောက်မှု များစွာနှင့် မဆိုင်ဘဲ ဖြစ်နိုင်ပါသည်။ အလွန်ဆိုးသော အပူလောင်နာတစ်ခုလည်း အချို့အချိန်တွင် နာကျင်မှုနည်းပါလိမ့်မည်။
လုပ်ဆောင်နိုင်သော ရှေးဦးသူနာပြုနည်းများ
အပူလောင်နာကို ကုသရန် အောက်ပါ အကြံပြုချက်များကို လိုက်နာပါ: :
- အပူလောင်မှုကို တတ်နိုင်သမျှ မြန်မြန်ရပ်တန့်အောင်လုပ်ပါ။ မီးလောင်ခံရသူကို နေရာမှဖယ်ခြင်း၊ မီးကိုငြိမ်းသတ်ခြင်း ၊ပြလုပ်ခြင်း သင်ကိုယ်တိုင်လည်း အပူ လောင်မခံရစေရန် ဂရုစိုက်ပါ။
- အပူလောင်နေသော အရေပြားအနီးရှိ အဝတ်အစား သို့မဟုတ်လက်ဝတ်ရတနာများ၊ ကလေး ငယ် များ၏ အနှီး များကိုပါ ဖယ်ရှားပါ။ သို့သော် အပူလောင်နေသော အရေပြားနှင့်ငြိနေသော အရာများကို မဖယ်ရှားပါနှင့်၊ ပိုမိုဆိုး စေနိုင်ပါသည်။
- အပူလောင်နာကို အလျင်အမြန် ၂၀ မိနစ်လောက် အေးသော သို့မဟုတ် ကြက်သီးနွေး ရေဖြင့် လောင်း ပေး ပါ။ ရေခဲ ၊ ရေခဲရေ သို့မဟုတ် ဆီတင်ခြင်းများကို မသုံးပါနှင့်။
- မီးေလာင်ခံရသူကို နွေးအောင်ထား ပါ။ အဝတ်လိပ် သို့မဟုတ် အလွှာများကို အသုံးပြုပါ၊ သို့သော် ထိခိုက်သောနေရာပေါ်တွင် မထားပါနှင့်း (hypothermia) ကို ကာကွယ်နိုင်ပါသည် ။ ၃၅°C (၉၅°F) အောက်ကျရင်. အပူလောင်နေသော အရေပြားများအတွက်အေးအောင် လုပ်ပေးသောကြောင့် ဖြစ်သည်။ကလေးငယ် များနှင့် အသက်ကြီးသူများတွင် ပိုမိုဖြစ်နိုင်ပါသည်။
- အပူလောင်နာကို cling film ဖြင့် ဖုံးပါ။ အပူလောင်နေသောနေရာပေါ်တွင် cling film ကို ထားပါ။ cling film ကိုမပတ်ထားပါနှင့်။ သင်၏ လက်ပေါ်တွင် အပူလောင်နာရှိပါက သန့်ရှင်းပြီး မြင်သာသော ပလတ်စတစ်အိတ်ကို အသုံးပြုနိုင်ပါသည်။
- အပူလောင်နာမှ နာကျင်မှုကို ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘူပရိုဖင် ဖြင့် ကုသပါ။ ဆေးဝါးများကို အသုံးပြုရာတွင် အညွှန်းများကို အမြဲစစ်ဆေးပါ။ ၁၆ နှစ်အောက် ကလေးများအတွက် အက်စ်ပီရင် မပေးသင့်ပါ။
- ထိခိုက်သောနေရာကို တတ်နိုင်ပါက မြှင့်ထား ပါ။ ၎င်းသည် ရောင်ရမ်း မှုကို လျော့ပါးစေမည်။
ဘယ်အချိန်မှာ ဆေးဘက်ဆိုင်ရာ အကူအညီ လိုအပ်သလဲ
ဤဆောင်ရွက်ချက်များကို ပြီးစီးပြီးနောက်၊ ထပ်မံသော ဆေးပညာရေး ကုသမှု လိုအပ်မလားဆိုတာ သင့်ကိုယ်တိုင်ဆုံးဖြတ်ရမည်။
အောက်ပါအချက်များဖြစ်ပါက ချက်ချင်း ဆေးဘက်ဆိုင်ရာ အကူအညီ (ဥပမာ၊ အရေးပေါ်ဌာန) ရယူပါ:
- large burns အပူလောင်နာများသည် ထိခိုက်သူ၏ လက် အရွယ်အစားထက်ကြီး လျှင်
- deep burns အဖြူရောင် သို့မဟုတ် ခြောက်သွေ့သော အရေပြားကို ဖြစ်စေသော အ တွင်းပိုင်းထိ နက်သည့် အပူလောင်နာများ၊
- မျက်နှာ, လည်ပင်း, လက်, ခြေထောက်, အဆစ်များ, လိင်အင်္ဂါတွင် ဖြစ်သော အပူလောင်နာများ
- ဓာတုပစ္စည်း နှင့် လျှပ်စစ် အပူလောင်နာများအားလုံး
- ကုသရန် လိုအပ်သော အခြားဒဏ်ရာများ
- (shock) ၏ လက္ခဏာများ - အရေပြားအေးခြင်း၊ စိုထိုင်းထိုင်းဖြစ်ခြင်း၊ ေချွေး ပြန်ခြင်း ၊ အသက်ရှူမြန်ခြင်း၊ အားနည်းခြင်း၊ မူးခြင်း shock .
သင် (သို့) တစ်စုံတစ်ယောက် အပူလောင်နာခံထားရပြီး အောက်ပါ အခြေအနေ များရှိပါက ဆေးရုံသို့သွားသင့်ပါသည်။ -:
- အသက် ၁၀ နှစ်အောက်ဖြစ်ပါက
- ရောဂါ တစ်မျိုးမျိုးရှိပါက ( နှလုံး , အ ဆုတ်, အသည်း ရောဂါ, ဆီးချိူ စသည် )
- ကိုယ်ခံ အားနည်း သူ ( ကင်ဆာကုထုံး ခံယူနေသူ, HIV, AIDS စသည့် ရောဂါ ရှိပါက )
- မီးခိုး ဓာတ်ငွေ့များရှူမိပါက
အချို့သော လ က္ခဏာများသည်ဖြစ်ပေါ် ရန် အချိန် ကြာနိုင်ပြီး၊ အောက်ပါအတိုင်း ပါဝင်နိုင်ပါသည်:
- ချောင်းဆိုးခြင်း
- လည်ချောင်းနာ
- အသက်ရှူရန် ခက်ခဲခြင်း
- နှာခေါင်းမွှေး လောင်ခြင်း
- မျက်နှာလောင်ခြင်း
သင်သည် ဒဏ်ရာများကို ခံစားရပါက သို့မဟုတ် ဒဏ်ရာရသောအခြားသူတစ်ဦးအတွက် စိုးရိမ်နေပါက အရေးပေါ်ဌာနသို့ သွားရပါမည်
လျှပ်စစ်အပူလောင်နာ
လျှပ်စစ်အပူလောင်နာများသည် မပြင်းထန် ဟု ထင် ရသော်လည်း အလွန်ထိခိုက်နိုင်ပါတယ်။
လျှပ်စစ်အပူလောင်နာခံရသူသည် အရေးပေါ်ဌာနတွင် ချက်ချင်း ဆေးဝါးအကူအညီ ရယူရန် လိုအပ်ပါသည်။.
ဗို့အားနည်း (၂၂၀ မှ ၂၄၀ ဗို့) ကဲ့သို့သော အိမ်တွင်းလျှပ်စစ်ပေးသွင်းမှုမှ ဒဏ်ရာရလျှင် လျှပ်စစ်ပေးသွင်းမှုကို ပိတ်ခြင်း သို့မဟုတ် လျှပ်စစ်မလျှောက် နိုင်တဲ့ ပစ္စည်း( သစ်သာတုတ် , သစ်သားခုံ ) ဖြင့် လူကို လျှပ်စစ်ပေးသွင်းမှုမှ ထုတ်ဖို့ ကူညီပါ။
ဗို့အားမြင့် သော ၁,၀၀၀ဗို့အထက် လျှပ်စစ်ပေးသွင်းမှုမှ ချိတ်ဆက်ထားသော လူကို မထိတွေ့ပါနှင့်။
အက်စစ်နှင့် ဓာတုပစ္စည်းအပူလောင်နာ
အက်စစ်နှင့် ဓာတုပစ္စည်းအပူလောင်နာ များသည် အလွန်ထိခိုက်နိုင်ပြီး အရေးပေါ်ဌာနတွင် ချက်ချင်း ဆေးဝါးအကူအညီ လိုအပ်ပါသည်။
အရေး ပေါ် လူနာ တင်ယာဥ်ခေါ် ဆိုပါ။
သင်သည် အခြားသူတစ်ဦးကို ကူညီနေပါက:
- ကာကွယ်ရေးအဝတ်အစား ၊ ဥပမာ - လက်အိတ် များ ကို ဝတ်ဆင်ပါ
- ဒဏ်ရာရသူ အပေါ် ပေကျံနေသော အဝတ်အထည်များကို ဖယ်ရှားပါ
- ဓာတုပစ္စည်းသည် ခြောက်သွေ့ နေပါက အရေပြားမှ တိုက် ချွတ် ဖယ်ရှားပါ
- အပူလောင်နာခံထားသော နေရာမှ ဓာတုပစ္စည်း အကြွင်း အကျန်များကို ရေအေး ဖြင့် နည်းဆုံး မိနစ်၂၀ ဆေးကြောပါ
ဓာတုပစ္စည်းများ ကို သင့်ကိုယ်ကို မပျက်စီးအောင် သတိထားပြီး ကာကွယ်ရေးအဝတ်အစားကို ဝတ်ဆင်ပါ။
ဖြစ်နိုင်လျှင်၊ အပူလောင်နာကို ဖြစ်စေသော ဓာတုပစ္စည်းကို သိရှိပြီး အရေးပေါ်ဌာနတွင် ဆေးပညာကျွမ်းကျင်သူများအား ပြောပြပါ။.
နေလောင်ခြင်း
နေလောင်ခြင်း အတွက် အောက်ပါအကြံပြုချက်များကို လိုက်နာပါsunburn:
- နေလောင်ခြင်း ၏ လက္ခဏာများ၊ ဥပမာ - ပူသော၊ အနီရောင်နှင့် နာကျင်သော အရေပြားကို တွေ့ရှိပါကအရိပ်ရသော နေရာသို့ ပြောင်းရွှေ့ပါ။
- နေလောင်သော အရေပြားကို အေးမြစေ ရန် ၁၀ မိနစ် ကြာ အေးသည့် ရေဖြင့် ချိုးပါ။
- နေလောင်သော ခံထားသော နေရာတွင် (aftersun lotion) အား အသုံးပြုပါ၊ ၎င်းသည် အရေပြားကို စိုပြီး အေးစေပြီး နာကျင်မှုကို လျော့နည်းစေပါသည်။ ဆီနှင့် ဆီပါဝင်သည့် ထုတ်ကုန်များကို မသုံးပါနှင့်။
- နာကျင်မှုရှိပါက၊ ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘူပရိုဖင် က သက်သာစေပါသည်။ ထုတ်ကုန်ထုတ်လုပ်သူ၏ လမ်းညွှန်ချက်များကို စနစ်တကျ ဖတ်ပါ၊ ၁၆ နှစ်အောက်ရှိ ကလေးများကို အက်စပရင် မပေးပါနှင့်။
- ရေဓာတ်ပြည့် ဝစေရန် ရေများများသောက်ပါ။
- ပူခြင်းကြောင့် အပူရှပ် ခြင်း၏ လက္ခဏာများကို သတိပြုပါ၊ ၎င်းမှာ သင့်ရဲ့ ကိုယ်ခန္ဓာအတွင်း အပူချိန် ၃၇°C မှ ၄၀°C (၉၈.၆°F မှ ၁၀၄°F) သို့မဟုတ် အထက်ရှိနေပါလိမ့်မည်။ လက္ခဏာများတွင် မူးဝေခြင်း၊ နှလုံးခုန်မြန်ခြင်း သို့မဟုတ် အော့ အန်ခြင်း ပါဝင်နိုင်ပါသည်။
အပူရှပ်ခြင်းရှိသော လူကို အလျင်အမြန် အအေးဆုံးနေရာတစ်ခုသို့ခေါ် သွားပြီး ရေသောက်ရန် ပေး၍ အဝတ်အစားများကို ပြေ လျှော့ ပေးပြီး နာရီဝက် အချိန်တွင် အခြေအနေကောင်းမွန်လာသင့်သည်။
အပူရှပ်ခြင်းရှိသော လူတစ်ဦးသည် အနည်းဆုံး နာရီဝက် အတွင်း ကောင်းမွန်မလာပါက အပူချိန်မြင့်တက်ခြင်း (heatstroke) ဖြစ်နိုင်ပါသည်။ ၎င်းသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေဖြစ်ပြီး၊ သင်သည် ဆေးရုံ လူနာတင်ယာ်ခေါ်ရန် လိုအပ်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025
Start writing here...