ရမ်ဒီဆီဗီရ် (Remdesivir)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Antiviral

အသုံးပြုနိုင်သောရောဂါများ

  • COVID-19 ရောဂါပိုး ကဲ့ သို့ ဗိုင်းရပ်စ် ပိုးကူးစက်မှု များ

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Veklury

အကျဥ်းချုပ်

Remdesivir သည် ပိုးသတ်ဆေးအမျိုးအစား (antiviral medicine) တစ်ခုဖြစ်ပြီး COVID-19 ရောဂါပိုး၏ ကြီးထွားနှုန်းနှင့်ပျံ့နှံမှုကို တားဆီးပေးသည်။

COVID-19 ရောဂါပိုးအစောပိုင်းဝင်ရောက်မှုကို ကုသရန်,COVID-19 ရောဂါပိုးပေါက်ဖွားစတင်ချိန်တွင် သက်ဆိုင်သော လက္ခဏာပြင်းထန်မှုမှ ကာကွယ်ရန် အသုံးပြုသည်။

Remdesivir ကို လက်မောင်းသွေးကြော (infusion) မှတဆင့် ထိုးဆေးအဖြစ် စနစ်တကျဆေးထိုး ပေးမည်ဖြစ်သည်။

များ COVID-19 စမ်းသပ်မှုအတည်ပြုပြီးချိန်မှ စတင်ပြီး ၇ ရက်အတွင်း ကုသမှု စတင်ဖို့လိုအပ်သည်။ ရောဂါလက္ခဏာပေါ်ပေါက်စပြီးချိန်မှာ ဖြစ်သင့်သည်။

Remdesivir ကို ဆေးရုံ (hospital) ,ကိုဗစ်ကုသရေး စင်တာ တွင်ပင် ဆေးထိုးပေးမည်။

အများအားဖြင့် အချို့နိုင်ငံများတွင် အန္တရာယ်အမြင့်ဆုံး အုပ်စု (highest risk group) ဖြစ်သူများကိုသာ ပေးမည်ဖြစ်သည်။

အရေးကြီးသောအချက်များ

  • Remdesivir ကိုတစ်‌နေ့တစ်ကြိမ် ၃ ရက် တိုင်တိုင် ဆေးရုံတွင်ပင် ကုသမှုခံယူရမည်။ သက်သာမှုခံစားရလျှင်တောင် ကျန်ရှိသောကုသမှုများ ပြီးစီးစေရန် အရေးကြီးပါသည်။
  • COVID-19လက္ခဏာများပြပြီးနောက် ၇ရက်အတွင်း ကုသမှုစတင်ရန်အရေးကြီးသည်။
  • ဆေးသွင်းခြင်းက ၃၀ မိနစ်မှ ၂ နာရီကြား ကြာနိုင်သည်။
  • Remdesivir သည် ဆေးသွင်းပြီးမကြာခင်မှာခင် စတင်အလုပ်လုပ်သည်။
  • ဖြစ်လေ့ရှိသောဆိုးကျိုးများ (Common side effects) ခေါင်းကိုက်ခြင်း (Headaches) နေထိုင်မကောင်းခြင်း (Feeling sick)

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
အာဆိုင်ကလိုဗီရ် (Aciclovir)
Medicine Guide