Breast Screening | Mammogram

Medical Tests & Diagnostics Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ရင်သားစစ်ဆေးမှုသည် X-ray များကို အသုံးပြု၍ အလွန်သေးငယ်သော ကင်ဆာများကို ရှာဖွေသည်။ ၎င်းကို "မမ်မိုဂရမ်" ဟုခေါ်ပြီး၊ မမြင်နိုင်သော်လည်း မခံစားနိုင်သော ကင်ဆာများကို ရှာဖွေရန်အတွက် အသုံးပြုပါသည်။

ဤစစ်ဆေးမှုကိုဘာကြောင့် ပြုလုပ်ရသလဲ

ဘယ်သူများသည် ရင်သားကင်ဆာ ရှိနိုင်ပါသလဲ

မည်သူမဆို ရင်သားကင်ဆာဖြစ်နိုင်သည်။ အမျိုးသမီး , အမျိုးသား, လိင်ပြောင်းထားသူ အားလုံးတွင် ဖြစ်နိုင်ပါသည်။ 

UK လို နိုင်ငံကြီးများတွင်လည်း အဖြစ်များဆုံးထဲပါသော ကင်ဆာအမျိုးအစားတစ်ခုဖြစ်ပါသည်။

အသက်ကြီးလာတာနဲ့ အမျှ ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများလာပါသည်.  အသက် ၅၀ ကျော် အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်သည်ကိုပို တွေ့ ရပါသည်။ 


ရင်သားကင်ဆာ ရနိုင်ပိုများသောသူများ

တစ်ချို့သောလူများသည် ရင်သားကင်ဆာ ရနိုင်ပိုများလေ့ရှိပါသည်။ ၎င်းကို အချို့အခြေအနေများတွင် moderate risk သို့မဟုတ် high risk ဟုခေါ်ဆိုပါသည်။

အောက်ပါအချက်များရှိပါက၊ သင်မှာ ရင်သားကင်ဆာ ရနိုင်ခြေ ပိုများလေ့ရှိသည်ဆိုနိုင်ပါသည်:

  • ရင်သားကင်ဆာ /သို့မဟုတ် သားဥအိမ် ကင်ဆာ သို့မဟုတ် နှစ်ခုလုံးရှိသော မိသားစုဝင်များစွာရှိပါက
  • BRCA1, BRCA2 သို့မဟုတ် TP53 စတဲ့ ဂျင်းပြောင်းလဲမှုများ (mutation) တွေရှိပြီး ရင်သားကင်ဆာ ရနိုင်ခြေ ပိုများသည်
Speak to a GP if you think you might have a higher chance of getting breast cancer.

ရင်သားကင်ဆာ စစ်ဆေးခြင်းအကျိုး

ပုံမှန်ရင်သားကင်ဆာ စစ်ဆေးခြင်းသည်သေးငယ်သော အရွယ်ရှိသော ရင်သားကင်ဆာကို ရှာဖွေရန် အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုဖြစ်ပါသည်။

ကင်ဆာကို အစောပိုင်းတွင် တွေ့ရှိခြင်းသည်:

  • ကုသမှုအောင်မြင်မှု ပိုမြင့်တယ်။
  • ရင်သားတစ်ဖက်ကိုတ်ရမယ့် အလားအလာ နည်းပါးတယ်။
  • ကုသမှုက အောင်မြင်နိုင်မှု ပိုများတယ်။

သင့်ရင်သားအရွယ်အစား သို့မဟုတ် ပုံစံ ဘာမျိုးမဆို ရင်သားကင်ဆာ စစ်ဆေးခြင်းကို လုပ်နိုင်ပါသည်။

ရင်သားကင်ဆာ စစ်ဆေးလိုခြင်းသည် သင့်ရွေးချယ်မှုဖြစ်သည်။ စစ်ဆေးခြင်းသည် ရင်သားကင်ဆာရှိနေခြင်းကို ရပ်တန့်စေနိုင်မည်မဟုတ်ပါ၊ သို့သော် အစောပိုင်းတွင် ကင်ဆာများကို တွေ့ရှိနိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။


ရင်သားကို စစ်ဆေးခြင်း

ရင်သားကင်ဆာ စစ်ဆေးခြင်းကို အစောဆုံးပြုလုပ်သလို၊ သင့်ရင်သားများ ပုံစံနှင့် ရောဂါဖြစ်စဉ် မရှိသောအနေအထားကိုလည်း သိရှိထားရပါသည်။ ကင်ဆာများသည် မက်မိုဂရမ်များကြားတွင်လည်း ဖွံ့ဖြိုးနိုင်ပါသည်။ 

သင့်ရင်သားမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ သတိထားမိရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

သင့် တွင် ရင်သားကင်ဆာရောဂါ၏လက္ခဏာ တစ်ခုခုရှိပါက

​သင့်ရင်သားကင်ဆာစစ်ဆေးမှု ပြလုပ်ပြီးသော်လည်း သင့် တွင် ရင်သားကင်ဆာရောဂါ၏လက္ခဏာ တစ်ခုခုရှိပါကဆရာဝန်နှင့် ပြသပါ။ any symptom of breast cancer
သင့်ရင်သားကင်ဆာ စစ်ဆေးခြင်းရက် မရောက်ခင်စောင့်ဆိုင်းခြင်း မပြုပါနှင့်။

ကင်ဆာစစ်ဆေးခြင်း၏ လုပ်ဆောင်ပုံ

ရင်သားကင်ဆာစစ်ဆေးမှုတွင် ရင်သားတစ်ရှူး ကိုဓာတ်မှန် ရောင်ခြည်များအား အထူးစက်သုံး၍ စစ်ဆေးသည်။ ဤစက်သည် ရင်သားကိုအခြားခန္ဓာကိုယ်အခန်းများကဲ့သို့ ပိုမိုကြီးကျယ်သောဓာတ် ရောင်ခြည် များ မထုတ်နိုင်ပဲ အနည်းငယ်သော ဓာတ်ရောင်ခြည် ကို အသုံးပြုသည်။စစ်ဆေးမှုအတွင်းတွင် ရင်သားကိုပလိတ်နှစ်ခု ကြားတွင် ထားပြီး ၊ ဤစစ်ဆေးမှုသည် ရင်သားတစ်ရှူးများကိုခွဲထုတ် စေပြီး အနည်းငယ်သော ဓာတ်ရောင်ခြည် ကို အသုံးပြု၍ ပိုမိုရှင်းလင်းသောပုံရိပ်ကိုပြသ ပေးပါသည်။

ခေတ်မီရင်သားစစ်ဆေးမှုများသည် ပုံမှန်အားဖြင့် ဒီဂျစ်တယ်ဖြစ်ပြီး၊ ပုံရိပ်များကိုဖလင် ပြားပေါ်တွင်ပုံနှိပ်မည်မဟုတ်ဘဲ ကွန်ပျူတာတွင်သိမ်းဆည်းထားသည်။

စစ်ဆေးမှုအတွက် ပြင်ဆင်ရန်

ရင်သားစစ်ဆေးမှုအတွက် အထူးပြင်ဆင်ရန်မလိုပါ။ သို့သော် အချို့အရာများသည် အကူအညီဖြစ်နိုင်သည်:

  • ပုံရိပ်ပေါ်တွင် ထိခိုက်မှုရှိနိုင်သောကြောင့် တယ်လ်ကမ်ပေါင်ဒါ သို့မဟုတ် စပေးဒီအိုဒိုရင့်(ချွေးနံ့ပျောက်ဆေး ဖျန်းဆေး ) စစ်ဆေးမှုနေ့တွင် မသုံးရပါ။ 
  • ဂါဝန်ထက် စကပ် သို့မဟုတ် ဘောင်းဘီကို ဝတ်ပါ။ အပေါ်ပိုင်းသီးသန့် ချွတ်ရန် လွယ် ကူသောကြောင့် ဖြစ်သည်။ 
  • လည်ဆွဲ ၊ ရင်သားတွင် တပ်ဆင်ထားသော ပစ္စည်း များ (nipple piercings) ကို ဖယ်ရှားပါ။ 
  • ယခင်က စစ်ဆေးမှုတွင် အဆင်မပြေခဲ့ပါကအသိပေးပါ။
  • သင် စိတ်ပူသော သို့မဟုတ် ရှက် ရွံ့ သော ခံစားမှုရှိပါက၊ ဝန်ထမ်းများနှင့် ဆွေးနွေးပါ၊ ၎င်းတို့သည် သင်ကို ပိုမိုသက်သာစေရန် နှင့် ထောက်ပံ့ပေးရန် အတတ်နိုင်ဆုံး ကူညီပေးပါသည်။
  • စိတ်ပူစေသော သို့မဟုတ် စိတ်မနှစ်သက်သော စကားများကို မပြောရန် ဝန်ထမ်းများအား တောင်းဆိုပါ။
  • သင်လိုအပ်ပါက သင့်ရဲ့ အခေါ် အဝေါ် များကို ဝန်ထမ်းများအား ပြောပါ။

စစ်ဆေးမှုအတွင်း

ရင်သားစစ်ဆေးမှုအတွင်း သင်သည် ရင်သားတစ်ခုခြင်းစီအတွက် ရင်သား X-ray (မမိုးဂရမ်) ၄ ပုံ ရရှိပါမည်။ ၂ ပုံသည် ရင်သားတစ်ခုချင်းစီအတွက်ဖြစ်ပါသည်။

မမိုးဂရမ်များကို မမိုးဂရမ်အထူးပြုဆရာတစ်ဦးက ဆောင်ရွက်ပါမည်။ မမိုးဂရမ်များသည် မိနစ်အနည်းငယ် ခန့်သာ ကြာမြင့်ပါသည်။ စစ်ဆေးမှုတစ်ခုလုံးသည် ၃၀ မိနစ်ခန့် ကြာမြင့်ပါမည်။

စစ်ဆေးမှုကို စတင်ရန်မတိုင်မီ၊ မမိုးဂရမ်အထူးပြုဆရာသည် သင်၏အသေးစိတ်များကို စစ်ဆေးပြီး၊ ရင်သားနှင့်ဆိုင်သော ပြဿနာများရှိခဲ့မရှိကိုမေးမြန်းပါမည်။

သူတို့သည် စစ်ဆေးမှုအတွင်းဖြစ်မည့် အခြေအနေများကိုလည်း ရှင်းလင်းပြီး၊ သင်တွင်မေးခွန်းများရှိပါက  ဖြေ ကြား ပေးရမည်ဖြစ်ပါသည်။

ရင်သားစစ်ဆေးမှုကို ဘယ်လိုပြုလုပ်သလဲ

ရင်သားစစ်ဆေးမှုကို မမိုးဂရမ်အထူးပြုဆရာ ၁ ဦး သို့မဟုတ် ၂ ဦးမှ ဆောင်ရွက်ပါသည်။ သင်၏မေးခွန်းများ သို့မဟုတ် စိုးရိမ်မှုများရှိပါက၊ သူတို့ကိုမေးမြန်းနိုင်ပါသည်။

  1. သင့် အဝတ်အစား အပေါ် ပိုင်း ကို ချွတ် ရပါမည်။ ဆေးရုံအင်္ကျီကို ဝတ်ရန် ပေးလိမ့်မည်။
  2. သင်ကို X-ray ခန်းမသို့ ခေါ်ပြီး မမိုးဂရမ်ဆရာသည် ဖြစ်ပေါ်မည့် အခြေအနေများကို ရှင်းပြမည်ဖြစ်သည်။
  3. မမိုးဂရမ်ဆရာသည် သင်၏ ရင်သားကို X-ray ကိရိယာပေါ်တွင်ထားမည်။ ၎င်းကို ပလတ်စတစ် နှစ်ခုကြားတွင် ဖိပြီး X-ray ရိုက်ယူသည့်အချိန်အတွင်း ငြိမ်နေစေမည်ဖြစ်သည်။ ပြီးသွားပါက သင့်ရင်သားကို အဲဒီကိရိယာကနေ ဖယ် ပေးမည်ဖြစ်သည်။
  4. X-ray ကိရိယာကို ဘေးဘက်ကနေ  သင့်ရင်သားကို  ထပ်မံရိုက်ယူမည်။
  5. သင့်ရင်သားထပ်တစ်ဘက်ကိုလည်း ဤပုံစံဖြင့် X-ray ရိုက်ယူပါမည်။
  6. ၎င်းပြီးနောက်တွင်အဝတ်များကို ပြန်လည် ဝတ်ဆင်နိုင်ပါမည်။
ရင်သားစစ်ဆေးခြင်းသည် အချို့သောလူများအတွက် မသက်သာသော်လည်း၊ အချို့အတွက် မအဆင်ပြေတာလည်း ဖြစ်နိုင်သည်။ သင်သည် အဆင်မပြေသည့်အချိန်တွင် မမိုဂရဖာနှင့် စကားပြောဆိုနိုင်ပြီး၊ ၎င်းမှာ သင့်ကို ပိုမိုသက်သာစေဖို့နှင့် ထောက်ခံမှုပေးဖို့ လေ့ကျင့်ထားပါသည်။ သင်သည် မည်သည့်အချိန်တွင်မဆို ရပ်တန့်စေဖို့ မေးနိုင်ပါသည်။

စစ်ဆေးပြီးနောက်

ရင်သားစစ်ဆေးခြင်းပြီးနောက် တွေ့ရှိရမည့်အချက်များ

မမိုဂရမ် တစ်ခါလုပ်ပြီးတဲ့အခါ မည်သည့်နာကျင်မှုသို့မဟုတ် သက်သာမှုများ ရှိခဲ့ပါက ထိုနာကျင်မှုသည် ပြန်လည် ပျောက် ကင်း သွားမည် ဖြစ်ပါသည်။.

မမိုဂရမ်မှာ နာကျင်မှုရှိလွန်းပါက ရက်အနည်းငယ် အထိ နာကျင်မှုဖြစ်နိုင်ပါသည်။ နာကျင်မှုသည် ရဘ် အနည်း ငယ် အတွင်း မပျောက်ပါက ကျန်းမာရေးအကူအညီအတွက် ဆရာဝန်ထံ သွားရောက်ပါ။

ရင်သားစစ်ဆေးမှု ချိန်းဆိုထားသည့်နေ့မှ ၂ ပတ်အတွင်း သင့်ရလဒ်ကို ရရှိပါလိမ့်မည်။


သင်၏ရလဒ်မှ အကြောင်းအရာများ

ရင်သားကင်ဆာမရှိပါ

သင်၏ရင်သားစစ်ဆေးခြင်းရလဒ်စာရွက်တွင်မမိုဂရမ်သည် ရင်သားကင်ဆာ မရှိကြောင်း ဖော်ပြထားနိုင်ပါသည်။

ထို့ကြောင့် သင်အား ထပ်မံ စစ်ဆေးခြင်းများ မလိုအပ်ပါ။ သင်သည် ၃နှစ်အတွင်း ပြန်လည် စစ်ဆေးရန်ပြောကြားပါလိမ့်မည်။

ရင်သားစစ်ဆေးခြင်း လုပ်သော လူအများစုသည် ရင်သားကင်ဆာ၏ အချက်အလက် မရှိကြောင်း တွေ့ရှိရပါသည်။

ထပ်ဆင့်စစ်ဆေးမှုလိုအပ်ပါက

သင်၏ရလဒ်များတွင် ထပ်ဆင့်စစ်ဆေးမှုများ လိုအပ်သည်ဟု ဖော်ပြထားနိုင်ပါသည်။ ဤစစ်ဆေးမှုများတွင် အောက်ပါအရာများပါဝင်နိုင်ပါသည် - :

  • ရင်သားကို စစ်ဆေးခြင်း
  • နော က်ထပ် mammogram များ
  • (Ultrasound) စစ်ဆေးမှုများ
  • အပ်ဖြင့် ရင်သားမှ အသားစ အချို့ထုတ်ယူခြင်း (biopsy)

လူအများစုသည် ထပ်ဆင့်စစ်ဆေးမှုများလိုအပ်ပါက ရင်သားကင်ဆာမဖြစ်နိုင်ပါ။

သို့သော် ရင်သားကင်ဆာရှိနေပါက ဤအခြေအနေကို ရှောင်ကြဉ်နိုင်ရန်စော စီးစွာ  ရှာဖွေတွေ့ရှိခြင်းသည် ဆေးကုသမှုအောင်မြင်မှုရရှိမည့်အလားအလာကို မြှင့်တင်ပေးပြီး ရင်သားကို ဖယ်ရှားခြင်း (mastectomy) လိုအပ်မှုကို လျော့နည်းစေပါသည်။

ရင်သားများကို စစ်ဆေးခြင်း

သင်၏ရင်သားစစ်ဆေးမှုတွင် ရင်သားကင်ဆာမရှိသော်လည်း, mammogram စစ်‌ဆေး မှု များအကြားတွင် ရင်သားများကို စစ်ဆေးခြင်းနှင့် ပြောင်းလဲမှုများကို သတိမိပါက GP ကို တွေ့ဆုံ ရ န် အရေးကြီးပါသည်။

အန္တရာယ်များ

ရင်သားစစ်ဆေးမှုအန္တရာယ်များ

ဆရာဝန်များသည် ကင်ဆာတစ်ခုသည် အသက်  အန္တရာယ်ကြီးမားအောင် ဖွံ့ဖြိုးမည်၊ မဖြစ်မီကို ခန့်မှန်းနိုင်သည်မဟုတ်ပါ။ ထို့ကြောင့် ရင်သားကင်ဆာ ရောဂါအတည်ပြုသောသူများအား ချက်ချင်းကုသခြင်း များကို ပေးလျက်ရှိပါသည်။

ဒါကြောင့် ရင်သားကင်ဆာ အတည်ပြုမှုနှင့်ကုသခြင်းသည် အသက်  အန္တရာယ် မရှိသောကင်ဆာတစ်ခုလည်းဖြစ်နိုင်ပါသည်။ အသက် အန္တရာယ်မရှိသောကင်ဆာများကို ကုသခြင်းသည် ရင်သားစစ်ဆေးမှု၏ အဓိက အန္တရာယ်ဖြစ်ပါသည်။ 

ရင်သားစစ်ဆေးမှု၏ အခြား အန္တရာယ်များမှာ:

  • ကင်ဆာတစ်ခုကို လွဲမှားတတ်ခြင်း – မမိုဂရမ်များသည် ခိုင်မာသောကင်ဆာတစ်ခုကို မတွေ့နိုင်ပါ
  • X-ray တစ်ခု – ရင်သားစစ်ဆေးမှုများကို နှစ်၂၀ အတွင်း တစ်ပတ်တစ်ကြိမ် စစ်ဆေးသွားခြင်းသည် သင့်ဘဝတစ်လျှောက်ကင်ဆာဖြစ်နိုင်ခြေ ကို နည်းငယ်မြင့်တက်မှုရှိစေသည်

အများစုသည် ရင်သားစစ်ဆေးမှု၏ အကျိုးကျေးဇူးများသည် အလားတူ အန္တရာယ်များထက် ပိုကြောင်း ယူဆပါသည်။ 

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
13 January 2025

Start writing here...

Cervical Screening | Smear Test
Medical Tests & Diagnostics Guide