အရေပြားပွန်းပဲ့ခြင်း (Cuts and Grazes)

First Aid +
ရှောင်ကြဉ်ရမည့်အချက်များ
ဒဏ်ရာထဲတွင် စိုက်နေသော အရာဝတ္ထုများကို မဖယ်ရှားပါနှင့်။ .
ဒဏ်ရာကို ပွတ်တိုက်ခြင်း မပြုလုပ်ပါနှင့်။

အကျဥ်းချုပ်

ပြတ်ရှခြင်းဆိုတာဘာလဲ ? 

အသားအရေ ပြတ်တောက်သွားခြင်းကို ပြတ်ရှခြင်း  (cut) ဟု ခေါ်ပါသည်။

ခြစ်ရာဆိုတာဘာလဲ 

အနည်းငယ်သာ အပေါ်ယံအသားအရေ ခြစ်သွားခြင်းကို ခြစ်ရာ (graze) ဟု ခေါ်ပါသည်။ 


အများအားဖြင့် ပြတ်ရှ ရာများနှင့် ခြစ်ရာများကို အိမ်တွင်ပင်ကုသနိုင်ပြီး ရက်အနည်းငယ်အတွင်း အနာကျက် လာမည်ဖြစ်သည်။ သို့သော်၊ အချို့သော အနာများတွင် ပြင်းထန်မှုရှိခြင်း သို့မဟုတ် ပိုးဝင်နိုင်မှုရှိပါက ဆရာဝန်ထံသို့ သွားရောက်ကုသရန် လိုအပ်နိုင်ပါသည်။

အရေးပေါ်ရှေးဦးသူနာပြုနည်း

How to read a cut or graze yourself

ပြတ်ရာ သို့မဟုတ် ခြစ်ရာကို မိမိကိုယ်တိုင် ကုသနိုင်ရန်၊သွေးယိုခြင်းကို တားဆီးရန်  အနာကို သန့်ရှင်းစွာဆေးကြောရန် ပလာစတာ သို့မဟုတ် ပိုးသတ်အဝတ်  ဖြင့် ဖုံးပေးရန် ဒါသည် အနာပိုးဝင်ခြင်းကို ကာကွယ်နိုင်စေပါသည်။

အနာကိုက်နေပါက ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘျူပရိုဖင် ကဲ့သို့သော ကိုက်ခဲနာကျင်သက်သာဆေးများ သောက်နိုင်ပါသည်။ (သို့သော် အသက် ၁၆ နှစ်အောက်ကလေးများအား အက်စပရန် မပေးပါနှင့်။)

သွေးထွက်နေလျှင် ဘာလုပ်မလဲ

  1. အနာကို စစ်ဆေးပြီး အတွင်းမှာ ဘာမှရှိ နေကြောင်း သေချာပါစေ။
  2. ဘာမှမရှိပါ က သန့်ရှင်းသော ခြောက်သွေ့သော ပဝါ (သို့) ပတ်တီး  ဖြင့် ၁၀ မိနစ်ကြာ ဖိထားပါ။
  3. အနာထဲမှာ အရာတစ်ခုခု ပိတ်နေပါက မထုတ်ပါနှင့်။ ထို အရာကို မဖိပါနှင့်။ အနာ၏ ဘေး နှစ်ဖက်ကို လှည့်ဖိထားပြီး အနာအစွန်းများကို တွန်း ဖိထားပါ။ 
  4. အနာသည် လက် (သို့) လက်မောင်း ပေါ်တွင်ဖြစ်လျှင် ခေါင်းပေါ် မြှောက်ပါ။အနာသည်ခြေထောက် ပိုင်းတွင်ဖြစ်လျှင် ကုတင်တွင် ပြီး နှလုံးအထက် မြှောက်ပါ။ဤနည်းလမ်းဖြင့် သွေးယိုစီးမှုကို လျှော့ချပေးနိုင်ပါသည်။
  5. သွေးထွက်ခြင်းရပ်သည်နှင့် ပထမသုံးသပ်ထားသော သန့်ရှင်းသော ပတ်တီး  (သို့) ပဝါ ကို မဖြုတ်ဘဲ အသစ်တစ်ခုဖြင့် သေချာစွာ ပြန်လည်စည်းပါ။ 
  6. သွေးဆက် ထွက်ရှိနေပါက ပထမ ပတ်တီးကိုဖြုတ်ပြီး နောက်အသစ် တစ်ခု ထပ်မံပတ် ပါ။ သွေးထွက်နေသောနေရာကို ၁၀ မိနစ် ထပ်မံဖိထားပါ။ 

ဒဏ်ရာများ ကို သန့်ရှင်းခြင်း

သွေးထွက်ခြင်းရပ်ပြီးပါက အသေးစား အနာများကို သန့်ရှင်းစေရန် လိုအပ်ပါသည်။

  1. လက်များကို သန့်စင်စွာ ဆေးကြောခြင်း – လက်ကို တစ်ကြိမ်ဖြင့် ရေသန့်နှင့် ဆပ်ပြာဖြင့် ဆေးကြောပြီး ခြောက်သွေ့အောင် ပြုလုပ်ပါ။တစ်ခါသုံးလက်အိတ် (disposable gloves) ဝတ်ဆင်ပါ – ရှိလျှင် အသုံးပြုပါ။
  2. အနာကို သန့်စင်သော ရေနှင့် ဆေးကြောခြင်း –ရေသန့် ဖြင့် ဆေးကြောပါ၊ သို့မဟုတ် သန့်ရှင်းသန့်စင်သော တစ်ခါသုံး ပုဝါ များကို အသုံးပြုပါ။
  3. အနာပတ်ဝန်းကျင်ကို သန့်ရှင်းခြင်း – ဆပ်ပြာရေ သို့မဟုတ် ပိုးသတ်ဆေးကို အသုံးပြုပြီး အနာပတ်ပတ်လည်ကို သန့်စင်ပါ။ (ပိုးသတ်ဆေးသည် အနာထဲ မဝင်စေရန် သတိပြုပါ)
  4. ခြောက်သွေ့အောင် ပြုလုပ်ခြင်း – သန့်ရှင်းသော ဂော့စ် (gauze swab) သို့မဟုတ် သန့်ရှင်းသော အဝတ်ဖြင့် အနာကို ခြောက်သွေ့အောင် ပြုလုပ်ပါ။
  5. ပိုးသတ်ပြီး ပတ်တီး (sterile dressing) သို့မဟုတ် ပလပ်စတာ (plaster) ဖြင့် အနာကို ဖုံးအုပ်ပါ။ 

လိုအပ်သည့်အခါdressing ကို ပြောင်းလဲပါ ။ အနာပိတ်သွားပြီးရင် ရက်အနည်းငယ်ကြာလျှင် dressingကို ဖြုတ်နိုင်ပါသည်။Keep the dressing clean by changing it as often as you need. You can take it off after a few days, once the wound has closed.

ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။

သင့်တွင် အောက်ပါအခြေအနေများရှိပါက ဆေးရုံသို့သွားရမည်

  • ထိခိုက်ရှာနာဖြစ်ပြီး သွေးထွက် ခြင်း မရပ်ပါက
  • သွေးသည် ပန်းထွက်ပြီး နီရဲကာ ထိန်းချုပ်ရန် ခက်ခဲပါက
  • အနာအနီးတွင် ခံစားမှု ပျောက်သွားခြင်း သို့မဟုတ် လှုပ်ရှား၍မရဖြစ်ပါက
  • မျက်နှာ သို့မဟုတ် လက်ဖမိုး ပေါ်တွင် ပြင်းထန်သော ထိခိုက်ရှနာ ဖြစ်နေပါက
  • ဒဏ်ရာ သည် အလွန် ကြီးမားသည် သို့မဟုတ် နက်ရှိုင်းလွန်းပါက
  • ဖန်စကဲ့သို့သော အရာများ အနာအတွင်း ရှိနေပါက – ကိုယ်တိုင် ထုတ်မယူပါနှင့်။

အရေးပေါ် (A&E) သို့မဟုတ် ဆေးရုံသို့ ကိုယ်တိုင် မမောင်းသွားပါနှင့်။ အရေးပေါ် ဆေးဘက်ဆိုင်ရာ ကူညီမှု လိုအပ်ပါက တစ်ဦးဦးကို မောင်းပို့ခိုင်းပါ၊ သို့မဟုတ် ဖုန်းခေါ်၍ လူ နာတင်ယာဉ် (ambulance) ခေါ်ပါ။ သင်သောက်နေသော ဆေးများကိုပါ ယူဆောင်သွားပါ။ 

အောက်ပါအခြေအနေများရှိပါက ဆရာဝန်ထံ အရေးပေါ် ဆေးဘက်ဆိုင်ရာ ကူညီမှု ရယူ ရန် လိုအပ်သည် -:

  • အနာထဲတွင် မြေဆီလွှာ၊ ဖုန်၊ သို့မဟုတ် ကိုယ်အတွင်းမှ အရည်များ ပါဝင်နေခြင်း၊ သို့မဟုတ် သန့်ရှင်းအောင် ဆေးကြောပြီးသည့်နောက်မှလည်း မသန့်ဘဲ ကျန်နေခြင်း
  • လူ၊ သို့မဟုတ် တိရစ္ဆာန်များ (သို့) လမ်းဘေး တိရစ္ဆာန်တစ်ကောင် ကောင်မှ  ကိုက်ခံရခြင်း
  • အနာသည် ရောင်ရမ်း ခြင်း၊ နီခြင်း၊ နာကျင်မှု များလာခြင်း သို့မဟုတ် အနာမှ ပြည်များ  ထွက်လာခြင်း
  • အနာသည် ၅ စင်တီမီတာ (၂ လက်မ) ခန့်ထက် ကြီးမားခြင်း
  • အနာဖြစ်ပြီးနောက် နေမကောင်းဖြစ်ခြင်း၊ သို့မဟုတ် ကိုယ်အပူချိန် မြင့်တက်ခြင်း

ကုသမှု

ဆေးကုသခြင်းသည် အနာ၏ အခြေအနေနှင့်ဗိုင်းရပ်စ်ဝင်နိုင်မှုရှိမရှိပေါ်မူတည်ပါသည်။

အနာအား သန့်စင်စွာ ဆေးကြောပြီး၊ ချုပ် (သို့) အထူးကပ်ကော် အသုံးပြုခြင်းဖြင့် ပိတ်ပေးပါမည်။

သို့သော် အနာတွင် ပိုးဝင်နေခြင်း (သို့) ပိုးဝင်နိုင်မှုရှိလျှင် ချက်ချင်း မပိတ်ရ ပါ။

မေးခိုင် ကာကွယ်ဆေးထိုးရန် လိုအပ်နိုင်ပြီး၊ အနာပိုးဝင်နိုင်မှုရှိလျှင် ပိုးသတ်ဆေး (Antibiotics) ဆေးများ သုံးစွဲရန် လိုအပ်နိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025

Start writing here...

ကလေးငယ်များတွင် အဖျားတက်ခြင်း (High Temperature (Fever) in Children)
First Aid +