အာဆိုင်ကလိုဗီရ် (Aciclovir)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Antiviral

အသုံးပြုနိုင်သောရောဂါများ

  • ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွားသောရောဂါများ

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Acylete, Azeath, Azifam, Azifast, Vilerm, Vivir

ဤဆေးကို အောက်ပါအမည်ဖြင့်လည်း သိကြပါသည် : 
Acyclovir

အကျဥ်းချုပ်

Aciclovir (Acyclovir) သည် ပိုးသတ်ဆေးအမျိုးအစား (antiviral medicine) တစ်ခုဖြစ်သည်။

Aciclovir သည် ဟာ့ပီဗိုင်းရပ်စ် (herpes viruses) ကြောင့် ဖြစ်ပွားသော အောက်ပါရောဂါများကို ကုသနိုင်သည်

  • ပါးစပ်အနာ (Cold sores)
  • လိင်အင်္ဂါရေယုန် (Genital herpes)
  • မျက်စိပိုးဝင်ရောဂါများ (Eye infections)

ဆရာဝန်က လက်ရှိကိုယ်ခံအားကျဆင်းမှုရှိသောသူများ သို့မဟုတ် ယခင်ကအထက်ပါရောဂါများခံစားခဲ့ဖူးသူများအတွက် မဖြစ်စေရန်ကာကွယ်ဆေးအဖြစ် ပေးနိုင်သည်။

ရေကျောက် ရောဂါ (Chickenpox),ရှင်ဂယ်ရောဂါ (ဆင်ဖြူတော်ရေယုန်) ကိုပါ ကုသနိုင်သည်။

Aciclovir ကို အချို့ နိုင်ငံ များတွင် ဆရာဝန်ဆေးညွှန်းဖြင့်သာရရှိနိုင်သည်။ 

အရေးကြီးသောအချက်များ

  • ရောဂါလက္ခဏာ ပထမဆုံးစတင်သောအချိန်တွင် Aciclovir ကိုစတင်သောက်သုံးပါ။
  • ရောဂါအများစုတွင် ဆေးသောက်ခြင်းစတင်ပြီး ရက်အနည်းငယ်အတွင်း သက်သာမှုကို ခံစားနိုင်ပါမည်။
  • ဖြစ်လေ့ရှိသောဆိုးကျိုးများ (Common side effects) ခေါင်းကိုက်ခြင်း (Headaches) မူးဝေခြင်း (Feeling dizzy) အန်ခြင်း သို့မဟုတ် အန်ချင်ခြင်း (Feeling or being sick)
  • Aciclovir ဆေးပြားသို့မဟုတ် ဆေးရည်သောက်ပြီး မူးဝေခြင်းခံစားရပါက ယာဉ်မောင်းခြင်းနှင့် စက်ပစ္စည်းအသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။မျက်စိဆေးမလိမ်းချိန်တွင် အမြင်ထိခိုက်မှုဖြစ်ပါက ယာဉ်မောင်းခြင်းမှလည်း ရှောင်ကြဉ်ရန်လိုအပ်သည်။
  • ပါးစပ်အနာထည့်သည့်ခရင် (cold sore cream)၊ လိင်အင်္ဂါရေယုန်လိမ်းဆေး (genital herpes cream) သို့မဟုတ် မျက်စိဆေးမလိမ်းမီနှင့် လိမ်းပြီးတွင် လက်ကိုဆေးကြောသန့်စင်ပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ဟေလိုပါရီဒေါ (Haloperidol)
Medicine Guide