ရှောင်ရန်အချက်များ
ကိုယ်ပူချိန်အလွန် အမင်းကျဆင်းခြင်းဖြစ်သည်ဟု ယူဆလျှင် ထိုကဲ့သို့သော ပူပြင်းသောရေချိုးခြင်း၊ ပူပြင်းသောရေဘူး သို့မဟုတ် အပူမီးများအသုံးပြုခြင်းမပြုပါနှင့်။
သင့်ကိုယ်တိုင် အရေးပေါ်ဌာနသို့ ကားမမောင်းသွားပါနှင့်။ အယ်ံဘူလန်စ်ခေါ်ရန် သို့မဟုတ် တစ်ယောက်ကို ကားမောင်းရန် မေးပါ။
အကျဥ်းချုပ်
ကိုယ်ပူချိန် အလွန်အမင်းကျဆင်းခြင်းသည် ကိုယ်အပူချိန် ၃၅°C ကျော်လွန်၍ ကျဆင်းခြင်းဖြစ်ပြီး (ပုံမှန်ကိုယ်အပူချိန်သည် ၃၇°C ခန့်ဖြစ်သည်) ဖြစ်ပါသည်။
၎င်းသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး ဆေးရုံတွင် ကုသရန် လိုအပ်ပါသည်။
လက္ခဏာများ
ကိုယ်ပူချိန် အလွန်အမင်းကျဆင်းခြင်း၏ လက္ခဏာများတွင်:
- ချမ်းတုန်ခြင်း
- အရေပြားဖြူဖျော့ အေးစက်ပြီး ခြောက်သွေ့ခြင်း - အရေပြားနှင့်နှုတ်ခမ်းများသည် အပြာရောင် သို့မဟုတ် မီးခိုးရောင် ဖြစ်နိုင်သည် (အနက်ရောင် သို့မဟုတ် အဖြူရောင် အရောင်ရှိသော အရေပြားများတွင် ဤအရောင်များကို လက်ဖဝါးများ သို့မဟုတ် ခြေဖဝါးတွင် ပိုမိုသိရှိရလွယ်ကူသည်)
- စကားမပီခြင်း
- အသက်ရှူနှေးခြင်း
- ပင်ပန်းခြင်း , စိတ်ဂယောက်ဂယက်ဖြစ်ခြင်း
ကိုယ်ပူချိန် အလွန်အမင်းကျဆင်းခြင်းရှိသော ကလေးတစ်ယောက်သည်:
- အေးစက်နေခြင်း
- ကွဲပြားသော ပျော့ပျောင်းမှုရှိသည်
- ပုံမှန် မဟုတ်ပဲ အိပ်နေခြင်း ငြိမ်သက်ေနေခြင်း အစာကျွေးမရခြင်း
အရေးပေါ်ရှေးဦးသူနာပြုနည်းး
ကိုယ်ပူချိန် အလွန်အမင်းကျဆင်းးခြင်းရှိသည်ဟု မျှော်လင့်ပါက၊ ဆေးဘက်ဆိုင်ရာ အကူအညီစောင့်နေစဉ် အောက်ပါအချက်များကို ပြုလုပ်နိုင်သည်
လိုက်နာရန် :
- သူ့ကို အမြန်ဆုံး အိမ်ထဲ သို့မဟုတ်နွေးသောနေရာတစ်ခုထဲသို့ ရွှေ့ပါ။
- စိုထိုင်းသော အဝတ်များကို ဖယ်ရှားပြီး၊ ဖျာ၊ အိပ်ရာအိတ် သို့မဟုတ် ခြောက်သွေ့သော သုတ်ပုဝါဖြင့် ဖုံးအုပ်ပေးပါ။ သူ့၏ ခေါင်းကိုလည်း အုပ်ထားရန် သတိထားပါ။
- သူ့အနေနဲ့ နိုး ကြားမှု ရှိပါက၊ အရက်မပါသော ပူနွေးတဲ့ အချိုရည်တစ်ခွက်နှင့် ချောကလက်လိုမျိုး အချိုပါသော အစားအစာများပေးပါ။
- အကူအညီရောက်လာသည့်အထိ သူ့ကို စကားပြောပြီး အိပ်မပျော်အောင် ထိန်းထားပါ။
- သင်သော်လည်းကောင်း၊ တစ်ဦးဦးသောလည်းကောင်း သူ့နှင့်အတူရှိနေစေပါ။
အကူအညီမဖြစ်စေနိုင်သည့်အရာများရှိသဖြင့် မလုပ်သင့်သောအရာများလည်းရှိပါသည်။
ရှောင်ရန်
- ပူနွေးစေရန် ပူပြင်းသော ရေချိုးခြင်း၊ ပူရေနွေးဗူး သုံးခြင်း သို့မဟုတ် အပူမီး မသုံးပါနှင့်
- သူ့၏ လက်မောင်း၊ ခြေအစိတ်အပိုင်းများ၊ ခြေထောက် သို့မဟုတ် လက်များကို မ ပွတ် ပေးပါနှင့်
- သူ့ကို အရက်မတိုက်ပါနှင့်
ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။
အကူအညီအရေးပေါ် ဆေးဘက်ဝင်အကူအညီ (ဥပမာ - အရေးပေါ်ဆေးရုံတင်ကား) ခေါ်ရန် လိုအပ်ပါ:
- သင်သို့မဟုတ် သင်၏ ကလေးတွင် အပူနည်းခြင်းရှိသည်ဟု သင်ထင်ပါက
အရေးပေါ်ဌာနသို့ ကိုယ်တိုင် ကားမမောင်းသွားပါနှင့်။ အခြားတစ်ယောက်အား ကားမောင်းပို့ခိုင်းခြင်း, အရေးပေါ်ကားခေါ်် ခြင်း ပြုလုပ်ပါ။
ကုသမှု
အကယ်၍ သင်တွင် အပူနည်းခြင်းရှိပါက၊ အများအားဖြင့် ဆေးရုံတွင် ဆေးကုသမှုခံရပါမည်။
သင့်နှလုံးခုန်နှုန်းကို ကြပ်မတ်၍ ကြည့်ရှုကြရမည်၊ အသက်ရှုယူရန် အောက်စီဂျင် ပေးပို့နိုင်ပါသည်။
ကိုယ်ခန္ဓာကို ပူနွေးစေရန် ရေနွေးများကိုသွေးကြောမှ တိုက်ရိုက် (vein) တွင် ထည့်ပေးနိုင်ပါသည်။
အလွန်ပြင်းထန်သော အပူနည်းခြင်း ရှိပါက အထူးကုသမှုအတွက် (intensive care) ရောက်ရန် လိုအပ်နိုင်ပါသည်။
ဖြစ်ပွားရသောအကြောင်းအရင်း
ကိုယ်ပူချိန်အလွန်အမင်းကျဆင်းခြင်းသည် အလွန်အေးပြီး သင့်ကိုယ်ခန္ဓာ အပူချိန် ၃၅°C အောက်ဆင်းပါက ဖြစ်ပေါ်သည်။
ကိုယ်ပူချိန်အလွန်အမင်းကျဆင်းခြင်းဖြစ်နိုင်သည့်အခါများမှာ:
- အေးသောရာသီတွင် အဝတ်လုံလောက်စွာ မဝတ်လျှင်
- အေးသည့်နေရာတွင် အချိန်ကြာမြင့်စွာနေခြင်း
- ရေအေးထဲ ကျခြင်း
- စိုစွတ်သော အဝတ်များဝတ်ပြီး အအေးပတ်ခြင်း
- အေးသောအိမ်တွင် နေထိုင်ခြင်း – အထူးသဖြင့် အသက်ကြီးသူများသည် ပိုမိုအန္တရာယ်ရှိပါသည်
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025
Start writing here...