စင်နာရီဇင်း (Cinnarizine)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

antihistamine


အသုံးပြု နိုင်သောရောဂါများ

  • ပျို့အန်ခြင်း (သို့) မအီမသာဖြစ်ခြင်း
  • ခရီးသွားလာစဉ် မူးဝေခြင်း


တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ

Stugeron

အကျဥ်းချုပ်

Cinnarizine သည် antihistamine တစ်မျိုးဖြစ်ပြီး ပျို့အန်ခြင်း (သို့) မအီမသာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သော ဆေးဝါးဖြစ်ပါသည်။

ဦးနှောက်အတွင်းရှိ histamine ၏ သက်ရောက်မှုများကို ပိတ်ဆို့ပေးခြင်းဖြင့် ခရီးသွားလာစဉ် မူးဝေခြင်း (motion sickness) လက္ခဏာများကို လျှော့ချပေးပါသည်။

နားအတွင်းပိုင်းရှိ သွေးလည်ပတ်မှုကို မြှင့်တင်ပေးခြင်းဖြင့် vertigo၊ tinnitus နှင့် Ménière's disease တို့ကြောင့် ဖြစ်ပေါ်လာသော မူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့ကို သက်သာစေပါသည်။

Cinnarizine သည် အိပ်ငိုက်စေသော (sedating) antihistamine တစ်မျိုးဖြစ်သည့်အတွက် အခြား antihistamine ဆေးများထက် ပိုမိုအိပ်ငိုက်စေနိုင်ပါသည်။

ထို့အပြင် ဤဆေးကို dimenhydrinate (နောက်ထပ် antihistamine တစ်မျိုး) နှင့် ရောစပ်ထားသော ပုံစံဖြင့် vertigo ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။

Cinnarizine ကို ဆေးပြားအဖြစ် သောက်သုံးရပြီး၊ အချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် သို့မဟုတ် ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

အရေးကြီးသော အချက်များ

  • Cinnarizine သောက်သုံးနေစဉ် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ အရက်သည် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေပါသည်။
  • ခရီးသွားလာစဉ် မူးဝေခြင်းကို ကာကွယ်ရန် ခရီးမထွက်မီ ၂ နာရီအလိုတွင် Cinnarizine ကို သောက်သုံးပါ။ လိုအပ်ပါက ၈ နာရီကြာပြီးနောက် နောက်တစ်ကြိမ် ထပ်သောက်နိုင်ပါသည်။
  • ဘေးထွက်ဆိုးကျိုးများမှာ အိပ်ငိုက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း နှင့် အစာမကြေခြင်းတို့ ဖြစ်တတ်ပါသည်။
  • Cinnarizine သည် ဖြည်းဖြည်းချင်း စတင်အလုပ်လုပ်ပြီး၊ အပြည့်အဝသက်ရောက်မှုရှိရန် ၄ နာရီခန့် ကြာနိုင်ပါသည်။
  • အစာအိမ်အား မထိခိုက်စေရန် Cinnarizine ကို အစာစားပြီးမှ သောက်သုံးပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
14 March 2025
ဘီတာဟစ်စတင် (Betahistine)
Medicine Guide