Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antipsychotic
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)
- စိတ်အတက်အကျမြန်ရောဂါ (Bipolar disorder)
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Sykioquit, Qutipin, Quantia, Neutapin, Seroquel, Atrolak, Biquelle, Sondate, Zaluron
အကျဥ်းချုပ်
Quetiapine သည် အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာများ (mental health conditions) သက်သာစေသော ဆေးတစ်မျိုးဖြစ်သည်။
- စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia): အခြားသူများ မမြင်၊ မကြားနိုင်သောအရာများကို မြင်ကြားရခြင်း မယုံနိုင်သော အယူအဆ သံသယ များရှိခြင်း အထင်အမြင်မှားသို့မဟုတ် အတွေးမှားရောဂါစွဲခြင်း
- စိတ်အတက်အကျမြန်ရောဂါ (Bipolar disorder), စိတ်အတက်ကြွလွန်မှု (mania symptoms)
- စိတ်အတက်အကျမြန်ခြင်းကြောင့်ဖြစ်သောစိတ်ဖိစီးမှုရောဂါ (depression)
- အခြားအကြောင်းရင်းများဖြင့်ဖြစ်သော စိတ်ကျရောဂါ (Quetiapine ကို အခြားဆေးများနှင့် တွဲဖက်ကာသုံးသည်)
Quetiapine သည် စိတ်အတက်အကျမြန်ရောဂါရှိသူများတွင် mania နှင့် depression ပြန်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သည်။
Quetiapine သည် dopamine နှင့် serotonin အပါအဝင် ဦးနှောက်တွင်းရှိ ဓာတုပစ္စည်းများအပေါ် သက်ရောက်မှုရှိကာ လက္ခဏာများကို သက်သာစေသည်။ ရောဂါကို ကုသနိုင်သောဆေးမဟုတ်ပါ။
Quetiapine သည် အချို့ နိုင်ငံများတွင် ဆေးညွှန်းဖြင့်သာ ရရှိနိုင်သည်။
အရေးကြီးသောအချက်များ
- ဆေးပမာဏအနည်းဆုံးမှ စတင်သောက်ရပါမည်။ လက်ရှိလက္ခဏာများ သက်သာရန် ရက်ပေါင်းအနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ် ကြာနိုင်သည်။
- ပုံမှန်ဆေးပြား နှင့် အရည်ပုံစံကို အစားအစာနဲ့တွဲ၍သို့မဟုတ် အစာမပါဘဲ သောက်နိုင်သည်။။ slow release ဆေးပြားများကို အစာမရှိပဲ သောက်ရန်လိုအပ်သည်။ (စားပြီး ၁ နာရီ၊ အစားမစားမီ ၂ နာရီအတွင်း)
- ဖြစ်လေ့ရှိသောဆိုးကျိုးများ: အိပ်ငိုက်ခြင်း လှုပ်ရှားမှု ခက်ခဲခြင်း ခေါင်းကိုက်ခြင်း
- Quetiapine သည် ဗိုက်ဆာစေပြီး ဝနိုင်သည်။ (ကျန်းမာသော အစားအသောက်ရွေးချယ်ရန်အရေးကြီးသည်)
- ဆေးသောက်ခြင်း၏ ပထမဆုံးရက်အနည်းငယ်အတွင်း အရက်မသောက်သင့်ပါ။ (ဆေး၏ သက်ရောက်မှုကို သိရှိရန်)
- ဂရိတ်ဖရုတ်အသီးနှင့် ဖျော်ရည်: ဂရိတ်ဖရုတ်နှင့် တွဲဖက်မသောက်ပါနှင့်။ (ဆိုးကျိုးများဖြစ်နိုင်မှုကို မြှင့်တက်နိုင်သည်)
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.