ဖလူတီကာဇုန်း နှာခေါင်းဖြန်းဆေး/ဆေးရည် (Fluticasone Nasal Spray and Drops)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Drug Class

Corticosteroid

အသုံးပြု နိုင်သောရောဂါများ

  • ဓာတ်မတည့်ခြင်း ကြောင့်ဖြစ်သော နှာခေါင်း‌တွင်းရောင်ရမ်းခြင်း

တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ

Flixonase, Avamys, Fluticon, Lutisone, Flutiheal

အကျဥ်းချုပ်

Fluticasone nasal (nose) spray သည် ပန်းဝတ်မှုန်နှင့်ဓာတ်မတည့်ခြင်း နှင့် allergic rhinitis များအတွက် လက္ခဏာများကို ကာကွယ်ရန်နှင့် ကုသရန် အသုံးပြုသော စတီးရွိက် ဆေးပါ။ ဤသည် နှာချေခြင်း, နှာရည်ယိုခြင်း, မျက်လုံးယားယံပြီး မျက်ရည်ထွက်ခြင်း နှာခေါင်းပိတ်ခြင်း အခြေအနေများကို ကုသပေးပါသည်။ ဤအခြေအနေများသည် လေထုရှိ ဝတ်မှုန်များ၊ ဖုန်မှုန့်ပိုးများနှင့် တိရိစ္ဆာန်အမွှေး ကဲ့သို့သော အရာများကြောင့် ဖြစ်ပေါ်သည်။

Fluticasone သည် နှာခေါင်းထဲတွင် ရောင်ရမ်းခြင်းနှင့် စပ်ဖျဥ်းဖျဥ်းဖြစ်ခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ပေးသည်။

နှာခေါင်းအသားပိုများကိုသေးငယ်စေပြီး နှာခေါင်းပိတ်ခြင်းကိုသက်သာစေရန် နှာခေါင်းအစက်ချဆေးအနေနဲ့လည်း ရနိုင်ပါသည်။ ဤဆေးသည် အချို့နိုင်ငံများ တွင် ဆရာဝန်ဆေးစာ ဖြင့်သာ ရနိုင်ပါသည်။

Fluticasone သည် စတီးရွိက် (သို့မဟုတ် ကော်တီကိုစတီရွိက်) ဟုခေါ်သော ဆေးအမျိုးအစားတစ်ခုဖြစ်ပါသည်။ အကယ်၍ ယင်းသည် anabolic steroids နှင့် မတူပါ။

အချို့သော နှာခေါင်းဖျန်းဆေးများ တွင် fluticasone ကို တခြားဆေးများနှင့် တွဲဖက်အသုံးပြုထားသည်။ ဤဆေးများသည်allergic rhinitis ကို ကုသရန်အသုံးပြုပါသည်။

Fluticasone သည် အဆုတ်ရောဂါနှင့် chronic obstructive pulmonary disease (COPD) ကို ကုသရန် inhaler အဖြစ်လည်း ရနိုင်ပါသည်၊ ဒါ့အပြင် eczema နှင့် dermatitis ကဲ့သို့သော အသားအရေပြဿနာများအတွက် လိမ်းဆေးအဖြစ်လည်း ရရှိနိုင်ပါသည်။

အရေးကြီးသောအချက်များ

  • fluticasone ကို ပုံမှန်သုံးစွဲရပါမည်။
  • အများအားဖြင့် fluticasone ၏ ဆိုးကျိုးများမှာမကောင်းသောအနံ့ အရသာရခြင်း ၊ နှာခေါင်းသွေးယိုခြင်းနှင့် လည်ချောင်းနာခြင်း နှာခေါင်းရောင်ရမ်းခြင်းများဖြစ်ပါသည်။
  • ကလေးများအတွက် အမှတ်တံဆိပ်အားလုံးမသင့်တော်နိုင်ပါ။ သင်၏ကလေးသည်ညွှန်ကြားထားသောဖျန်းဆေး သာသုံးစွဲရပါမည်။
  • ကိုယ်ဝန်ဆောင်ဖြစ်ပါက fluticasone nasal spray ကို ဆရာဝန် သို့မဟုတ်ဆေးဝါးပညာရှင် နဲ့ ဆွေးနွေးပြီးမှ ဝယ်ယူသင့်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ကာဘီမာဇိုး (Carbimazole)
Medicine Guide