ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်း (Carbon Monoxide Poisoning)

First Aid +
ရှောင်ရန်အချက်များ
အကယ်၍ ကာဗွန်မိုနောက်ဆိုင့်ဂက်စ် ပစ္စည်းရှိခြင်းကို အတည်ပြုခြင်းမရှိသေးပါက၊ ပညာရှင်တစ်ဦး မှ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက်သာ ဝင်ရောက်ပါ

အကျဥ်းချုပ်

ကာဗွန်မိုနောက်ဆိုက်သည် အဆိပ်သင့် ဓာတ်ငွေ့တစ်ခုဖြစ်ပြီး သင့်ကို ထိခိုက်မှုအရှိဆုံး ရောဂါများ ဖြစ်စေနိုင်ပါသည်။ကာဗွန်မိုနောက်ဆိုက်ကို မီးလောင်ခြင်းများနှင့် ဂက်စ်၊ သစ်သား၊ ဆီ သို့မဟုတ် ကိုယ်လ်ကို ချက်ပြုတ်သည့် ပစ္စည်းများမှ ထွက်ပေါ်လာနိုင်သည် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ကို အသက်ရှူလျှင် အန္တရာယ်ရှိတတ်သည်

လက္ခဏာများ

ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့သည် အရောင်မရှိပါ၊ အနံ့ ရှိပါ၊ ထိုကြောင့် ၎င်းကို သင့်ပတ်ဝန်းကျင်၌ ရှိနေပါသလားဆိုသည်ကို မသိနိုင်ပါ

ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့် လက္ခဏာများတွင် 

  • ခေါင်းကိုက်ခြင်း
  • ခေါင်းမူးခြင်း
  • နေထိုင်မကောင်းဖြစ်ခြင်း 
  • အားနည်းခြင်း
  • ‌စိတ်ရှုပ်ထွေးခြင်း 
  • ရင်ဘတ်, ကြွက်သားများနာကျင်ခြင်း
  • အသက်ရှူမဝခြင်း

လက္ခဏာများသည် ဖြစ်လိုက်ပျောက်လိုက်ဖြစ်နိုင်ပါသည်။ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ရှိနေသောနေရာတွင် နေပါက ပိုဆိုးနိုင်ပြီး အပြင်အခြားနေရာ ဝေးရာသို့သွားပါက သက်သာသည်ကိုတွေ့နိုင်သည်။

ဖြစ်ပွားရသောအကြောင်းအရင်း

အချို့သော အိမ်တွင်းသုံး ပစ္စည်းများသည် ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ကို ထုတ်လုပ်နိုင်ပါသည်၊ ထိုပစ္စည်းများသည် သေချာမပြုလုပ်ထားပါက၊သို့မဟုတ် မတပ်ဆင် ထားပါက

ကာဗွန်မိုနောက်ဆိုက်ကို ဖြစ်စေသည့် ပစ္စည်းများတွင် :

  • ဂက်စ်ဘွိုင်လာများ
  • ဂက်စ်မီးဖိုများ, oven
  • ဂက်စ် သို့မဟုတ် ပဲရဖင်အပူပေးစက်များ
  • သစ်သား၊ ဂက်စ်နှင့်ကျောက် မီးသွေးား
  • လျှပ်စစ်ထုတ်ယူစက်များ (Portable generators)

အိမ်တွင်းမှာ ဘားဘီကျူးများ သို့မဟုတ် မီးဖိုများ သုံးခြင်း၊ သင့်ရုံးမော်တော်ကား သို့မဟုတ် မြက်ရိတ်စက်များကို ဖွင့်ခြင်းသည်လည်း ကာဗွန်မိုနောက်ဆိုက်စုစည်းမှုကို ဖြစ်စေပါသည်

အရေးပေါ်ပထမဆုံး ကူညီခြင်း

ကာဗွန်မိုနောက်ဆိုက် အဆိပ်ဓာတ်ငွေ့ရောဂါဖြစ်နိုင်သည်ဟု သင်ထင်ပါက :

  • ကာဗွန်မိုနောက်ဆိုက်ထုတ်လုပ်နိုင်သည့် ပစ္စည်းများ (ဘိုလီယာ၊ မီး သို့မဟုတ် အပူပေးစက်) ကို အသုံးပြုခြင်းကို ရပ်တန့်ပါ
  • အဆောက်အအုံထဲတွင်လေ သန့်စေရန်ပြတင်းပေါက်များနှင့် တံခါးများကို ဖွင့်ပါ
  • အပြင်သို့ထွက်ပါ
  • ဆေးဘက်ဆိုင်ရာအကူအညီ ကို အမြန်ဆုံး ရယူပါ - ဆေးဘက်ဆိုင်ရာ အကြံပြုချက်မရသည့်အထိ အဆောက်အအုံထဲပြန်သွားမထားပါနှင့်

ဆေးအကူအညီ ရယူရန်အချိန် 

အရေးပေါ်ဆေးဝါး ကူညီမှု (ဥပမာ၊ အရေးပေါ်ဌာန) ကို ခေါ်ယူပါ:

  • အသက်ရှူ ရခက်လာပါက 
  • ရုတ်တရက် စိတ်ရှုပ်ထွေးမတည်မငြိမ် ဖြစ် လာပါက 
  • တစ်ယောက်ယောက် သတိလစ်ပါက 
အရေးပေါ်ဌာနသို့ မောင်းနှင်မသွားပါနှင့် တစ်ဦးက မောင်းနှင်ပေးရန် သို့မဟုတ် အရေးပေါ်ကူညီမှုကို ခေါ်သုံးပါ

ဆေးဝါး ကူညီမှု ရယူပါ:

  • ကာဗွန်မိုနောက်ဆိုက် အဆိပ်ဓာတ်ငွေ့ရောဂါ ဖြစ်ပေါ်နေသည်ဟု သင်ထင်ပါက

ကုသမှု

ကာဗွန်မိုနောက်ဆိုက်အဆိပ်ဓာတ်ငွေ့ရောဂါ ရှိပါက ဆေးရုံတွင် စစ်ဆေးမှုများ လိုအပ်နိုင်ပါသည်အထူးသဖြင့် -

  • ကာဗွန်မိုနောက်ဆိုက် အဆိပ်ဓာတ်ငွေ့ရောဂါ အပြင်းအထန်အလက္ခဏာများ (ဥပမာ၊အသက်ရှူကြပ်ခြင်း သို့မဟုတ် သတိလစ်ခြင်း)
  • ကိုယ်ဝန်ရှိပါက
  • ကလေး သို့မဟုတ် အသက်ကြီးသူဖြစ်ပါက
  • သွေးအားနည်းခြင်း သို့မဟုတ် အဆုတ် နှလုံး, သွေးကြော နှင့် သက်ဆိုင်သော အခြေအနေများရှိပါက

ဆေးရုံတွင်ရှိစဉ် သင်၏ သွေးထဲရှိ ကာဗွန်မိုနောက်ဆိုက် အဆိပ်ဓာတ်ငွေ့အဆင့်ကို စစ်ဆေးရန် စမ်းသပ်မှုများပြုလုပ်မည်ဖြစ်ပြီးကာဗွန်မိုနောက်ဆိုက် များနေပါက အောက်စီဂျင် ပေးမည်ဖြစ်ပါသည်။ 

ကာကွယ်ရန်အချက်များ

ကာဗွန်မိုနောက်ဆိုက်အဆိပ်ဓာတ်ငွေ့ရောဂါကို ကာကွယ်ရန် လုပ်ဆောင်နိုင်သော အရာများ  :

လုပ်ရန်:

  • အိမ်တွင်းရှိ ဂက်စ်,ဆီ, မီးသွေး သစ်သား စသည်တို့ သုံးသော ပစ္စည်းများရှိသောနေရာတွင် ကာဗွန်မိုနောက်ဆိုက်သတိပေး alarm တပ်ဆင်ပါ။ 
  • ချက်ပြုတ်ရေး ကိရိယာများကို သေချာတပ်ဆင် ပြီး မကြာခဏ စစ်ဆေးပါ။ 
  • ဗွိုင်းလာကို ကျွမ်းကျင်သော အင်ဂျင်နီယာမှ စစ်ဆေးမှုရှိစေပါ။ 
  •  chimneys မီးခွက်များကို သန့်ရှင်းအောင်ထားပြီးပြီးပြည့်စုံအောင် ထိန်းသိမ်းပါ

မလုပ်ရန် :

  • အိမ်တွင်းတွင် အကင်စက်  သို့မဟုတ်မီးဖိုများကို မထားပါနှင့်
  • ယာဉ်များ သို့မဟုတ် အခြားစက်များကို ဂိုထောင်ထဲတွင် စက်မနှိုးထားခဲ့ပါနှင့်

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
11 January 2025

Start writing here...

ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)
First Aid +