Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antipsychotic
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- စကိဇိုဖရီးနီးယား (Schizophrenia)
- စိတ်အတက်အကျမြန် ရောဂါ (Bipolar disorder)
- သက်ကြီးရွယ်အိုများတွင် ဖြစ်သော မူးဝေခြင်းနှင့် ပျို့ အန်ခြင်း (Palliative care)
- လှုပ်ရှားမှုဆိုင်ရာ ပြဿနာများ(Tourette's Syndrome)
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Haridol
အကျဥ်းချုပ်
Haloperidol သည် အောက်ပါ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများ (mental health conditions) အတွက် ကူညီပေးသော ဆေးတစ်မျိုးဖြစ်သည်။အသုံးပြုနိုင်သောရောဂါများ
- သက်ကြီးရွယ်အို စောင့်ရှောက်မှုတွင် တေွဝေခြင်း စိတ်ဆတ်ခြင်း(Confusion and aggression in palliative care)
- စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မှုများ (Agitation or anxiety)
- စကိဇိုဖရီးနီးယား (Schizophrenia): အခြားသူများမမြင်၊ မကြားနိုင်သောအရာများကို မြင်ကြားရခြင်း မယုံနိုင်သောအယူအဆများရှိခြင်း အထင်အမြင်မှားရောဂါစွဲခြင်း
- စိတ်အတက်အကျမြန် ရောဂါ (Bipolar disorder): စိတ်အတက်ကြွလွန်မှု (mania) နှင့် စိတ်ကျရောဂါ (depression)
- အယ်ဇိုင်းမားရောဂါ နှင့် အခြားစိတ်နှင့်ဆိုင်သောရောဂါများ(Severe confusion and aggression in Alzheimer's and dementia)
Haloperidol သည် ပျို့အန်ခြင်း (nausea and vomiting) အတွက်လည်း အသုံးပြုနိုင်သည်-
- ခွဲစိတ်မှုအတွက် မေ့ဆေးပေးပြီး နောက် ဖြစ်သော အန်ချင်ခြင်းနှင့် ပျို့အန်ခြင်း
- သက်ကြီးရွယ်အိုများတွင် ဖြစ်သော မူးဝေခြင်းနှင့် ပျို့ အန်ခြင်း (Palliative care)
ထို့ပြင် Haloperidol သည် လှုပ်ရှားမှုဆိုင်ရာ ပြဿနာများ (movement disorders) ကိုပါ ကူညီပေးနိုင်သည်- ဥပမာ: Tourette's syndrome
Haloperidol သည် ဦးနှောက်ရောဂါဌာနများ (nerve activity) ကို တားဆီးကာ စိတ်ဖိစီးမှုများနှင့် အခြားရောဂါလက္ခဏာများကို သက်သာစေသည်။ အဓိကအားဖြင့်- စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ အန်ချင်ခြင်းနှင့် အန်ခြင်း (ဦးနှောက်ထဲတွင် ထိန်းချုပ်မှုဆိုင်ရာ ဌာနကို တားဆီးခြင်း)
Haloperidol ကိုအချို့နိုင်ငံများတွင် ဆရာဝန်ဆေးစာဖြင့်သာရနိုင်ပါသည်။
အရေးကြီးသောအချက်များ
- Haloperidol ဆေးပြား နှင့် အရည်(liquid) များသည် 1-2 နာရီအတွင်း သက်သာစေသည်။ ရေရှည်ရောဂါများအတွက် အကျိုးအပြည့်အစုံကို ရရှိရန် ရက်သတ္တပတ်အနည်းငယ်ကြာနိုင်သည်။
- ဖြစ်လေ့ရှိသောဆိုးကျိုးများ (Common side effects): မူးဝေခြင်း ဝမ်းချုပ်ခြင်း ပါးစပ်ခြောက်ခြင်း (Dry mouth) (ထိုဆိုးကျိုးများသည် မပြင်း ထန်ပဲ အလို အလျောက် သက်သာနိုင်သည်)
- ဆေးလိပ်သောက်မှုစတင်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းကို ဆရာဝန်နှင့် ဆွေးနွေးရန်လိုအပ်သည်။ (ဆေးပမာဏကို ချိန်ညှိရန် လိုအပ်ပါသည်)
- Haloperidol သုံးစွဲချိန်အတွင်း အရက်သောက်ခြင်းကိုရှောင်သင့်သည် (အရက်သည်အိပ်ငိုက်ခြင်း၊ သွေးပေါင်ကျခြင်း စသည့် ဆိုးကျိုးများရှိစေနိုင်သည်)
- ဆေးသောက်ပြီးမကြာခင်တွင် မူးခြင်း သို့မဟုတ် မောပန်းမှုခံစားပါက ယာဉ်မောင်းခြင်း သို့မဟုတ် စက်ပစ္စည်းအသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.