Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်
အသည်းလုပ်ဆောင်မှုစစ်ဆေးမှုများ (Liver Function Tests - LFTs) သည် သင့်သွေးနမူနာကို အသုံးပြု၍ အသည်းမှ ထုတ်လုပ်သော ပစ္စည်းများကို တိုင်းတာရန်အတွက် ပြုလုပ်သည်။ ၎င်းကို (Liver Panel) ဟုလည်း ခေါ်ပါသည်။
ဤစစ်ဆေးမှုကို ဘာကြောင့်ပြုလုပ်ရသလဲ
အသည်းလုပ်ဆောင်မှု စစ်ဆေးမှုများကို အဓိကအားဖြင့် အောက်ပါအကြောင်းရင်းများအတွက် အသုံးပြုပါသည်—:
- အသည်းရောဂါ သို့မဟုတ် ထိခိုက်မှု ကြောင့် အချို့သော ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ဆေးရန် liver disease
- အသည်းရောဂါ၏ ပြင်းထန်မှု ကို ခွဲခြားသတ်မှတ်ရန် (ရောဂါသိရပြီးနောက်)
- အသည်းရောဂါ၏ တိုးတက်မှုကို တိုင်းတာရန် သို့မဟုတ် ကုသမှုအောင်မြင်မှုကို သုံးသပ်ရန်
- အသည်းကို ထိခိုက်စေနိုင်သော ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရန်
အလုပ်လုပ်ပုံ
အများဆုံး လုပ်ဆောင်သည့် အသည်းလုပ်ဆောင်မှု စမ်းသပ်မှုများတွင် ပါဝင်သည်-:
- Albumin – အသည်းမှ ပြုလုပ်သော ပရိုတင်းတစ်မျိုး ဖြစ်သည်။
- Total protein– သင်၏သွေးထဲရှိ ပရိုတင်းစုစုပေါင်း ပမာဏကို တိုင်းတာခြင်း ဖြစ်ပြီး၊ ၎င်းတွင် albumin နှင့် globulins ပါဝင်သည်။ ဤပရိုတင်းများ၏ အဓိက ထုတ်လုပ်ရာနေရာမှာ အသည်း ဖြစ်သည်။.
- ALP (alkaline phosphatase), ALT (alanine transaminase), AST(aspartate aminotransferase), and GGT (gamma-glutamyl transferase). ဤသည်မှာ အသည်းတွင် အဓိက ထုတ်လုပ်သော အင်ဇိုင်းများ ဖြစ်သည်။ အင်ဇိုင်းများ ဆိုသည်မှာ သင့်ခန္ဓာကိုယ်တွင် ဓာတုပြုမှုများကို မြန်ဆန်စေသည့် ပရိုတင်းများဖြစ်သည်။
- Bilirubin-ဘီလီရုဘင် သည် သင့်ခန္ဓာကိုယ်အတွင်း သွေးနီဥများကို ခွဲခြမ်းသောအခါ ဖြစ်ပေါ်လာသည့် ပစ္စည်းဖြစ်သည်။ သင့် အသည်း သည် ဘီလီရုဘင်အများစုကို ဖယ် ထုတ်ပေးသည်။
- Lactate dehydrogenase (LDH), ဓာတ်ပြုပြင်မှု အမြန်နှုန်းမြှင့်စေသည့် အင်ဇိုင်း (enzyme) တစ်ခုဖြစ်ပြီး၊ ၎င်းသည် ခန္ဓာကိုယ်ရှိတစ် ရှူးများတွင် တွေ့ရှိနိုင်သော်လည်း အသည်း တွင် အများဆုံးရှိပါသည်။
- Prothrombin time (PT),သင့်သွေးတိတ်ခြင်းဘယ်လောက်ကြာမလဲဆိုသည်ကို တိုင်းတာခြင်းဖြစ်သည်။ ပရိုထရိုမ်ဘင်း (Prothrombin) သည် သွေးခဲစေသော ပရိုတင်းတစ်ခုဖြစ်ပြီး အသည်း မှ ထုတ်လုပ်ပါသည်။
အသည်းလုပ်ဆောင်မှု စစ်ဆေးမှုများ၏ ရလာဒ်များသည် အသည်းကောင်းစွာ လုပ်ဆောင်နိုင်မှု ကို ပြသနိုင်သလို၊ အသည်းရောဂါ သို့မဟုတ် ထိခိုက်မှုများကြောင့် အသည်းပျက်စီးခြင်း ရှိမရှိ ကိုလည်း ပြနိုင်သည်။ သို့သော် အသည်းလုပ်ဆောင်မှု စစ်ဆေးမှုများ တစ်ခုတည်းဖြင့် သတ်မှတ်သော ရောဂါကို တိုင်းထွာ၍မရနိုင်ပါ။ ထို့ကြောင့် ရလာဒ်များမှ မမှန်ခြင်း ဖြစ်ပါက၊ အတိအကျ အကြောင်းရင်းကို သိရှိရန် ထပ်မံ စစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။ liver disease or injury. .
စစ်ဆေးမှုအတွက် ပြင်ဆင်ရန်
သင့်အား စစ်ဆေးမှုအတွက် ပြင်ဆင်ရမည့်နည်းလမ်းများကိုပြောပြပါမည်။ စစ်ဆေးမှုမတိုင်မီ ၁၀-၁၂ နာရီကြာ အစားအသောက်မစားသည့် (fasting) လိုအပ်နိုင်ပါသည်။
တချို့သော ဆေးများသည် သင့်ရဲ့ စစ်ဆေးမှုရလဒ်များကို အကျိုးသက်ရောက်စေနိုင်သဖြင့်၊ သင်ေသာက် သည့် ဆေးများအားလုံးကို ပြောပြသင့်သည်။ သို့သော်ဆရာဝန်က ပြောပြခြင်းမပြုမီ ဆေးများကို ရပ်တန့်မထားရ။
စစ်ဆေးမှုအတွင်းဖြစ်ပွားသောအရာ
ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူက သင့်ရဲ့သွေးကြောကို သေးငယ် သောအပ်ဖြင့် ဖောက်ပြီး သွေးန မူနာယူပါမည်။သေွး အနည်းငယ် ကိုဖန်ပြွန် ပုလင်းတွင် သိမ်းဆည်းပြီးစုဆောင်းပါမည်။ ဤလုပ်ငန်းစဉ်သည် ၅ မိနစ်အတွင်းမှာ ပြီးစီးမည် ဖြစ်ပါသည်။
စစ်ဆေးပြီးနောက်
အသည်းလုပ်ငန်းစဉ်စမ်းသပ်မှုရလဒ်များကို နားလည်ရန် အခက်အခဲရှိနိုင်ပါသည်။ ထို့ကြောင့်၊ သင့်ရဲ့ ရလဒ်များ သင့်ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မလဲဆိုတာ ကို ဆရာဝန်မှ ရှင်းလင်းစွာ ထုတ်ပြန်ရန် တောင်းဆိုခြင်းက အကောင်းဆုံးဖြစ်ပါသည်။
သင့်ရဲ့အသည်း လုပ်ငန်းစဉ်စမ်းသပ်မှုရလဒ်များတွင် ပုံမှန် မဟုတ်သော ရလဒ်များ ရှိပါက သင့်ဆရာဝန်သည် စမ်းသပ်ချက်မှာ တိုင်းတာခဲ့သော အရာများအားလုံး၏ရလဒ်များကို နှိုင်းယှဉ်လိမ့်မည်။ ဤလုပ်ငန်းစဉ်သည် အသည်း ၏ အခြားမျိုးစုံသော ရောဂါအခြေအနေများကို ရှာဖွေရန် လုပ်ဆောင်ပါသည်။=
ယေဘုယျ အားဖြင့် သင့်ရဲ့အသည်း လုပ်ငန်းစဉ်စမ်းသပ်မှုရလဒ်များသည် အောက်ပါအရာများကို ဖော်ပြနိုင်ပါသည်-:
- အသည်းရောင်ရောဂါ ရှိခြင်း
- သင်သည် အရက်သောက်ခြင်း သို့မဟုတ် ကူးစက်ရောဂါကဲ့သို့သော အခြားအကြောင်းအရင်းများကြောင့် အသည်းရောင်ရောဂါဖြစ်ထားခြင်း
- အသည်းသည် ကောင်းစွာ အလုပ်မလုပ်နုငိ်ပဲ အားနည်းလာခြင်း
- သည်းခြေ အိတ်နှင့် ဆိုင်သော ပြဿနာများရှိခြင်း problem with your bile ducts. အသည်းသည် မုန့်ရည်တစ်မျိုးကို ပြုလုပ်သည်၊ ယင်းကို ဗိုင်လ် (Bile) ဟုခေါ်ပါသည်။ ဗိုင်လ်လမ်းကြောင်းများသည် ဗိုင်လ်ကို သင့်ရဲ့အသည်းမှ ဖြတ်သွားစေသော လမ်းကြောင်းများဖြစ်ပါသည်။
- ဆေးဝါးများသည် အသည်းကို ထိ ခိုက်နေပြီး မည်မျှ ပျက်စီးနေသည်ကို ဖော်ပြခြင်း
ပုံမှန်မဖြစ် သောရလဒ်များကိုတွေ့ရသည်မှာ မဖြစ်မနေ သင့်အသည်းနှင့် ပတ်သက်သောပြဿနာရှိကြောင်း မဆိုလိုပါ။ အခြားရောဂါများကြောင့်လည်း သတ်မှတ်သောဓာတုပစ္စည်းအချို့၏ အဆင့်များ မြင့်ခြင်း သို့မဟုတ် နှိမ့်ခြင်း ဖြစ်နိုင်သည်။ ဥပမာ - ALP မြင့်ခြင်းသည် အရိုးရောဂါ သို့မဟုတ် အသည်းရောဂါ၏ လက္ခဏာဖြစ်နိုင်သည်။ သင့်ရောဂါလက္ခဏာများ၊ ဆေးပညာသမိုင်း၊ အသည်းရောဂါ ဖြစ်နိုင်မှု အန္တရာယ်များနှင့် သင် သောက်နေသော ဆေးများကို သင့်ဆရာဝန်က တစ်ပြိုင်နက် စဉ်းစားသွားမည်ဖြစ်သည်။
ပုံမှန်မဖြစ် သောရလဒ်မျာသည် ယာယီဖြစ်နိုင်သည်။ ဤသို့ ဖြစ်ပါက သင့်ဆရာဝန်သည် နောက်ပိုင်းတွင် ထပ်မံ စစ်ဆေးပေးပြီး ရလဒ်များ သာမန်ဖြစ်မဖြစ် ပြန်လည်ကြည့်ရှုနိုင်သည်။
အန္တရာယ်များ
သွေးစစ်ဆေးခြင်းသည် အန္တရာယ်နည်းပါးသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။ အပ်ထိုးသည့်နေရာတွင် အနည်းငယ် နာကျင်မှု သို့မဟုတ် ရောင်ခြင်း ဖြစ်နိုင်သော်လည်း အများအားဖြင့် အချိန်တို အတွင်း သက်သာသွားမည်ဖြစ်သည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
13 January 2025
Start writing here...