Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Imidazole
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ (hyperthyroidism)
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Camazol, Carkozom, Carbizole
အကျဥ်းချုပ်
Carbimazole သည် သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ (hyperthyroidism) ကို ကုသရန် အသုံးပြုသော ဆေးပါ။ ဤသည်မှာ သင်၏သိုင်းရွိုက် ဂလင်းသည် အလွန်များသော သိုင်းရွိုက် ဟော်မုန်းများကို ထုတ်လုပ်သောအခါ ဖြစ်ပေါ်သည်။
သင်၏ သိုင်းရွိုက် သည် သင့်ရဲ့ နှလုံးခုန်နှုန်းနှင့် ကိုယ်အပူချိန်ကို ထိန်းချုပ်ထားသည်။ အကယ်၍ အလွန်များသော ဟော်မုန်းများ ထုတ်လုပ်လျှင် အလေးချိန်ကျဆင်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိတ်အပြောင်းအလဲမြန်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများ ဖြစ်နိုင်သည်။
Carbimazole သည် သင်၏ သိုင်းရွိုက် ဟော်မုန်း ထုတ်လုပ်မှုကို လျော့နည်းစေရန် ကူညီပေးပြီး ယင်းရောဂါလက္ခဏာများကို သက်သာစေပါသည်။
ဤဆေးသည်အချို့ နိုင်ငံများတွင် ဆရာဝန်ဆေးစာ ဖြင့်သာ ရနိုင်ပါသည်။
တစ်ခါတစ်ရံ သင်၏ဆရာဝန်သည် carbimazole ကို beta blocker နှင့်အတူ တွဲပေးနိုင်ပါည်။ ဤသည်မှာ သင်တွင် နှလုံးခုန်နှုန်းမြင့်ခြင်း၊ စိတ်လှုပ်ရှားခြင်းများရှိပါက ရောဂါလက္ခဏာများကို ကူညီဖြေရှင်းပေးနိုင်ပါသည်။
အရေးကြီးသောအချက်များ
- carbimazole သုံးစွဲမှုမတိုင်မီနှင့် သုံးစွဲနေစဉ်တွင် သင်အတွက် သွေးစစ်ဆေးခြင်း ပြုလုပ်ရပါမည်။
- ဤဆေးကို စတင်သောက်ပြီးသင့်ရောဂါလက္ခဏာများ သက်သာလာရန် ၃ ပတ် ကြာနိုင်ပါသည်။
- ဘေးထွက်ဆိုးကျိုးများသည် အများအားဖြင့် ၈ ပတ် အတွင်း ဖြစ်ပေါ်ပြီး ကြာရှည်မည်မဟုတ်ပါ။
- သွေးဖြူဥ ရုတ်တရက်နည်းခြင်းသည် ရှားပါးအဆင့်တွင် ဖြစ်နိုင်သည်။ ဤသည်မှာ သင်၏ခန္ဓာကိုယ်၏ ကူးစက်ရောဂါများကို တိုက်ဖျက်ရန် အခက်အခဲ ဖြစ်စေနိုင်ပါသည်။
- carbimazole ကို ကိုယ်ဝန်ဆောင်သောအခါဆေးပမာဏ ကို တိတိကျကျ သတိထား စောင့်ကြည့်သင့်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.