Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antipsychotic
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)
- ဆေးသည် ရောဂါကို ကုသနိုင်သော ဆေးမဟုတ်ပါ၊ သို့သော် လက္ခဏာများကိုသာ သက်သာစေနိုင်သည်။စိတ်အတက်အကျမြန်ရောဂါ
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Stalanza, Oliza, Olanz, Olavex, Pilanz
အကျဥ်းချုပ်
Olanzapine သည် အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာများ (mental health conditions) သက်သာစေသောဆေးတစ်မျိုးဖြစ်သည်။Olanzapine သည် အောက်ပါရောဂါလက္ခဏာများအား ထိန်းချုပ်ရာတွင် အသုံးပြုသည်-
- စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia): အခြားသူများမမြင်နိုင်၊ မကြားနိုင်သည့်အရာများကို မြင်ကြားရခြင်း၊ မယုံနိုင်သော အယူအဆ သံသယများခြင်းနှင့်တွေးမှားရောဂါစွဲခြင်း
- စိတ်အတက်အကျမြန်ရောဂါ (Bipolar disorder)စိတ်အတက်ကြွလွန်မှု
Olanzapine သည် စိတ်အတက်အကျမြန်ရောဂါရှိသူများအတွက် စိတ်အတက်ကြွလွန်မှု လက္ခဏာများ ပြန်ဖြစ်ခြင်းကိုလည်း ကာကွယ်နိုင်သည်။
ဆေးသည် ရောဂါကို ကုသနိုင်သော ဆေးမဟုတ်ပါ၊ သို့သော် လက္ခဏာများကိုသာ သက်သာစေနိုင်သည်။
ဆေးပြားများ (လျှာတွင် အရည်ပျော်သည့် orodispersible tablets အပါအဝင်) ထိုးဆေးပုံစံဖြင့် ရရှိနိုင်သည်
Olanzapine ကို အချို့နိုင်ငံများတွင် ဆေး ညွှန်းဖြင့်သာ ရရှိနိုင်သည်။
အရေးကြီးသောအချက်များ
- လက္ခဏာများ သက်သာရန် ရက်ပေါင်းအနည်းငယ်မှ ရက်သတ္တပတ်များအထိ ကြာနိုင်သည်။
- စတင်သောက်ချိန်တွင် စိတ်အေးချမ်းစေသည်: အခြားလက္ခဏာများ သက်သာမှုမရှိသေးခင် စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်သည်။
- ဖြစ်လေ့ရှိသော ဆိုးကျိုးများ: အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ နှင့် ဝမ်းချုပ်ခြင်း ဖြစ်နိုင်သည်။
- Olanzapine သည် dopamine နှင့် serotonin များအား ထိန်းညှိခြင်းဖြင့် လက်ရှိလက္ခဏာများကို ထိန်းချုပ်သည်။
- သက်သာမှုရှိနေပါကလည်း ဆရာဝန်၏ညွှန်ကြားမှုမရရှိမီ ဆေးသောက်ခြင်းကိုမရပ်လိုက်သင့်ပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.