Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antifungal
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- မှို ကြောင့်ဖြစ်သော အရေပြားရောဂါများ
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Canesten, Clotri-Denk
အကျဥ်းချုပ်
Clotrimazole သည် fungus (yeast)မှို ကြောင့်ဖြစ်သော အရေပြားရောဂါများ ကိုကုသရန် အသုံးပြုသည့် ပိုးသတ်ဆေး (antifungal medicine) ဖြစ်သည်။ ၎င်းသည် ရောဂါဖြစ်စေသော fungus များကို သေစေခြင်းဖြင့် ကုသပေးသည်။
Clotrimazole ကို fungal infections များအတွက် အောက်ပါရောဂါများကို ကုသရန် အသုံးပြုသည်။
- Athlete's foot
- Ringworm(ပွေး)
- Fungal nail infections(လက်သည်းမှိုစွဲခြင်း)
- Infected nappy rash( အနှီးကြောင့် ဖြစ်သောယားနာ)
- အရေပြားခေါက်တွ့န်များကြားယားယံခြင်း(intertrigo)
အရေးကြီးသောအချက်များ
- Clotrimazole သည် fungal infections ကို ကုသရန် 7 ရက် အကြာတွင် သက်သာစေပါသည်။
- Clotrimazole ကို နေ့ကို 2 သို့ 3 ကြိမ် ဖြစ်ပွားသောအရေပြားနေရာတွင် တွင်လိမ်းပြီး 2 ပတ်အထိ သုံးရန်လိုအပ်ပါသည်။
- Clotrimazole cream, spray သို့မဟုတ် solution ကိုဆရာဝန်မညွှန်ကြားပဲ 4 ပတ်ကျော် မသုံးပါနှင့်။ ၎င်းသည် fungal infections resistance ဖြစ်စေနိုင်ပြီး ဆေးယဥ်ပါးမှုဖြစ်နိုင်ပါသည်။
- ဆိုးကျိုးများ (Side Effects) Skin irritation - အ ရေပြားနီမြန်းခြင်းဖြစ်တတ်သည်။
- ကူးစက်ပျံ့နှံ့မှုမဖြစ်စေရန် ဆေးလိမ်းပြီးတိုင်း လက်ကို သေချာဆေးပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.