Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antipsychotic
ပါဝင်သည့်အကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- စိတ်ရောဂါ
- စိတ်ကစဉ့်ကလျားရောဂါ
- စိတ်အတက်ကြွလွန်မှု
ရှာတွေ့နိုင်သောအမှတ်တံဆိပ်များ
Resco, Sizomax, Sizodon, Shinodone, Risdone
အကျဥ်းချုပ်
Risperidone သည် အာရုံကြောဆိုင်ရာကျန်းမာရေးပြဿနာများ (mental health conditions) အချို့ကို သက်သာစေသော ဆေးတစ်မျိုးဖြစ်သည်။ကုသနိုင်သောရောဂါများမှာ-
- စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia): အခြားသူများမမြင်နိုင်၊ မကြားနိုင်သည့်အရာများကို မြင်ကြားရခြင်း၊ မယုံနိုင်သော အယူအဆ သံသယများခြင်းနှင့်တွေးမှားရောဂါစွဲခြင်း
- စိတ်အတက်အကျမြန်ရောဂါ (Bipolar disorder)
- စိတ်အတက်ကြွလွန်မှု (mania symptoms)ရန်လိုမှု သို့မဟုတ် တုန်လှုပ်ခြောက်ခြားမှုဖြစ်သော ၅နှစ်အောက် ကလေးများနှင့် သင်ကြားရေးစွမ်းရည်ချို့တဲ့သောလူငယ်များ အယ်လ်ဇိုင်းမာရောဂါ
- အယ်လ်ဇိုင်းမာရောဂါရှိသူများ: ကြမ်းတမ်းမှုရန်လိုမှု သို့မဟုတ် တုန်လှုပ်ခြောက်ခြားမှု
ရောဂါများကို မကုသပေးနိုင်သော်လည်း လက္ခဏာများကိုသက်သာစေသည်။
Risperidoneသည် အချို့နိုင်ငံများတွင် ဆေးညွှန်းဖြင့်သာ ရရှိနိုင်သည်။
Risperidone သည် ဆေးပြား (လျှာပေါ်တွင်ပျော်ဝင်နိုင်သောဆေးပြားများပါဝင်သည်)၊ အရည်ပုံစံတို့အဖြစ် ရရှိနိုင်သည်။
ထိုးဆေးပုံစံ (စကိဇိုဖရီးနီးယားအတွက်သာ) လည်းရရှိနိုင်သည်။
အရေးပါသောအချက်များ
- Risperidone သည် (dopamine) စသည်တို့ ကို ထိန်းချုပ်ခြင်းဖြင့် ရောဂါလက္ခဏာများကိုသာ ထိန်းထားပေးသည်။
- လက္ခဏာများ သက်သာရန် ရက်ပေါင်းအနည်းငယ်မှ လများအထိ ကြာနိုင်သည်။
- ဖြစ်လေ့ရှိသောဆိုးကျိုးများ: အိပ်ငိုက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုအခက်အခဲများနှင့် ခေါင်းကိုက်ခြင်း အများဆုံး ဖြစ်နိုင်သည်။
- အစားအသောက်ကြောင့် ကိုယ်အလေးချိန်တိုးနိုင်သည်
- ဆေးစတင်သောက်ချိန်တွင် အရက်သောက်ခြင်းမလုပ်ရန်: ဆေး၏ သက်ရောက်မှုကို သေချာမသိခင်အထိ အရက်သောက်ခြင်းကို ရှောင်ရှားသင့်သည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.