အာရီပီပရာဇိုး (Aripiprazole)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Antipsychotic

အသုံးပြု နိုင်သောရောဂါများ

  • စိတ်ကစဉ့်ကလျားရောဂါ(Schizophrenia)
  • စိတ်အတက်အကျမြန်ရောဂါ (Bipolar disorder):

တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ

Abilify, Apalife, Aripiz

အကျဥ်းချုပ်

Aripiprazole သည် အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာများ (mental health conditions) အတွက် ကူညီသောဆေးတစ်မျိုးဖြစ်သည်။အသုံးပြနိုင်သောရောဂါများ

  • စိတ်ကစဉ့်ကလျားရောဂါ(Schizophrenia): အခြားသူများမမြင်၊ မကြားနိုင်သောအရာများကို မြင်ကြားရခြင်း မယုံနိုင်သော အယူအဆသံသယများရှိခြင်း အထင်အမြင်မှားသို့မဟုတ် အတွေးမှားရောဂါစွဲခြင်း
  • စိတ်အတက်အကျမြန်ရောဂါ (Bipolar disorder): စိတ်အတက်ကြွလွန်မှုများ (mania symptoms),စိတ်ဖိစီးမှုရောဂါ(depression symptoms)

Aripiprazole သည် dopamine နှင့် serotonin အပါအဝင် ဦးနှောက်တွင်းရှိ ဓာတုပစ္စည်းများအပေါ် သက်ရောက်မှုရှိကာ လက္ခဏာများကို သက်သာစေသည်။ ရောဂါကို ကုသနိုင်သောဆေးမဟုတ်ပါ။

Aripiprazole ကိုအချို့နိုင်ငံများတွင် ဆရာဝန်ဆေးညွှန်းဖြင့် သာရရှိနိုင်သည်။ 

အရေးကြီးသောအချက်များ

  • Aripiprazole သည် လက္ခဏာများကို အချိန်ယူပြီးမှ သက်သာစေပြီး ရက်အနည်းငယ်မှရက်သတ္တပတ်အနည်းငယ်ကြာနိုင်သည်။
  • အစားအစာနှင့်တွဲသောက်ခြင်း သို့မဟုတ် မပါဘဲ သောက်ခြင်းနှစ်မျိုးလုံးဖြင့် သောက်နိုင်သည်။ဆေးကို နေ့စဉ်တူညီသောအချိန်တွင် သောက်ရန် အရေးကြီးသည်။
  • ဖြစ်လေ့ရှိသောဆိုးကျိုးများ: အိပ်မပျော်ခြင်း စိုးရိမ်စိတ်ဖြစ်ခြင်း နှင့်ပြာယာခတ်ခြင်း ခေါင်းကိုက်ခြင်း ဝမ်းချုပ်ခြင်း
  • ဆိုးကျိုးအနေနှင့် အာရံ့ခံစားမှုထိန်းချုပ်ခြင်းနည်းသွားခြင်း ဖြစ်နိုင်သည်။ (ဥပမာ- လောင်းကစားလုပ်ခြင်း၊ သုံးဖြုန်းကြီးခြင်း၊ အစားအသောက်ပို၍စားခြင်း၊ လိင်စိတ်များခြင်း) အကယ်၍ အပြုအမူများပြောင်းလဲလာပါက ဆရာဝန်နှင့်ဆွေးနွေးပါ။
  • Aripiprazole သည် အစားစားမှုများပြားစေ၍ ဝနိုင်သည်။ ကျန်းမာသောအစားအသောက်နှင့် အာဟာရပြည့်ဝမှုကို လိုက်နာရန် အရေးကြီးသည်။
  • ဆေးသောက်နေစဥ် အရက်မသောက်သင့်ပါ။ အရက်သည် အိပ်ငိုက်ခြင်း သို့မဟုတ် ခြေမခိုင်မှုများဘေးထွက်ဆိုကျိုးများပိုဆိုးစေနိုင်သည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ကွတ်တီအာပီး (Quetiapine)
Medicine Guide