တာဘီနာဖင် (Terbinafine)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Antifungal

အသုံးပြုနိုင်သောရောဂါများ

  • fungus (yeast) ကြောင့်ဖြစ်သော အရေပြားရောဂါများ ကိုကုသရန်

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Lamisil, Terbisil, Terbipac, Terbaris, Terbinaforce, Terbinadoc, Ecoter

အကျဥ်းချုပ်

Terbinafine သည် fungus (yeast) ကြောင့်ဖြစ်သော အရေပြားရောဂါများ ကိုကုသရန် အသုံးပြုသည့် ပိုးသတ်ဆေး (antifungal medicine) ဖြစ်သည်။

  • Athlete's foot
  • fungal nail infections(လက်သည်းမှိုစွဲ)
  • Ringworm(ပွေး)
  • jock itch(ပေါင်ခြံမှိုစွဲ)
  • Pityriasis versicolor – အရေပြားအဖတ်ကွာခြင်းနှင့် အရောင်ပြောင်းလဲခြင်းဖြစ်သည်။
  • Candidal skin infections(အရေပြားမှိုစွဲ)

Terbinafine သည် အထက်ပါရောဂါများအတွက် အသုံးပြုနိုင်သော အရေပြားပေါ်တွင် လိမ်းသုံးသော ခရင်မ်၊ ဂျယ်၊ သုံးဆေးပျံစသဖြင့် ရနိုင်ပါသည်။ Athlete's foot အတွက် အရည်ပုံစံ (solution) လည်း ရနိုင်ပါသည်။

အရေးကြီးသောအချက်များ

  • fungal infections များသည် 1 မှ 2 ပတ် အတွင်း terbinafine အသုံးပြုခြင်းဖြင့် အဆင်ပြေတတ်သည်။ လက်သည်းမှိုရောဂါများ အတွက် 3 လထက်ပိုပြီး ကုသရန်ကြာနိုင်ပါသည်။
  • cream, gel and spray များသည် တစ်ပတ်အတွင်းအကျိုးသက်ရောက်မှု ရှိနိုင်ပြီး သောက်ဆေးများသည် 2 ပတ်မှ လများစွာအထိ လိုနိုင်ပါသည်။
  • ဆိုးကျိုးများ (Side effects) ဆေးလိမ်းသည့်နေရာတွင် irritation ရှိနိုင်သည်။
  • Tablets သောက်ဆေးများတွင် အစာစားလိုစိတ်နည်းခြင်း (Reduced appetite) အရိုးအဆစ်နာခြင်း (joint or muscle pain) အစာအိမ်နာခြင်း (Upset stomach)
  • terbinafine ကို ရောဂါသက်သာသွားသော်လည်းရက်ပြည့်အောင်သောက်ရန်လိုပါသည်။ ဆက်လက်မသောက်လျှင် fungal infection ပြန်လည်ဖြစ်ပေါ်နိုင်ပါသည်။
  • terbinafine tablets သောက်နေစဥ် တွင် သွေးလှူခြင်း (blood donation) မပြုလုပ်ပါနှင့်။ terbinafine tablets သောက်ပြီး 7 ရက် ကြာပြီးမှသာ သွေးလှူသင့်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ဖလူကွန်နာဇိုး (Fluconazole)
Medicine Guide