Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Antibiotic (Penicillin)
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- ဘက်တီးရီးယားပိုးဝင်ခြင်း
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Amoxil, Ospamox, Respillin, Amoxi-Denk, Moxitan, Moxytro
ဤဆေးကို အောက်ပါ နာမည်အဖြစ်လည်းသိကြသည် :
Amoxycillin
အကျဥ်းချုပ်
အမော့စစ်ဆီလင် (Amoxicillin) သည် ပီနီစီလင် အမျိုးအစား အန်တီဘိုင်အိုတစ် (Penicillin Antibiotic) တစ်မျိုးဖြစ်ပြီး ဘက်တီးရီးယားရောဂါများကို ကုသရန်အသုံးပြုသည်။ဥပမာ - အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း (Chest infections) နမိုးနီးယား (Pneumonia) အပါအဝင် သွားဖုံးရောင်ခြင်း (Dental abscesses) အစာအိမ်အနာ (Stomach ulcers) အခြားအန်တီဘိုင်အိုတစ်နှင့် ဆေးဝါးများနှင့်အတူအသုံးပြုသည်။
ကလေးများအတွက် အသုံးပြုမှု နားရောင်ခြင်း (Ear infections) အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း (Chest infections)
Amoxicillin သည် အချို့နိုင်ငံများတွင်ရာဝန်ဆေးစာဖြင့်သာရရှိနိုင်သည်။
အရေးကြီးသောအချက်များ
- အများအားဖြင့် ရက်အနည်းငယ်အတွင်း သက်သာလာနိုင်သည်။
- ဖြစ်လေ့ရှိသောဘေးထွက်ဆိုးကျိုးများ ပျို့အန်ခြင်း (Nausea) ဝမ်းလျှောခြင်း (Diarrhoea)
- ဆေးရည်က သွားကို အရောင်စွန်းစေနိုင်သည်။ သွားတိုက်တံဖြင့် ပြန်လည်သန့်စင်နိုင်သည်။
- အမော့စစ်ဆီလင် သောက်သုံးစဉ် အရက်သောက်နိုင်သည်။
- တစ်ခါတစ်ရံ့မှိုပိုးဝင်ခြင်း (Thrush) ဖြစ်နိုင်သည်။
- ဤဆေးကို သတ်မှတ်ထားသော အချိန်ထိ ရက်ပြည့်အောင် သောက်ပါ။ သက်သာသော်လည်း ဆေးကို မရပ်ပါနှင့်။ ဆေးကုသမှုကို မပြီးသေးပဲ ရပ်လိုက်ပါက ပိုးဝင်ရောဂါ ပြန်လည်ဖြစ်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.