ရှောင်ရန် အချက်များ
အရေးပေါ်အကူအညီ ခေါ်ရန်မနှောင့် နှေးပါနှင့်။တစ်စုံတစ်ယောက် နှလုံးရုတ်တရက် ထိခိုက်ခြင်း ဖြစ်နေသည်ဟု ယူဆပါက အမြန်ဆုံး အရေးပေါ် အကူအညီ ခေါ်ပါ။
အက်စ်ပရင် (Aspirin) မသောက်သင့်ကြောင်း သင်သိနေလျှင် (ဥပမာ- အသက် ၁၆ နှစ်အောက်ဖြစ်ခြင်း၊ ၎င်းကို မတည့်ခြင်း) ၎င်းတို့ကို အက်စ်ပရင် မပေးပါနှင့်။
အကျဥ်းချုပ်
လေဖြတ်ခြင်း ဆိုတာဘာလဲ
လေဖြတ်ခြင်း ဆိုသည်မှာ သင့်ဦးနှောက်၏ အချို့အပိုင်းသို့ သွေးစီးဆင်းမှု ရုတ်တရက်ပျက်ကွက်သွားခြင်းဖြစ်သည်။ ၎င်းသည် စကားပြောခြင်းနှင့် လှုပ်ရှားမှုကဲ့သို့သော အရာများကို သက်ရောက်စေနိုင်ပြီး ပြန်လည်သက်သာရန် ကြာနိုင်သည်။ လေဖြတ်ခြင်းသည် အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံတွင် အရေးပေါ် ဆေးဘက်ဆိုင်ရာ ကုသမှု လိုအပ်ပါသည်။
လက္ခဏာများ
လေဖြတ်ခြင်း၏ အဓိကလက္ခဏာများသည် ရုတ်တရက် ဖြစ်နိုင်ပြီး အောက်ပါအတိုင်း ဖြစ်နိုင်ပါသည် :
- မျက်နှာ ကြွက်သားများအားနည်းခြင်း –ပါးတစ်ခြမ်း ရွဲ့ခြင်း ပြုံးရန်ခက်ခဲခြင်း
- လက်မောင်း ကြွက်သားများအားနည်းခြင်း – လက်များကို အပြည့်အဝ မြှင့်တင်ပြီး ထိထားနိုင်ခြင်း မရှိနိုင်ပါ။
- စကားမပီခြင်း – စကာပြောရာတွင် မပီမသ ဖြစ်တတ်သည် သို့မဟုတ်ပုံမှန်ပြောဆို ခြင်း မရနိုင်ပါ။
ဤလက္ခဏာများကို မှတ်ဉာဏ်သိမြင်ရန် အဆင်ပြေဆုံးသော နည်းလမ်းမှာ "FAST" ဆိုသော စကားလုံးဖြင့် သတိပေးခြင်းဖြစ်ပါသည်။ ၎င်းတွင် ပါဝင်သော အဓိပ္ပာယ်များမှာ မျက်နှာ (Face) လက်များ (Arms) စကားပြော (Speech) အရေးပေါ်ဆေးရုံခေါ်ရန် အချိန် (Time to call an ambulance)
လေဖြတ်ခြင်း၏ အခြားလက္ခဏာများ
သင်သို့မဟုတ် တစ်စုံတစ်ယောက်သည် လေဖြတ်ခြင်း ဖြစ်နေကြောင်း ပြသနိုင်သော အခြားလက္ခဏာများရှိပါသည်။ ၎င်းတို့တွင် - :
- ကိုယ်ခန္ဓာတစ်ဖက်လုံးတွင် အားနည်းခြင်း သို့မဟုတ် ထုံ ခြင်း
- မျက်စိပျက်သွားခြင်း သို့မဟုတ် အမြင် တစ်ဖက် (သို့) နှစ်ဖက်လုံး ပျောက်ဆုံးခြင်း
- စကားပြောရခက်ခြင်း သို့မဟုတ် စကားလုံးများကို စဉ်းစားရခက်ခြင်း
- မှတ်ဉာဏ်ဆုံးရှုံးခြင်း
- မူးဝေခြင်း
- ပြင်းထန်သောခေါင်းကိုက်ခြင်း
- မူးဝေအော့အန်ခြင်းမအီမသာဖြစ်ခြင်း
လေဖြတ်ခြင်းရဲ့လက္ခဏာများကတစ်ခါတစ်ရံ အချိန်တိုအတွင်းပျောက် နိုင်ပြီး၊ ထိုအခါမှာ သင်အဆင်ပြေသည်ဟု တွေးမိနိုင်ပါသည်။ ဒီလိုဖြစ်ခဲ့လျှင်ပါလည်း၊ ချက်ချင်းဆေးပညာ ကူညီမှု ရရန်လိုအပ်ပါသည်။
လေဖြတ်ခြင်းသည် အသက်အရွယ်ကြီးလာပြီးနောက်ပိုင်းတွင် ပို၍ဖြစ်နိုင်သော်လည်း၊ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်။
အရေးပေါ်ရှေးဦးသူနာပြုနည်း
လေဖြတ်ခြင်းဖြစ်သူများကို ပြုစုပျိုးထောင်ရာတွင် FAST လမ်းညွှန်သည် အရေးကြီးအချက်ဖြစ်သည်။
သူတို့ကို ချက်ချင်းကုသခြင်းရရှိသောအချိန်တိုင်းမှာ အကျိုးရှိမည်ဖြစ်သည်။
အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီကို ချက်ချင်းခေါ်ပါ။
လူတစ်ဦးသည် လေဖြတ်သည်ဟု သံသယရှိပါက FAST လမ်းညွှန်ကို အသုံးပြုပါ။ :
- Face (မျက်နှာ) – မျက်နှာ၏ တစ်ဖက်ခြမ်း ရွဲ့ပြီး လူနာသည် ပြုံးနိုင်မည် မဟုတ်နိုင်ပါ၊ သို့မဟုတ် ပါးစပ် သို့မဟုတ် မျက်လုံးတစ်ဖက် အောက်သို့ စိုက်ကျ သွားနိုင်သည်။
- Arms(လက်မောင်းများ) –လေဖြတ်ခြင်း ဖြစ်နိုင်သူသည် ကိုယ်တစ်ဖက်ခြမ်း တုန်လှုပ်မှုမရှိခြင်း သို့မဟုတ် တင်းမာမှုများကြောင့် လက်နှစ်ဖက်ကို တူညီအမြင့်ထိ မတင်နိုင်၊ မထားနိုင် ဖြစ်နိုင်ပါသည်။
- Speech (စကားပြောခြင်း ) – သူတို့၏ စကားပြောသံ မကြည်လင်ဘဲ မမှန်မကန်ဖြစ်နိုင်သည်။ သို့မဟုတ် အသံမထွက်နိုင်ပဲ သတိရှိနေသော်လည်း စကားမပြောနိုင်ဖြစ်နိုင်သည်။
- Time (အချိန်)– အထက်ဖော်ပြပါ အချက်များက မည်သည့်အချက်အလက်မှ ပြသလျှင်ပင် 999 သို့ ချက်ချင်း ခေါ်ဆိုရန် လိုအပ်ပါသည်။
လေဖြတ်ခြင်း၏ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ မရှိတော့ပါက၎င်းသည် သေးငယ်သော လေဖြတ်ခြင်း (transient ischaemic attack - TIA) ဖြစ်နိုင်သောကြောင့် သင့်တော်သော အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီအတွက် ချက်ချင်အရေးပေါ် ယာဥ် (ambulance) ခေါ်ဆိုသင့်ပါသည်။
သင်ကိုယ်တိုင် မောင်းနှင်၍ ဆေးရုံ အရေးပေါ်ဌာနသို့ မသွားပါနှင့်။ အခြားသူတစ်ဦးအား မောင်းနှင်ပေးရန် မေတ္တာရပ်ခံပါ သို့မဟုတ် အရေးပေါ် (ambulance) ကို ခေါ်ဆိုပါ။ အရေးပေါ် ဆက်သွယ်မှု လုပ်ကိုင်သူသည် အကူအညီမလာမချင်း သင့်ပြုမူပုံကို ညွှန်ကြားပေးမည် ဖြစ်ပါသည်။
ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။
အောက်ပါအခြေအနေများရှိပါကအရေးပေါ်(ambulance) ကို ခေါ်ဆိုရန် သို့မဟုတ် အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီ (ဥပမာ- ဆေးရုံ အရေးပေါ်ဌာန) ကိုဆက်သွယ်ပါ:
- သင်သည် လေဖြတ်ခြင်းဖြစ်နေသည်ဟု သံသယရှိပါက၊ သို့မဟုတ် လေဖြတ်ခြင်း ဖြစ်ပြီးသားဖြစ်နိုင်ပါက
- လေဖြတ်ခြင်း၏ လက္ခဏာများကို နောက်ဆုံး 24 နာရီအတွင်း ခံစားရပြီးယခုအခါ ပျောက်သွားပြီဖြစ်သော်လည်း
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025
Start writing here...