ဖလူကွန်နာဇိုး (Fluconazole)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Antifungal

အသုံးပြုနိုင်သောရောဂါများ

  • မှိုအမျိုးမျိုးကြောင့်ဖြစ်သော ရောဂါများ

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Denk Flucona, Flucon, Flucaz, Kozole, Flucoran, Flugal, Flu-Oxy, Fludoc, Canzel, Canesten Thrush Oral Capsule

အကျဥ်းချုပ်

Fluconazole သည် ပိုးသတ်ဆေးအမျိုးအစား (antifungal medicine) တစ်ခုဖြစ်ပြီး fungus မှိုအမျိုးမျိုးကြောင့်ဖြစ်သော ရောဂါများကိုကုသရန် အသုံးပြုသည်။ Candida ပိုးဝင်ခြင်းကို ကာကွယ်ရန်လည်း အသုံးပြုနိုင်သည်။

မှိုပိုးဝင်ခြင်း ၏ အများဆုံးအကြောင်းအရင်းမှာ candida ပိုးကြောင့် ဖြစ်သည်။

Candida ပိုးကြောင့် ဖြစ်သော ရောဂါများ

  • မှက္ခရု(thrush) သို့မဟုတ်မိန်းမကိုယ်မှိုစွဲခြင်း (vaginal thrush), အမျိုးသားများတွင်လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း (balanitis) နှင့် ခံတွင်းမှက္ခရု (oral thrush)
  • သွေး သို့မဟုတ် ခန္ဓာကိုယ်၏နေရာအချို့တွင် ပိုးဝင်ခြင်းများ

ဦးနှောက်အ မြှေးပါးရောင်ခြင်း (Cryptococcal meningitis) Fluconazole သည် fungus cryptococcus ကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါ (cryptococcal meningitis) ကိုကုသရန် အသုံးပြုနိုင်သည်။

fungus ပိုး ကာကွယ်ရန်

  • မိန်းမကိုယ်မှိုစွဲခြင်းvaginal thrush မကြာခဏဖြစ်သူများ
  • ကိုယ်ခံအားနည်းသောသူများ (weakened immune system)
  • ရိုးတွင်းခြင်ဆီအစားထိုးခွဲစိတ်ထားသူများ
  • HIV ရောဂါရှိသူများ
  • cryptococcal meningitis ပိုးရောဂါ ဖြစ်နိုင်ခြေရှိသူများ တွင် အသုံးပြုသည်။

Fluconazoleကို အချို့နိုင် ငံများတွင် ဆရာဝန်ဆေးညွှန်းဖြင့်သာရှရှိနိုင်သည်။ 

အရေးကြီးသောအချက်များ

  • Fluconazole ကို တစ်နေ့တစ်ကြိမ် သောက်ရမည်။
  • သင့်ရောဂါအမျိုးအစား အပေါ် မူတည်၍ ဆေးပမာဏနှင့် ကုသရန်ကြာချိန်သည်ကွဲပြားနိုင်ပါသည်။
  • မိန်းမကိုယ်မှိုစွဲခြင်း (vaginal thrush), အမျိုးသားများတွင်လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း (balanitis) နှင့် ခံတွင်းမှက္ခရု (oral thrush)၏ လက္ခဏာများကို ၇ ရက်အတွင်း သက်သာပေးနိုင်ပါသည်။ပြင်းထန်သော fungus ပိုးများ အတွက် 1 မှ 2 ပတ်ကြာ နိုင်ပါသည်။
  • ဖြစ်လေ့ရှိသောဆိုးကျိုးများ (Common side effects) အော့အန်ခြင်း (Nausea) ဝမ်းလျှောခြင်း (Diarrhoea)
  • Fluconazole ကို ရက်ပြည့်အောင် သောက်ရန်အရေးကြီးပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ရမ်ဒီဆီဗီရ် (Remdesivir)
Medicine Guide