Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်
CT စကန်သည် သင့်ခန္ဓာ၏ အတွင်းပိုင်းကို အသေးစိတ် ရုပ်ပုံရယူပေးနိုင်သော စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ယင်းကို အထူးသဖြင့် ရောဂါများ ရှာဖွေခြင်း သို့မဟုတ် ဆေးကုသမှုကောင်းစွာ ထိရောက်မှုရှိလား စစ်ဆေးရန် အသုံးပြုလေ့ရှိသည်။
ဒီစမ်းသပ်မှုကို ဘာကြောင့် လုပ်ဆောင်သင့်လဲ?
CT စကန်ကို အောက်ပါအချက်များအတွက် သင့်ကို လမ်းညွှန်ပေးနိုင်သည်:
- မတော်တဆမှုဖြစ်ပြီးနောက် သင့်အရိုး သို့မဟုတ် ခန္ဓာတွင်းအင်္ဂါများကို စစ်ဆေးရန်
- သင့်တွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို ကင်ဆာကဲ့သို့သော ရောဂါတစ်ခုကြောင့် ဖြစ်သည်ဟုတ်မဟုတ် သတ်မှတ်ရန်
- ကင်ဆာကုသမှုအတွင်းနှင့် အပြီးတွင် အကျိတ်၏အရွယ်အစားကို စစ်ဆေးခြင်းကဲ့သို့ကုမှုအနေအထားကို တိုင်းတာရန်
- ဆဲလ်နမူနာ (biopsy) ယူခြင်း သို့မဟုတ် ပြည်တည်နာများကို စုပ်ယူခြင်းကဲ့သို့သော ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဆရာဝန်များအတွက် ခန္ဓာကိုယ်အတွင်းကို ကြည့်ရှုနိုင်ရန်
စစ်ဆေးမှုအတွက် ပြင်ဆင်ခြင်း
သင့်အား CT စစ်ဆေးမှု ပြုလုပ်မည့် ဆေးရုံမှ မတိုင်မီ ပြင်ဆင်ရန် လိုအပ်သည့် အချက်များကို ပြောပြပါမည်။
ဥပမာ၊ သင့်အား အောက်ပါအတိုင်း ပြုလုပ်ရန် တိုက်တွန်းနိုင်ပါသည်:
- အစားအသောက် ရွေးချယ်မှု (အထူးအစားအသောက်စနစ်) ကိုလိုက်နာရန်
- သတ်မှတ်ထားသော ဆေးများကို သောက်ရန်
- စစ်ဆေးမှုမပြုလုပ်မီ နာရီများစွာအစားအသောက်မစား၊ မသောက်ရန် (အစာရှောင် ခြင်း)
- သတ္တုပါဝင်သော အဝတ်များ မဝတ်ရန်၊ ဥပမာ- လက်ဝတ်ရတနာများ (ဂျူအယ်ရီ၊ ဇစ်ပါဝင်သည့် အဝတ်အစားများ၊ ဘရာများ၊ ဆံညှပ် ကလစ်များ)
ဆေးရုံသို့ အောက်ပါအချက်များကို အသိပေးပါ-:
- ကိုယ်ဝန်ရှိနေသို့မဟုတ် ကိုယ်ဝန်ရှိနိုင်ခြင်း
- နို့တိုက်နေခြင်း
- ဆေးဝါးများ သောက်နေခြင်း
- ရင်ကျပ်ရောဂါ (asthma) ရှိခြင်း
- ကျောက်ကပ် သို့မဟုတ် သိုင်းရွိုက် ပြဿနာများ ရှိခြင်း
- ဆီးချိုရောဂါရှိခြင်း
- ဓါတ်မတည့်မှုရှိခြင်း သို့မဟုတ် contrast medium ဟုခေါ်သော အရောင်ရည်ကို အတိတ်က ဓါတ်မတည့်ခဲ့ခြင်း
စမ်းသပ်မှုအတွင်းဖြစ်ပျက်သည့်အရာများ
CT scan ကို ဆေးရုံတွင် ရောဒီယိုဂရပ်ဖာ (radiographer) ဟုခေါ်သော ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းမှ ပြုလုပ်ပါသည်။ ပုံမှန်အားဖြင့် ၁၀ မှ ၂၀ မိနစ်အတွင်း ကြာနိုင်ပါသည်။
CT scan မပြုလုပ်မီ
CT scan ပြုလုပ်ရသည့် အကြောင်းအရင်းပေါ်မူတည်၍ CT scan ဓာတ်ပုံများတွင် အသေးစိတ်ပိုမိုမြင်နိုင်ရန် contrast medium ဟုခေါ်သော ဆိုးဆေး (dye) ကို ပေးနိုင်ပါသည်။
Contrast medium ကို သောက်သုံးစေရန်၊ သွေးကြောထဲသို့ ထိုးသွင်းရန် သို့မဟုတ် စအိုမှ ထည့်ရန် ရှိနိုင်ပါသည်။ ၎င်းသည် မကြာမီ ဆီးနှင့်အတူ ပါ သွားပါမည်။
Contrast medium ကို သင့်ခန္ဓာကိုယ်ထဲ ထိုးသွင်းလျှင်:
- ကိုယ်အပူမြင့်သကဲ့သို့ ခံစားရနိုင်သည်။
- ပါးစပ်ထဲတွင် သတ္တုအနံ့ရှိသကဲ့သို့ ခံစားနိုင်သည်။
- ဆီးသွားသကဲ့သို့ ခံစားနိုင်သော်လည်း တကယ်မဟုတ်ပါ။
အဆိုပါ ခံစားမှုများသည် မကြာမီအလိုအလျောက် လျော့နည်းသွားမည်ဖြစ်သည်။
CT scan လုပ်နေစဥ် အတွင်း
CT စကင်နာသည် သင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို သင်လှဲနေစဥ် ပတ်လည် လှိမ့်သည့် ကြီးမားသောကွင်း တစ်ခုဖြစ်သည်။
- သင်သည် အိပ်ရာတစ်ခုပေါ်မှာ လှဲ ရန် တောင်းဆိုပါလိမ့်မည်။
- ရေဒီယိုဂရပ်ဖာသည် စကင်ကို အခြားအခန်းမှထိန်းချုပ်မည်ဖြစ်ပြီး၊ စကင်လုပ်ဆောင်စဉ် သင်နှင့် အသံဖြင့် ဆက်သွယ်နိုင်ပါမည်။
- ပုံရိပ်များကို ပိုမိုသေချာစေရန် သင်သည် တည်ငြိမ်စွာ နေရန် လိုအပ်ပါသည်။
- စကင်လုပ်ဆောင်နေစဉ်အတွင်း အသက်ရှူရန်၊ ပြန်ထုတ်ရန် သို့မဟုတ် အသက်အောင့် ထားရန် တောင်းဆိုနိုင်ပါသည်။
စမ်းသပ်မှုပြီး နောက်
စကင်ပြီးဆုံးပြီးနောက်
သင်သည် ဆေးရုံတွင် ပြင်ပမှ လာရောက်စစ်ဆေး သူ (outpatient) ဖြစ်လျှင် စကင်ပြီးသည်နှင့် အိမ်ပြန်နိုင်ပါမည်။
သင့်ကို contrast medium (ဆေးရည်) ထည့်သွင်းခဲ့လျှင်၊ ၎င်းနှင့်တုံ့ပြန်မှုမရှိကြောင်းသေချာရန် ဆေးရုံတွင် ၃၀ မိနစ်အထိနေရန် တောင်းဆိုနိုင်ပါသည်။
CT scan ရလဒ်များရယူခြင်း
CT scan ရလဒ်များကို ရရှိရန် ယေဘုယျအားဖြင့် ၁ နှင့် ၂ ပတ်ကြာနိုင်သည်။ သို့သော် အရေးကြီးမှုနှင့် သင့်နေထိုင်ရာဒေသပေါ်မူတည်၍ ၄ ပတ်အထိ ကြန့်ကြာနိုင်သည်။
ရလာဒ်များကို (radiologist) အဖြစ်ခေါ်သော ကျွမ်းကျင်သူတစ်ဦးက ကြည့်ရှုပါမည်။
radiologist သည် သင့်ကို CT scan လုပ်ရန် စီစဉ်ပေးသော ဆရာဝန်ထံ ရလဒ်များကို ပေးပို့ပါမည်။ CT scan ရလဒ်များကို ဆွေးနွေးရန် ထပ်မံ ချိန်းဆိုခြင်း လိုအပ်နိုင်သည်။
၄ ပတ်ကြာသော်လည်း ရလာဒ်အကြောင်းမသိရသေးပါက သင့်ဆရာဝန်ထံ ဆက်သွယ်ပါ။
ဆရာဝန်က သင့်ရဲ့ ရလဒ်တွေကို သင့်အား ပြောပြပြီး နောက်ဘာဆက်ဖြစ်မည်ကို ရှင်းပြသင့်ပါတယ်။ တခါတရံမှာ CT scan ရိုက်ရသည့် အကြောင်းရင်းပေါ် မူတည်၍ အခြားစမ်းသပ်မှုများ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။
သင့်ရလဒ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းများရှိပါက သို့မဟုတ် နားမလည်ပါက ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦးနှင့် ပြောဆိုရန် တောင်းဆိုပါ။
အန္တရာယ်များ
CT scan ၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများ
CT scan ၏နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းသည် ရှားပါးပါသည်။ တချို့လူများတွင် contrast medium (ဆေးရည်) နှင့် ဓာတ်မတည့်မှုများ ဖြစ်နိုင်ပါသည်။ ၎င်းသည် အားနည်းခြင်း၊ ချွေးထွက်ခြင်းနှင့် အသက်ရှူကျပ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
အကယ်၍ သင့်အား contrast medium သုံးထားပါက၊ scan ရိုက်ပြီးနောက် မိနစ် ၃၀ အထိ ဆေးရုံတွင် စောင့်ဆိုင်းရန် တောင်းဆိုခံရနိုင်ပါသည်။
Scan ရိုက်ပြီးနောက် မကျန်းမာသလို ခံစားရပါက ဓာတ်မှန်ဆရာဝန်အား ပြောပြပါ။
အကယ်၍ သင်သည် CT scan များစွာ ရိုက်ထားပါက၊ X-ray မှ ရောင်ခြည်သင့်မှုကြောင့် ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းသော်လည်း ရှိနိုင်ပါသည်။ ဆရာဝန်များသည် scan ပေးခြင်းမပြုမီ အန္တရာယ်များကို ချိန်ဆပြီး သင့်အား ဆွေးနွေးရန် လိုအပ်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
13 January 2025
Start writing here...