Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်
သွေးဖိအား စစ်ဆေးခြင်းသည် သင့်သွေးဖိအားမှာ ကျန်းမာသလား၊ မြင့်မားသလား သို့မဟုတ် နိမ့်ကျနေသလား ဆိုသည်ကို စစ်ဆေးရန်အတွက် အသုံးပြုသည်။
သွေးဖိအားဆိုသည်မှာ သွေးများသင့်ခန္ဓာကိုယ်အတွင်း စီးဆင်းနေစဉ် သွေးကြောများ၏ ဘေးနံရံများကို တွန်းအားပေးသည့် အားကို ဆိုလိုသည်။
သွေးဖိအားနိမ့်ခြင်း (Hypotension) သည် များသောအားဖြင့် ပြသနာမဖြစ်သော်လည်း လူအချို့တွင် မူးဝေမှုနှင့် သတိလစ်မှုများ ဖြစ်စေနိုင်သည်။.
High blood pressure (hypertension) သွေးဖိအားမြင့်ခြင်း (Hypertension) ကို မကုသလျှင် နှလုံးရောဂါများနှင့် ေလဖြတ်ခြင်း (stroke) ကဲ့သို့ ပြင်းထန်သည့် ပြဿနာများ ဖြစ်နိုင်ခြင်း အန္တရာယ်ကို တိုးစေနိုင်သည်။
ဘာကြောင့် သွေးဖိအား စစ်ဆေးမှု လိုအပ်သလဲ?
သွေးဖိအားကို တစ်ဦးတစ်ယောက်၏ ကျန်းမာရေးအခြေအနေကို သိရှိရန် အလွယ်ဆုံးနည်းလမ်းဖြစ်သည်။ သင့်အသက်ကိုပါ ကယ်တင်နိုင်စေနိုင်သောအတွက် မဖြစ်မနေ စစ်ဆေးသင့်ပါသည်။
သင့်သွေးဖိအားအကြောင်း စိုးရိမ်မိပါက မည်သည့်အချိန်တွင်မဆို စစ်ဆေးနိုင်ပါသည်။
သင့်တွင် သွေးဖိအားမြင့်ခြင်း (Hypertension) သို့မဟုတ် သွေးဖိအားနိမ့်ခြင်း (Hypotension) ရှိနေပြီးသား၊ သို့မဟုတ် ထိုရောဂါများ ဖြစ်နိုင်ခြေ မြင့်မားနေပါက၊ သွေးဖိအားကို မကြာခဏ စစ်ဆေးရန် လိုအပ်နိုင်ပါသည်။
သွေးဖိအား စစ်ဆေးနိုင်သော နေရာများတွင်:
- ဆေးခန်းများ
- သင့်ရဲ့ ဒေသခံ GP ဆေးခန်း စသည့်နေရာများ ပါဝင်ပါသည်။
ဘယ်လို အလုပ်လုပ်သလဲ
သွေးဖိအားကို မည်သို့ တိုင်းတာသနည်း?
သွေးဖိအားကို မီလီမီတာမက်ကျူရီ (mmHg) ဖြင့် တိုင်းတာပြီး၊ ဂဏန်း၂ ခုဖြင့်ဖော်ပြသည်—:
- systolic pressure – (အပေါ်သွေး) – နှလုံးသည် သွေးကို ကိုယ်တစ်ခုလုံးသို့ပို့သည့်အခါ တိုင်းတာသောဖိအား
- diastolic pressure – (အောက်သွေး)နှလုံးသည် တစ်ခုချင်းစီခုန်ပြီးနားသည့်အခါ တိုင်းတာသောဖိအား
Systolic (အပေါ်သွေး) သည် အမြင့်ဆုံးဖြစ်ပြီး အစဉ်အမြဲ ပထမဆုံး ဖော်ပြသည်။ ဥပမာ— "၁၂၀ အပေါ် ၈၀" (120/80 mmHg) ဟုဆိုပါက Systolic Pressure = 120 mmHg Diastolic Pressure = 80 mmHg
သွေးဖိအားတိုင်းတာမှုတွင် ဘာများဖြစ်နိုင်သလဲ?
သွေးဖိအားတိုင်းတာခြင်းတွင် သွေးဖိအားတိုင်းကိရိယာ (Blood Pressure Monitor) အသုံးပြုသည်။ သွေးဖိအားတိုင်းကိရိယာအမျိုးမျိုးရှိသော်လည်း၊ အများအားဖြင့် လက်မောင်းပတ် (Arm Cuff) တပ်ဆင်ထားသည်။
လက်ပတ်ကို များသောအားဖြင့် သင့်လက်မောင်းအပေါ်ပိုင်းတွင် ပတ်ထားပြီး လေများဖြည့်သွင်းကာ တင်းကျပ်သွားသည်အထိ လုပ်ဆောင်ပါတယ်။ ဒါဟာ မသက်မသာ ဖြစ်စေနိုင်ပေမယ့် စက္ကန့်ပိုင်းလောက်သာ ကြာပါတယ်။
သွေးဖိအားတိုင်းရာတွင်၊ မှန်ကန်သော ရလဒ်တစ်ခုရရှိစေရန်၊ ဖြေလျှော့ပြီး အေးဆေးနေရန်၊ စကား မပြောရ န် လိုအပ်ပါသည်။
ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းက တိုင်းတာပေးပါက၊ Stethoscope (နားကြပ်) ကို အသုံးပြု၍ သွေးဖိအားတန်ဖိုးကို နားထောင်တိုင်းတာနိုင်သည်။
အလိုအလျှောက်တိုင်းတာနိုင်သည့်ကိရိယာများ (Automatic Devices) လက်မောင်းပတ်တွင် တပ်ဆင်ထားသည့် အာရုံခံကိရိယာများမှ (Sensors) တိုင်းတာမှုတန်ဖိုးများကို အလိုအလျောက်ယူ၍ မျက်နှာပြင် (Digital Display) တွင် ပြသမည်။
ရလဒ်ကို ချက်ချင်းရရှိနိုင်မည်။
သွေးဖိအားတိုင်းတာပြီးနောက်
သင့်သွေးဖိအားကို နားလည်ခြင်း
သွေးဖိအားတိုင်းတာရလဒ်က သင့်သွေးဖိအား ကျန်းမာမှုအခြေအနေကို ဖော်ပြနိုင်သည်။
ယေဘုယျအားဖြင့် :
- normal blood pressure ပုံမှန်သွေးဖိအား → 90/60mmHg မှ 120/80mmHg(အိမ်တွင်တိုင်းတာသော်လည်းကောင်း၊ ဆေးခန်းတွင်တိုင်းတာသော်လည်းကောင်း)
- high blood pressure သွေးဖိအားမြင့်ခြင်း (Hypertension) → အိမ်တွင်တိုင်းတာသောရလဒ် - 135/85mmHg သို့မဟုတ် အထက်, ဆေးခန်းတွင်တိုင်းတာသောရလဒ် - 140/90mmHg သို့မဟုတ် အထက်
- low blood pressureသွေးဖိအားကျခြင်း (Hypotension) → 89/59mmHg သို့မဟုတ် ပိုနည်းခြင်း
သင့်ရဲ့သွေးဖိအား reading 120/80mmHg နှင့် 140/90mmHg ကြားရှိပါက၊ အနာဂတ်တွင် သွေတိုး ဖြစ်ပွားနိုင်သောအန္တရာယ်ရှိသည်။ သွေးဖိအားမြင့်ခြင်းကို ကာကွယ်ရန်အတွက် သင်လုပ်နိုင်သော အရာများရှိပါသည်။high blood pressure.
အိမ်တွင်း စမ်းသပ်ခြင်း
သင့်ရဲ့ GP က သင့်တွင် သွေးဖိအားမြင့်ခြင်း (hypertension) ရှိနိုင်သည်ဟု ထင်မြင်ပါက 24 နာရီ သို့မဟုတ် ambulatory blood pressure monitoring (ABPM) ကိုအကြံပေးနိုင်သည်။
ABPM သည် သင့်ရဲ့သွေးဖိအားကို 24 နာရီအတွင်း ပုံမှန်စမ်းသပ်ပြီး၊ မိမိ၏လက်ကောတွင် ဝတ်ဆင်ထားသော စက်တစ်ခုနှင့် အတူ ကပ်ဖ်ကို အသုံးပြုသည်။
ဒီအချိန်အတွင်း သင်၏နေ့စဉ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။
သင့်အိမ်တွင်းတွင် သွေးဖိအားကို ပုံမှန်စစ်ဆေးလိုပါက၊ စက်တစ်လုံး ဝယ်ယူနိုင်ပါသည်။
အိမ်တွင်း သွေးပေါင် ချိန် တိုင်းတာ စက်များ
သင့်အိမ်တွင်း သွေးဖိအားကို ပုံမှန်စစ်ဆေးလိုပါက၊ ဒစ်ဂျစ်တယ် သွေးဖိအားစက်တစ်လုံး ဝယ်ယူနိုင်ပါသည်။
သင့်ရဲ့ သွေးဖိအားကို လက်မောင်းပေါ် တွင် တိုင်းတာရသော စက်ကို ရွေးပါ။ လက်ကောက်ဝတ် , လက် ညှိုးတို့တွင် တိုင်းတာသောစက်ကိုမ ရွေးပါနှင့်။
ဒီလိုလုပ်နေရပြီး၊ GP ကို သတင်းပို့ပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
13 January 2025
Start writing here...