အဆိပ်သင့်ခြင်း (Poisoning)

First Aid +
ရှောင်ရန်အချက်များ
အဆိပ်သင့်သည်ဟုသံသယရှိပါက လူနာကို အန်ထုတ်ခိုင်းခြင်း မပြုပါနှင့်။
ကျန်းမာရေးပညာရှင်က အကြံပြုသည်မှလွဲ၍ အစာနှင့် အရည်များ မတိုက်ပါနှင့်။

အကျဥ်းချုပ်

အဆိပ်သင့်ခြင်း ဆိုသည်မှာ လူတစ်ယောက်သည် သူ၏ ကျန်းမာရေးကို ထိခိုက်စေသော သို့မဟုတ် အသက်အန္တရာယ်ဖြစ် စေ သောပစ္စည်းတစ်ခုနှင့် ကြုံတွေ့ခြင်းဖြစ်ပါသည်။

အဆိပ်သင့်ခြင်း၏ အများဆုံး ဖြစ်ရပ်များသည် အိမ်တွင်းတွင် ဖြစ်ပေါ်ပြီး၊ အသက် ၅ နှစ် အောက် ကလေးများမှာ  အဆိပ်သင့်ခြင်းအန္တရာယ် အမြင့်ဆုံးရှိပါသည်။ မိဘများနှင့် စောင့်ရှောက်သူများသည် အသက်ငယ်ကလေးများတွင် ရုတ်တရက်ဖြစ်နိုင်သော အလျင်အမြန်ကျန်းမာရေးကျဆင်းမှုများကို သတိပြုရပါမည်၊ အထူးသဖြင့် သူတို့သည် မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်း

အဆိပ်သင့်ခြင်းသည် အသက်အန္တရာယ် ဖြစ်နိုင်ပါသည်။

အဆိပ်သင့်ခြင်း၏ အကြောင်းရင်းများတွင် အောက်ပါများ ပါဝင်သည်:

  • အဆိပ်ဖြစ်သော ပစ္စည်းတစ်ခုကို စားသောက်ခြင်း၊ ဥပမာ bleach (‌‌ချွတ်ဆေး) 
  • ‌ဆေးဝါး များကို သတ်မှတ်ထားသော ပမာဏထက် ပို၍ သောက်ခြင်း
  • တောရိုင်းပင်များ အဆိပ်သင့်မှိုများစသော အစားအစာများကို စားခြင်း

အရက်အဆိပ်သင့်ခြင်းသည် ဆင်တူသော လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါသည်။

အဆိပ်သင့်ခြင်း၏ လက္ခဏာများသည် ပစ္စည်း၏ အမျိုးအစားနှင့် သောက်သုံးသော ပမာဏအပေါ် မူတည်သည်။

အချို့သော အဆိပ်သင့် စေ သော ပစ္စည်းများ၊ ဥပမာ ကာဘွန်မိုနောက်ဆိုက်carbon monoxide)များသည် သွေး၏ အောက်ဆီဂျင် ပို့ဆောင်နိုင်မှုကို လျော့ပါးစေပါသည်။ အခြားပစ္စည်းများ၊ ဥပမာ bleach ကဲ့သို့များသည် အစာအိမ်နှင့် အူလမ်းကြောင်းကို ထိခိုက်စေ ပါသည်။

အဆိပ်သင့်စေ သော  ပစ္စည်းတစ်ခုကို စားသောက်ခဲ့ပါက လူတစ်ဦးအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်း ထင်ရှားပါက၊ ဆေးဘက်ဆိုင်ရာ အကြံဉာဏ် ခံယူရန်နှင့် အမြန်ဆုံး ဆေးရုံကားခေါ်ရန် လိုအပ်ပါသည်။

လက္ခဏာများ

အဆိပ်သင့်ခြင်း၏ အကျိုးသက်ရောက်မှုများသည် စားသောက်သော ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီး၊ အော့ အန်ခြင်း  သတိလစ် ခြင်း၊ နာကျင်ခြင်း သို့မဟုတ် လောင်ခြင်းတို့ ပါဝင်နိုင်ပါသည်။ 

အဆိပ်သင့်ခြင်း၏  လက္ခဏာများတွင် အောက်ပါများ ပါဝင်နိုင်သည်:

  • မအီမသာဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • ဗိုက်အောင့်ခြင်း
  • မူးဝေခြင်း, အားနည်းခြင်း 
  • အဖျားတက်ခြင်း
  • ချမ်းတုန်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ခေါင်းကိုက်ခြင်း
  • စိတ်မကြည်ခြင်း
  • မျိုရခက်ခြင်း
  • အသက်ရှူ ရခက်ခြင်း
  • တံတွေး ထွက်လွန်းခြင်း
  • ယားယံခြင်း 
  • နှုတ်ခမ်းနှင့် အရေပြားများပြာနှမ်းခြင်း 
  • နှာခေါင်းနှင့် ပါးစပ်တစ်ဝိုက်လောင်ခြင်း 
  • အမြင်နှစ်ထပ်ဖြစ်ခြင်း အမြင်ဝေဝါးခြင်း
  • စိတ်ရှုပ်ထွေးခြင်း 
  • တက်ခြင်း 
  • သတိမေ့ခြင်း
  • ကိုမာဝင်ခြင်း ( အလွန်ဆိုးဝါးလျှင်) 

အရေးပေါ်ရှေးဦးသူနာပြုနည်း

အောက်ပါ အကြံဉာဏ်များသည် အရေးပါသည်:

  • ဘာကို စားသောက်ခဲ့ကြောင်း ရှာဖွေထုတ်ပါ၊ ဒါမှပဲ ဆရာဝန်ကို ပြောပြနိုင်ပါမည်။
  • ဆရာဝန်မှ အကြံမပြု မချင်း စားသောက်ရန် သို့မဟုတ် အရည်သောက်ရန် မပြုလုပ်ပါနှင့်။
  • အန် မိစေဖို့ မကြိုးစားပါနှင့်
  • လူနာနှင့်အတူရှိပါ၊ သူတို့၏ အခြေအနေသည် ပိုဆိုးလာနိုင်ပြီး၊ သတိ လစ် နိုင်ပါ သည်။

သတိရှိနေသည့် လူတစ်ဦးကို ကူညီပေးရန်

အကယ်၍ လူတစ်ဦးသည်အဆိပ်သင့်ခြင်းခံခဲ့ရပြီး၊ သတိရှိနေပါက၊ သူကို ထိုင်နေစေပြီး၊ ဆေးဘက်ဆိုင်ရာ အကူအညီရောက်သည်အထိ သူနှင့်အတူရှိပါ။

အကယ်၍ သူတို့သည် ပစ္စည်းတစ်ခုကို စားသောက်၍ အဆိပ်သင့်ခဲ့ပါက၊ ပါးစပ်ထဲ မှ ထွေးထွက်စေဖို့ ကြိုးစားပါ ။

အန္တရာယ်ရှိသော ပစ္စည်းတစ်ခုသည် သူတို့၏ အရေပြား သို့မဟုတ် အဝတ်အစားပေါ်  ဖိတ် စင် ခဲ့ပါက ပစ္စည်းများကို ဖယ်ရှားပြီး၊ ထိခိုက်သော နေရာကို ရေဖြင့်သေချာဆေးပါ။ သင့်ကိုယ်ကို အဆိပ်မထိစေရန် သတိထားပါ။

အကယ်၍ လူနာသည် သတိရှိပြီး အသက်ရှူခြင်းပုံမှန်ဖြစ်နေပါက ဘေးတစောင်းအနေအထားလှဲ ပြီးrecovery position အသက် ပုံ မှန်ရှူမရှူ ဆက်တိုက်စစ်ဆေးနေပါ။ 

သတိမရှိသော လူတစ်ဦးကို ကူညီပေးရန်

အကယ်၍ လူတစ်ဦးသည် အဆိပ်သင့်၍ သတိမရှိနေကြောင်း ထင်ရှားပါက၊ သူတို့ကို နှိုးရန် ကြိုးစားပြီး  ပါးစပ်ထဲတွင် ကျန်ရှိသော အရာများကို ထွေးထုတ်စေပါ။  သင့် လက်ကို ပါးစပ်ထဲ ထည့်ပြီးထုတ်ပေးတာများမလုပ်ပါနှင့် ။ 

ဆေးဘက်ဆိုင်ရာ အကူအညီရောက်မယ့်အထိလူနာကို ဘေးတစောင်း နေထားပြီး ခြေထောက်ကို ရှေ့ဘက်သို့ အနည်းငယ်စွဲထားပါ။ နောက်သို့ ပြန်လန်မကျအောင် မျက်နှာဘက် သို့ ယိုင်မကျအောင်ဖြစ်သည်။ ဤ အနေအထားကိုrecovery positionဟုခေါ်ပါသည်။

သူတို့၏ ပါးစပ်မှ အန်ထားသည်များကိုဖယ်ရှားပေးပြီး ခေါင်းကို အောက်သို့ ငုံ့ ထားပါ။   စားစရာ သောက်စရာများကိုမပေးပါနှင့် ။

အသက်မရှူ ပဲ နှလုံးရပ်သွားလျှင်  CPR (cardiopulmonary resuscitation) စတင်လုပ်ပါ။ if you know how to.

ပါးစပ်နှင့်တေ့ပြီး လေမှုတ် ထုတ်ခြင်းမလုပ်ပါနှင့်။ အဆိပ်များ ဝင်သွားနိုင်သည်။ 

သတိလစ်နေပါက မထားခဲ့ပါနှင့်  , အန်သည့် အခါ အဆုတ်ထဲ သို့ ရောက်နိုင်ပြီး အသက်ရှူကြပ်နိုင်ခြင်းကြောင့် ဖြစ်သည်။ 

သူတို့သည် သဘာဝအတိုင်းအန်ခဲ့ပါ က တစ်ချို့ကို စုပြီး ဆေးရုံအဖွဲ့အတွက် ပေးပို့ပါ၊ ၎င်းသည် အဆိပ်သင့်ခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေရန် ကူညီနိုင်ပါသည်။

ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။

အဆိပ်သင့်ခြင်းသည် အသက်အန္တရာယ် ဖြစ်နိုင်ပါသည်။ အကယ်၍ လူတစ်ဦးသည် အဆိပ်သင့်ခဲ့ပါက၊ ကိုယ်တိုင် ကုသရန် ကြိုးစားမထားပါနှင့် – ဆေးဘက်ဆိုင်ရာ အကူအညီကို အမြန်ဆုံး ရယူပါ။

အကယ်၍ လူတစ်ဦးသည် အဆိပ်သင့်ခြင်း၏ ပြင်းထန်သောလက္ခဏာများပြပါက, လက္ခဏာများမှာ

  • နေမကောင်းဖြစ်ခြင်း
  • မူးဝေခြင်း
  • ရင်တုန်ခြင်း
  • အသက်ရှူ ရခက်ခြင်း
  • စိတ်ဂယောက်ဂယက်ဖြစ်ခြင်း
  • တက်ခြင်း 
  • အိပ်ငိုက်ခြင်း သတိလစ်ခြင်း

လက္ခဏာများ မပြင်း ပါကလည်း ဆေးဘက်ဆိုင်ရာ အကြံဉာဏ် ရယူရန် လိုအပ်ပါသည်။ :

  • အကယ်၍ လူတစ်ဦးသည် အဆိပ်သင့်ခဲ့ပြီး၊ အရေးကြီးသော ကျန်းမာရေး ပြဿနာများ မပြသလျှင်လည်း၊ ဆရာဝန်နှင့် ပြသ ရန် လိုအပ်ပါသည်။

ကုသမှု

အဆိပ်သင့်သော ပစ္စည်းတစ်ခုကို စားသောက်ခဲ့သူများ သို့မဟုတ် ဆေးဝါးအလွန်များသောက်ခဲ့သူများကို ဆေးရုံတွင် စစ်ဆေးခြင်းနှင့် ကုသမှုများရယူရန်လိုအပ် ပါသည်။

အဆိပ်သင့်ခြင်းကို ကုသရန် အသုံးပြုနိုင်သော ကုသမှုများမှာ:

  • activated charcoal – သွေးထဲမှ အဆိပ်များကို သန့်စင်ပေးပါသည်။ 
  • antidotes – အဆိပ်ဖြေဆေး
  • sedatives – စိတ်ဂယောက် ဂယက်ဖြစ်ပါက ပေးနိုင်ပါသည်။ 
  • a ventilator (breathing machine) – အသက်ရှူ ရပ်သွားပါက အသက်ရှူ စက်တပ်နိုင်ပါသည်။ 
  • anti-epileptic medicine – တက်ပါက အတက်ရောဂါနှင့် ပက်သက်သော ဆေးများပေးနိုင်သည်။ 

စစ်ဆေးမှုများနှင့် သုတေသနများ

အဆိပ်သင့်ခြင်းကို သေချာစစ်ဆေးရန် သွေးစမ်းသပ်မှုများ နှင့် နှလုံးဓာတ်မှန်စစ်ဆေးမှု (ECG) တို့ကို ပြုလုပ်နိုင်ပါသည်။

သွေးစမ်းသပ်မှုသည် သွေးထဲရှိ ဓာတုပစ္စည်းနှင့် သကြားအဆင့်များကို စစ်ဆေးရန် အသုံးပြုနိုင်ပါသည်။၎င်းကို အဆိပ်ဗေဒစစ်ဆေးမှု (toxicology screen) ပြုလုပ်ရန် အသုံးပြုနိုင်ပြီး၊ လူတစ်ဦးသည် ဘယ်နှစ်မျိုးသော ဆေးဝါးများ သို့မဟုတ် ဘယ်လောက်သော ဆေးပမာဏ သောက်မိခဲ့သည်ကို ဖော်ထုတ်နိုင်ပါသည်။ ထို့အပြင် အသည်းလုပ်ဆောင်မှုစမ်းသပ်မှု (liver function test) ကိုလည်း ပြုလုပ်နိုင်ပြီး၊ အသည်းထိခိုက်မှု အဆင့်အတန်းကို ပြသပေးနိုင်ပါသည်။

ကာကွယ်ရန်အချက်များ

ဆေးဝါးကြောင့်အဆိပ်သင့်မှုကို လျှော့ချရန်:

  • သင်၏ ဆေးဝါးနှင့် တွဲလာသည့် လူနာသတင်းအချက်အလက်စာရွက် ကို သေချာဖတ်ရှုပြီး အကြံပြုထားသော ပမာဏအတိုင်းသာ သောက်ပါ။
  • မည်သည့်အချက်အလက်ကိုမျှ မသေချာပါက သို့မဟုတ် ထပ်မံမေးမြန်းလိုပါကဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင် (pharmacist) ကို အကြံဉာဏ်တောင်းခံပါ။
  • အချို့သော ဆေးများကို အရက်နှင့် သို့မဟုတ် အစားအစာအချို့နှင့် မသောက်သင့်ပါ – သင်သောက်သုံးမည့် ဆေးသည် ယင်းလိုဖြစ်နိုင်ခြင်းရှိမရှိ စစ်ဆေးပါ။
  • တခြားသော ဆေးများ နှင့် တွဲဖက်သောက်မည်ဆိုပါက မမျှော်လင့်ထားသောဓာတ်ပြုမှု များ ဖြစ်နိုင်သည် – အမျိုးမျိုးသော ဆေးများကို တွဲဖက်သောက်မီ စစ်ဆေးပါ။
  • တစ်ခြားသူအတွက်ပေးထားသော ဆေးကို မသောက်သင့်ပါ – ၎င်းသည် သင့်ခန္ဓာကိုယ်အတွက် မသင့်လျော်နိုင်ပါ။
  • ဆေးဝါးအားလုံးကို ကလေးများ လက်လှမ်းမမီနိုင်သော နေရာတွင် ထားပါ။

ကလေးများကို အန္တရာယ်မှကာကွယ်ခြင်း

5 နှစ်အောက်ကလေးများတွင် အဆိပ်သင့်မှုဖြစ်နိုင်ခြေ မြင့်မားသည်။ ၎င်းကို လျှော့ချရန်အတွက်:

  • ဆေးဝါးများ၊ သန့်စင်ဆေးများ၊ ဓာတုပစ္စည်းများ နှင့် အန္တရာယ်ရှိနိုင်သော အလှကုန်ပစ္စည်းများ (ဥပမာ- လက်သည်းထည်ဆိုးဆေး) ကို ကလေးများ မမြင်နိုင်၊ မယူနိုင်သော နေရာတွင် သော့ခတ်၍ သိမ်းဆည်းပါ။
  • ဆေးဝါးများ၊ သန့်စင်ဆေးများ နှင့် ဓာတုပစ္စည်းများကို အစားအသောက်နီးနီးတွင် မသိမ်းဆည်းပါနှင့်။
  • ဓာတုပစ္စည်းများကို မူရင်းအထုပ်တွင်ပင် သိမ်းဆည်းပါ – ဆေးဝါးများ သို့မဟုတ် ဓာတုပစ္စည်းများကို သောက်စရာပုလင်းများထဲ မထည့်ပါနဲ့။
  • ကလေးများကို ဆေးသောက်စေသောအခါ ဆေးပြားများကို သကြားလုံးများ အဖြစ် မဖော်ပြပါနှင့် –
  • သက်တမ်းကုန်သော (သို့) မသုံးလိုတော့သော ဆေးများကို အလွတ်မထားပါနှင့် – မီးဖိုချောင် သို့မဟုတ် အိမ်တွင်းတွင် မထားဘဲ လုံခြုံစွာ စွန့်ပစ်ပါ။
  • ဆေးလိပ်၊  vaping ပစ္စည်းများ နှင့် (tobacco) မည်သည့်ပုံစံမျိုးဖြစ်စေ ကလေးများ မယူနိုင်သောနေရာတွင် သိမ်းဆည်းပါ။ ကလေးများရှေ့တွင် ဆေးလိပ် မသောက်ပါနှင့်
  • button batteries များကို ကလေးများနှင့် ‌ဝေးရာတွင်ထားပါ။
  • အချို့သော အပင်များသည် ကလေးများအတွက် အန္တရာယ်ရှိနိုင်ပါသည်၊ ၎င်းကြောင့် ကလေးများကို သင်၏ပန်းခြံ သို့မဟုတ် ပန်းများကြားရှိနေရာများတွင် ာ ဂရုတစိုက် ကြည့်ရှုပါ။  
  • Tide Pods (ဆပ်ပြာ ပါသော capsule တောင့်များ) သည် အန္တရာယ်ရှိပြီး အလွယ်တကူ စားလို့ရနိုင်ပါသည်။ ၎င်းကြောင့် ကလေးများမရောက်နိုင်သော အမြင့်ပြင် ပေါ်တွင် သို့မဟုတ် အခြားတပ်ဆင်ထားသောနေရာတွင် ထားပါ။
  • ကလေးများမဖွင့်နိုင်သော ဘူးတွင် ‌ဆေးများကိုသိမ်းဆည်းပါ။
  • ဆေးဝါး သို့မဟုတ် အလှကုန်ပစ္စည်းများထုပ်ပိုးသည့် ဘူးများကို သန့်စင်ပြီး ကလေးများ မရောက်နိုင်သောနေရာတွင်  ထုတ်ပစ်ပါ။
  • ဆေးပမာဏမှားယွင်းပြီး မသောက်မိစေရန် အမှောင်ထဲ တွင် ဆေးသောက်ခြင်းများမလုပ်ပါနှင့်။

ကလေးများရှိပါက ဧည့်သည်များ လာရောက်သောအခါ သတိထားပါ။အခြား သူများအိမ်သို့ သွားလျှင်လည်း သတိပြုပါ။ သူတို့၏အိမ်တွင် ကလေးများအတွက် လုံခြုံမှု မရှိနိုင်ပါ။ ပစ္စည်းအမျိုးမျိုး၊ ကလေးများသက်ရောက်နိုင်သော အရာများ ကိုကာကွယ်ထားရမည်။

သင်၏ကလေးများကို အချိန်တိုင်း သတိထားကြည့်ရှုပါ။ ဧည့်သည်များကို သတိပေးပြီး၊ အရက်နှင့် ဆေးလိပ်များကဲ့သို့သော အရာများကို ကလေးများမရောက်နိုင်သောနေရာတွင် ထားရှိရန် တောင်းဆိုပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025

Start writing here...

အပ်စူးခံရခြင်း  (Needlestick Injuries)
First Aid +