ဗူဒီဆိုနိုက် (Budesonide)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Drug Class

Corticosteroid

အသုံးပြု နိုင်သောရောဂါများ

  • ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော နှာ ာခေါင်းအတွင်းရောင်ရမ်းခြင်း

တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ

Busocort, Busonase, Rhinocort, Rhinocort Aqua, Benacort

အကျဥ်းချုပ်

Budesonide nasal (nose) spray သည် ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှာရည်ယိုခြင်း ကဲ့သို့သော တချို့အအေးမိရောဂါ လက္ခဏာများ ကို ကုသရန်အသုံးပြုသည်။ ၎င်းသည် နှာခေါင်းအတွင်းတွင်ရောင်ရမ်းခြင်းကို ကုသရန် အသုံးပြုပါသည်၊ ဤသည်မှာ ပန်းဝတ်မှုန်နှင့်ဓာတ်မတည့်ခြင်း ကဲ့သို့သော allergy ကြောင့် ဖြစ်ပေါ်နိုင်ပါသည်။

ဒါ့အပြင် Budesonide သည် နှာခေါင်းအသားပိုများ (နှာခေါင်းအတွင်းရှိ နူးညံ့ပြီးနာကျင်မှုမရှိသော ကြီးထွားမှုများ) ကို သက်သာစေရန် အသုံးပြုသည်၊ ဤသည်က နှာခေါင်းပိတ်မှု ကို လျော့ချရန် အကူအညီပေးပါသည်။

Budesonide သည် စတီးရွိက်(သို့မဟုတ် ကော်တီကိုစတီရွိက်) ဟုခေါ်သော ဆေးအမျိုးအစားတစ်ခုဖြစ်ပါသည်။ စတီးရွိက်များသည် သင့်ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထုတ်လုပ်သော ပစ္စည်းတစ်မျိုး၏ အလားတူပုံစံဖြစ်သည်။ ၎င်းသည် anabolic steroids. များ နှင့် မတူပါ။

Budesonide nasal spray သည် အချို့နိုင်ငံများတွင် ဤဆေးကို ကလေးများ (6 နှစ်နှင့်အထက်)အတွက် ဆရာဝန်ဆေးစာ ဖြင့် ရနိုင်ပါသည်။  ဆေးဆိုင်များတွင် အသက် 18 နှစ်နှင့်အထက် လူကြီးများအတွက် ဝယ်ယူနိုင်ပါသည်။


Budesonide သည် အခြားအမျိုးအစားများလည်း ရနိုင်ပါသည်၊ ၎င်းတို့မှာ:

  • ရှူဆေး – အဆုတ်ရောဂါ နှင့်နာတာရှည်လေပြွန်ကျဥ်းရောဂါ chronic obstructive pulmonary disease (COPD) ကို ကုသရန်
  • ဆေးပြား,ဆေးတောင့်နှင့် ဆေးမှုန့် – Crohn's disease၊ ulcerative colitis၊ autoimmune hepatitis နှင့် eosinophilic oesophagitis ကဲ့သို့သော ရောဂါများ အတွက်
  • စအိုတွင်းတည့် ဆေးနှင့်  ဝမ်း ချူတောင့်-  ulcerative colitis အတွက်

အရေးကြီးသောအချက်များ

  • Budesonide nasal spray ကို ပုံမှန် သုံးစွဲရပါမည်။
  • allergic rhinitis အတွက် Budesonide nasal spray သည် အာနိသင်ရရန် ရက်အနည်းငယ်ကြာနိုင်ပါသည်။အချို့သောလူများအတွက် ၎င်းသည် အကျိုးသက်ရောက်မှုများ ပြည့်စုံစွာရရန် ရက်ပေါင်းများစွာကြာနိုင်ပါသည်။
  • နှာခေါင်းအသားပိုများ အတွက် ၎င်းသည် 1 သို့ 2 လကြာပြီးမှ အကျိုးရှိခြင်းကို မြင်နိုင်ပါသည်။
  • အများအားဖြင့် ဆိုးကျိုးများ သည် နှာချေခြင်း၊ နှာခေါင်းသွေးယိုခြင်းနှင့် နှာခေါင်းရောင်ခြင်း ခြောက်ခြင်း ဖြစ်နိုင်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ဖလူတီကာဇုန်း နှာခေါင်းဖြန်းဆေး/ဆေးရည် (Fluticasone Nasal Spray and Drops)
Medicine Guide