Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Anticoagulant (Factor Xa Inhibitor)
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- သွေးကြဲစေရန်
- သွေးခဲခြင်း
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Apxban, Eliquis
အကျဥ်းချုပ်
Apixaban သည် သွေးကျဲဆေး (anticoagulant) တစ်မျိုးဖြစ်သည်။
သင့်သွေးများ သွေးကြောများအတွင်း ပိုမိုလွယ်ကူစွာ စီးဆင်းစေရန် ကူညီပေးပါသည်။ ဤဆေးသည် အန္တရာယ်ရှိသော သွေးခဲများ (blood clots) ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါသည်။
Apixaban ကို အောက်ပါ သွေးခဲဆိုင်ရာ ကျန်းမာရေးပြဿနာများ အတွက် ကုသရန် (သို့) ကာကွယ်ရန် သုံးပါသည်:
- ခြေထောက်တွင် သွေးခဲပိတ်ခြင်း (DVT - Deep Vein Thrombosis)
- အဆုတ်တွင် သွေးခဲပိတ်ခြင်း (Pulmonary Embolism)
ထို့အပြင်၊ အောက်ပါ သွေးခဲဖြစ်နိုင်ခြေမြင့်မားသူများတွင် ကာကွယ်ရန် အတွက်လည်း သုံးပါသည်
သွေးခဲဖြစ်နိုင်ခြေမြင့်မားသူများတွင် :
- လေဖြတ်ဖူးခြင်း (သို့) ယာယီလေဖြတ်ခြင်း (TIA - Transient Ischaemic Attack)
- နှလုံးခုန်မမှန်ခြင်း (Atrial Fibrillation)
- နှလုံးအလုပ်မလုပ်နိုင်ခြင်း (Heart Failure)
- တင်ပဆုံရိုး (သို့) ဒူးဆစ် အစားထိုးခွဲစိတ်မှု ခံယူထားသူများ
Apixaban ကို တချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရနိုင်ပြီး ဆေးပြား (tablets) ပုံစံဖြင့် ရရှိပါသည်။
အရေးကြီးသော အချက်များ
- တစ်နေ့ ၂ ကြိမ် (နံနက်/ည) ပုံမှန်သောက်ရန် လိုအပ်ပါသည်။
- အစာနှင့် ရော၍ (သို့) အစာမစားဘဲ သောက်နိုင်ပါသည်။
- အဖြစ်များသော ဘေးထွက်ဆိုးကျိုး မှာ သွေးအလွယ်တကူယိုစိမ့်ခြင်း ဖြစ်ပါသည်။နှာခေါင်းသွေးလျှံခြင်း ဓမ္မတာလာစဉ် သွေးဆင်းများခြင်း သွားဖုံးသွေးယိုခြင်း အညိုအမည်းစွဲလွယ်ခြင်း
- သင့်ဆရာဝန် (သို့) ဆေးဝါးပညာရှင်မှ "Anticoagulant Alert Card" ပေးနိုင်ပါသည်။ ဤကတ်ပြားကို အမြဲလက်ကိုင်ဆောင်ထားပါ။ ခွဲစိတ်ကုသမှု (သို့) သွားကုသမှု မခံယူမီ ဆရာဝန်/သွားဆရာဝန်ကို ပြသပါ။
- Apixaban သောက်နေကြောင်း ကို မည်သည့်ဆရာဝန် (သို့) သွားဆရာဝန်ကိုမဆို အမြဲပြောပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းဆေးသည် သွေးထွက်လွယ်စေသော အန္တရာယ် ရှိသောကြောင့်ဖြစ်သည်။
- Apixaban သောက်နေစဉ် အရက်ကို အနည်းငယ်သောက်နိုင်သော်လည်း၊
အလွန်အကျွံသောက်ခြင်း (အထူးသဖြင့် တစ်ပြိုင်နက် အများကြီးသောက်ခြင်း) သည် ဆေး၏အာနိသင်ကို ပိုမိုမြင့်တက်စေပြီး သွေးထွက်နိုင်ခြေကို ပိုမိုများစေနိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.