Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Non-Steroidal Anti-Inflammatory Drug (NSAID)
အသုံးပြုနိုင်သောရောဂါများ
- နာကျင်ကိုက်ခဲခြင်း
- ရောင်ရမ်းခြင်း
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Naprofazt, Aleve
အကျဥ်းချုပ်
Naproxen သည် Non-Steroidal Anti-Inflammatory Drug (NSAID) ဆေးတစ်မျိုးဖြစ်ပြီး၊ အဆစ်များနှင့် ကြွက်သားများတွင် ရောင်ရမ်းမှု (inflammation) နှင့် နာကျင်မှု ကို လျော့ချပေးသည်။
Naproxen ကို အောက်ပါအခြေအနေများတွင် ကုသရန် အသုံးပြုနိုင်သည်-
- လေးဖက်နာအရိုးအဆစ်ရောင်ခြင်း (Rheumatoid arthritis)
- အရိုးအဆစ်ရောင်ခြင်း (Osteoarthritis)
- ဂေါက်ရောဂါ (Gout)
- ရာသီလာစဥ်နာကျင်ကိုက်ခဲခြင်း
- ကျောနာခြင်း၊ ကြွက်သားနှင့် အရိုးဆိုင်ရာ နာကျင်မှုများ
Naproxen သည် ဆေးပြားသို့မဟုတ် အရည်အဖြစ် ရရှိနိုင်ပြီး အချို့နိုင်ငံများတွင်ဆရာဝန်ဆေးစာဖြင့်သာရနိုင်သည်။
အရေးပါသောအချက်များ
- Naproxen ကို အစာစားပြီးချိန်တွင် သို့မဟုတ် အစားအစာနှင့်အတူ သောက်ပါ။
- သင့်ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် အနည်းဆုံးပမာဏကို အချိန်တိုအတွင်းသောက်ပါ။
- အများဆုံး တွေ့ရသော ဆိုးကျိုးများမှာ မူမမှန်မှု၊ ခေါင်းကိုက်ခြင်း၊ နားအူခြင်း၊ အမြင်ပြောင်းလဲမှု၊ မောပန်းခြင်း၊ အိပ်ငိုက်မှု၊ မူးဝေမှုနှင့် အရေပြားပေါ်တွင် အဖုအပိန့်များ ဖြစ်ခြင်း ဖြစ်သည်။
- အရွတ်အကြောထိခိုက်မှုများအတွက် အချို့သောဆရာဝန်များက Naproxen ကို သုံးစွဲရန်မတိုင်မီ ၄၈ နာရီစောင့်ပါ ဟု ညွှန်ကြားကြသည်။ အဘယ်ကြောင့်ဆိုသော် Naproxenသည် အနာကျက်ခြင်းကိုနှေးကွေးစေနိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် သေချာရန် ဆရာဝန်နှင့် ဆွေးနွေးပါ။
- Naproxen ကို ရေရှည်သောက်စေသည့် အခြေအနေများတွင်၊ သို့မဟုတ် အစာအိမ်အနာ ဖြစ်နိုင်ချေရှိသူများအတွက် Omeprazole သို့မဟုတ် Lansoprazole တို့ကဲ့သို့သော အစာအိမ်ဆေးများကို ဆရာဝန်က ညွှန်းနိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.