ကလိုပီဒိုဂရယ် (Clopidogrel)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Antiplatelet

အသုံးပြုနိုင်သောရောဂါများ

  • သွေးကြဲစေရန်
  • သွေးခဲခြင်း 

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Clopilet, Pedogrel, Clovix, Clopistal, Clodrel, Clopi-Denk, Plavix

အကျဥ်းချုပ်

Clopidogrel သည် သွေးဥမွှားများ (platelets) စုပေါင်းခြင်းနှင့် အန္တရာယ်ရှိသော သွေးခဲများ (blood clots) ဖြစ်ပေါ်မှုကို တားဆီးပေးသည့် သွေးကျဲဆေး (antiplatelet medicine) တစ်မျိုးဖြစ်ပါသည်။

Clopidogrel ကို အောက်ပါအခြေအနေများတွင် သွေးခဲဖြစ်နိုင်ခြေမြင့်မားသူများ အတွက် ကာကွယ်ရန် သုံးပါသည်

သွေးခဲဖြစ်နိုင်ခြေမြင့်မားသူများ တွင် :

  • နှလုံးဖောခြင်း (Heart Attack)
  • နှလုံးသွေးကြောကျဉ်းရောဂါ (Unstable Angina)
  • လေဖြတ်ခြင်း (သို့) ယာယီလေဖြတ်ခြင်း (Stroke/TIA - Transient Ischaemic Attack)
  • ခြေလက်သွေးကြောကျဉ်းရောဂါ (Peripheral Arterial Disease)
  • နှလုံး (သို့) သွေးကြောဆိုင်ရာ ခွဲစိတ်မှုခံယူထားသူများ (ဥပမာ - သွေးကြောထည့်ကုသမှု - Coronary Stent Insertion)

Clopidogrel ကို ဆေးပြား (tablets) ပုံစံဖြင့် ရရှိပြီး တချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူနိုင်ပါသည်။

အရေးကြီးသော အချက်များ

  • ပုံမှန်သောက်ရန်ဆေးပမာဏ - တစ်နေ့လျှင် ၇၅ မီလီဂရမ် (75mg) (တစ်ကြိမ်)
  • Aspirin (အက်စပရင်) နှင့် တွဲဖက်၍ (သို့) အစားထိုး၍ ညွှန်ကြားနိုင်ပါသည်။
  • အဓိကဘေးထွက်ဆိုးကျိုး - သွေးအလွယ်တကူယိုစိမ့်ခြင်း နှာခေါင်းသွေးလျှံခြင်း ဓမ္မတာလာစဉ် သွေးဆင်းများခြင်း သွားဖုံးသွေးယိုခြင်း အညိုအမည်းစွဲလွယ်ခြင်း
  • Clopidogrel သောက်နေစဉ် အရက်အနည်းငယ်သောက်နိုင်သော်လည်း အလွန်အကျွံသောက်ပါက အစာအိမ်ကို ထိခိုက်စေနိုင်ပါသည်။
  • ခွဲစိတ်မှု (သို့) သွားနှင့်ခံတွင်းကုသမှုမခံယူမီ Clopidogrel ကို ယာယီရပ်ရန် လိုအပ်နိုင်ပါသည်။ သို့သော် ဆရာဝန် (သို့) သွားဆရာဝန်နှင့် အရင်တိုင်ပင်ပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 November 2024
ဝါဖာရင် (Warfarin)
Medicine Guide