ရှောင်ရန်အချက်များ
ကလေးကို အဝတ်ချွတ်ပေးခြင်း သို့မဟုတ် ရေပတ်တိုက်ခြင်း မလုပ်ပါနှင့်။
၂ လနှင့်အောက်ရှိကလေးများကို ပရာဆီတာမောလ် မပေးပါနှင့်။
ကလေး ၃ လမပြည့်သေးသည့်၊ အလေးချိန် ၅ ကီလိုဂရမ်မပြည့်သည့်၊ ကြက်ညှာချာင်းဆိုးရောဂါ ရှိသည့် သို့မဟုတ် ရေဓာတ်ခမ်းခြောက်နေသည့် ကလေးများကို အိုင်ဘူပရိုဖင် မပေးပါနှင့်။
မှတ်ချက်: ၎င်းစာမျက်နှာသည် ပညာရေးရည်ရွယ်ချက်များအတွက် ပထမဦးဆုံး ကုသမှု လုပ်ဆောင်မှုများအကြောင်းကို အကျဉ်းချုပ် ပေးထားပါသည်။ ၎င်းသည် အပြည့်အစုံ လမ်းညွှန်လွှာ မဟုတ်ပဲ ပရော်ဖက်ရှင်နယ် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို အစားထိုးမထားပါ။
မည်သည့်စိုးရိမ်မှုများအတွက် မဆို မိမိ၏ ဆေးဘက်ဆိုင်ရာ ပံ့ပိုးသူနှင့် အမြဲဆွေးနွေးပြီး၊ အရေးပေါ်အခြေအနေများတွင် အရေးပေါ် ဝန်ဆောင်မှုများကို ဆက်သွယ်ပါ။
အကျဥ်းချုပ်
ကလေးငယ်များတွင် ဖျားခြင်း (အပူချိန်မြင့်ခြင်း) သည် ပုံမှန်ဖြစ်သည်။ အပူချိန်သည် ပုံမှန်အားဖြင့် ၁ ရက်မှ ၄ ရက်အတွင်း ပြန်လည်ကျနိုင်ပါသည်။
အပူချိန်မြင့်တယ်ဆိုတာ ဘာလဲ?
ပုံမှန် ကိုယ်အပူချိန်ဟာ လူတစ်ဦးချင်းစီအတွက် မတူညီနိုင်ပဲ တစ်ရက်လုံး အချိန်အလိုက်လည်း ပြောင်းလဲနိုင်ပါသည်။
အပူချိန်မြင့်သည်ဆိုတာ ပုံမှန်အားဖြင့် ၃၈°C သို့မဟုတ် ထိုအထက်ဟုခေါ််သည်။ ၎င်းကို ဖျားခြင်းဟုလည်း ခေါ်ဆိုပါသည်။
အပူချိန်မြင့်ခြင်း၏ အကြောင်းရင်းများ:
ခန္ဓာကိုယ် ကရောဂါပိုးမွှားတွေကို တိုက်ဖျက်နေရခြင်းကြောင့် ကိုယ်ပူချိန်မြင့်တက်ခြင်းဖြစ်ပါသည်။ colds.
ကလေးများတွင် အပူချိန်မြင့်စေသော အရာများစွာရှိပါသည်။ ကလေးသဘာဝဖျားခြင်းကနေ ကြက်ညှာချောင်းဆိုး၊ အာသီးရောင်ခြင်း ကာကွယ်ဆေးထိုးခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။ chickenpox and tonsillitis, to vaccinations.
လက္ခဏာများ
ကလေးများတွင် သဘာဝအပူချိန်သည် ကလေးတိုင်းအလိုက် အနည်းငယ်ကွာခြားနိုင်ပါသည်။
အပူချိန်မြင့်မားခြင်းသည် ၃၈°C သို့မဟုတ် ၎င်းထက်ပိုမြင့်ပါသည်။
သင်၏ကလေးသည် အပူချိန်မြင့်မားပါက၊ သူတို့သည်:
- သူတို့၏နောက်ကျော သို့မဟုတ် ရင်ဘတ်ကိုစမ်းလိုက် လျှင် ပုံမှန်ထက် ပိုပူလာနိုင်သည်
- ချွေးစေးများထွက်ခြင်း
- နာမကျန်းဖြစ်ခြင်း
- တက်ခြင်း febrile seizure
အပူချိန်စစ်ဆေးခြင်း။
This page is for children, there is a separate page for high temperature (fever) in adults.
သင်၏ကလေး၏အပူချိန်ကိုတိုင်းတာရန် ဆေးဆိုင်များနှင့် စူပါမားကတ်များမှ ဝယ်နိုင်သော ဒီဂျစ်တယ်အပူချိန်တိုင်းစက်ကို အသုံးပြုပါ။
သင့် ကလေး၏အပူချိန်ကိုဘယ်လိုတိုင်းတာမလဲ
- အပူချိန်တိုင်းကိရိယာကို ကလေး၏ ဂျိုင်းအောမှာ ထည့်ပါ။
- အပူချိန်တိုင်းကိရိယာကို လက်မောင်းနှင့်ညှပ်ထားပြီး ကိုယ်ခန္ဓာဘက်နှင့် တစ်နေရာမှာ ထိစေပါ။
- ညွှန်ကြားချက်စာအုပ်အတွင်းတွင် ပြောထားသည့်အတိုင်း ထည့်ထားပါ။ အချို့ အပူချိန်တိုင်းကိရိယာများသည် တိုင်းတာပြီးသည့်အခါ အသံမြည်ပါသည်။
- အပူချိန်တိုင်းကိရိယာကိုဖယ်ရှားပါ။ မျက်နှာပြင်တွင် ကလေး၏ အပူချိန်ကို ပြသပါလိမ့်မည်။
ကလေးသည် ရေချိုးပြီးစ သို့မဟုတ် စောင်ဖြင့် ပတ် ထားပါက အပူချိန်သည် အနည်းငယ် မြင့်နေနိုင် ပါသည်။ ခဏစောင့်ပြီး ပြန်လည်တိုင်းတာပါ။
သင့် ကလေးကိုယ်ပူချိန် မြင့်သည့်အခါ ဘာလုပ်ရမလဲ
သင့် ကလေးကိုယ်ပူချိန် မြင့်သည့်အခါ အိမ်တွင် ပြစုကုသနိုင်ပါသည်။ ကိုယ်ပူချိန်သည် ၁ရက် မှ ၄ ရက်အတွင်း ကျနိုင်ပါသည်။
လုပ်ဆောင်ရန် :
- ကလေးကို ရေဓာတ်များစွာ ရှိရန် ကူညီပါ – သင့်ကလေးသည်နို့တိုက်အရွယ်ဖြစ်ပါက နို့ကို ဆက်လက်တိုက်ကျွေးပါ။
- ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများကိုသတိပြုပါ signs of dehydration
- သင့်ကလေး အစာစားလိုပါက ကျွေးပါ။
- ညဘက် အချိန်အပါအဝင်ပုံမှန်စောင့်ကြည့်ပါ။
- အိမ်တွင်သာထားပါ။
- နေထိုင်မကောင်းဖြစ်ပါက ပါရာစီတမော (သို့) အိုင်ဗျူပရိုဖင် ပေးနိုင်ပါသည်။ အညွှန်းကိုသေချာဖတ်ပြီး သင့်ကလေးနှင့် သင့် တော်မှသာတိုက်ပါ။ မသေချာပါက ဆရာဝန် , ဆေးဝါး ပညာရှင်ကိုမေးပါ။
- ကလေးအကြောင်း စိုးရိမ်နေပါက သို့မဟုတ် ပါရာဆီတမောလ် သို့မဟုတ် အိုင်ဘူပရိုဖင် သုံးစွဲပြီးလည်းသက်သာမှုမရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
ရှောင်ရန် :
- ကလေးကို ရေပတ်တိုက်ပေးခြင်း အဝတ်များချွတ် ပေးခြင်း မလုပ်ပါနှင့်ဖျားခြင်းသည် အတွင်းခန္ဓာကိုယ်က ရောဂါကို တိုက်ဖျက်ခြင်းဖြစ်ပြီး သဘာဝတုံ့ပြန်မှုတစ်ရပ်ဖြစ်ပါတယ်။
- ကလေးကို အလွန်များသော အဝတ်များ သို့မဟုတ် စောင်များနဲ့ မပတ်ထားပါနှင့်။
- ၁၆ နှစ် အောက်ကလေးများကို အက်စပရင် ဆေးမပေးပါနှင့်
- ပါရာဆီတမောလ်နှင့် အိုင် ဗျူပရိုဖန်ကို ဆရာဝန် သို့မဟုတ် သူနာပြုက မပြောမချင်း မပြောင်းပါနှင့်
- ၂ လအောက်ကလေးများကို ပါရာစီ တမောလ်မပေးပါနှင့်
- ၃ လအောက်ကလေးများ, ၅ kg ထက် နည်းသူ, ကြက်ညှာ ချောင်းဆိုးရှိသူ, ရေဓာတ် ခမ်းခြောက် သူကို အိုင်ဗျူပရိုဖန် မပေးပါနှင့်
- ရင်ကြပ် ရောဂါရှိသောကလေးများကို ဆရာဝန်က အကြံပြုမှုမရှိဘဲ အိုင်ဗျူပရိုဖန်မပေးပါနှင့်။ asthma .
ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။
အောက်ပါ အခြေအနေများဖြစ်ပါက အရေးပေါ် အကူအညီ ခေါ်ပါ:
- လည်ပင်းတောင့် တင်းခြင်း
- ယားနာစက်များဖြစ်ခြင်း
- အလင်းရောင်မခံနိုင်ခြင်း
- တက်ခြင်း (febrile seizure) ပထမဆုံးအကြိမ် ဖြစ်လျှင် တုန်ယင်ခြင်း မရပ်တော့ပါ။
- ခြေဖျားလက်ဖျားများအေးခြင်း
- နှုတ်ခမ်းအရောင် အရေပြား အရောင်များပြောင်းလာခြင်း
- အိပ်ငိုက်ခြင်း နှုိးရခက်ခြင်း
- အငိုမတိတ်ခြင်း ဂျီကျခြင်း
- အသက်ရှူရခက်ခြင်း အသက်ရှူ မြန်ခြင်း
- အစာမစားတော့ခြင်း အခြားအရာများကိုလည်း စိတ်ဝင်စားမှု မရှိတော့ခြင်း
သင့်ကလေးမှာ အောက်ပါအခြေအနေများရှိပါက အရေးပေါ် ဆေးပညာကို ခေါ်ယူပါ သို့မဟုတ် GP ကို ဆွေးနွေးပါ။:
- အသက် ၃ လမှ အောက်ရှိကလေးတစ်ယောက်သည် ၃၈°C သို့မဟုတ် အထက်အပေါ်အပေါ် အပူချိန်ရှိပါက သို့မဟုတ် သင့်ရဲ့ ကလေးမှာ အပူချိန်မြင့်နေပါက
- အသက် ၃ လမှ ၆ လအတွင်း ကလေးတစ်ယောက်သည် ၃၉°C သို့မဟုတ် အထက်အပေါ် အပူချိန်ရှိပါက သို့မဟုတ် သင့်ရဲ့ ကလေးမှာ အပူချိန်မြင့်နေပါက
- သင့်ကလေးမှာ အပူချိန်မြင့်နေပြီး အခြားသော ရောဂါလက္ခဏာများ၊ ဥပမာ အရေပြားယားနာဖြစ်နေခြင်း ပါပါက
- အပူချိန်မြင့်နေပြီး ၅ ရက်မှ အထက်ကြာမြင့်နေပါက
- အစာမစားနိုင်ပါက သို့မဟုတ် သင့်ရဲ့ ကလေးအခြေအနေကို စိုးရိမ်နေပါက
- သင့်ကလေးရေဓာတ်ခမ်းခြင်း dehydrated – ဆီးသွားနည်းခြင်း, ငိုလျှင် မျက်ရည်မထွက်တော့ခြင်း
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.