Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antihistamine
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- ဓာတ်မတည့်ခြင်း
- သက်တမ်းတိုအိပ်စက်ခြင်းပြဿနာများ
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Benadryl, Phenz
အကျဥ်းချုပ်
Diphenhydramine သည် antihistamine အမျိုးအစားဆေးဖြစ်ပြီး ဓာတ်မတည့်သော လက္ခဏာများကို သက်သာစေသည်။ ၎င်းကို drowsy (sedating) antihistamine ဟု သိကြပြီး၊ အခြား antihistamine ဆေးများထက် အိပ်ငိုက်ခြင်း ဖြစ်စေနိုင်မှုရှိသည်။ ၎င်းကို အောက်ပါပြဿနာများအတွက် အသုံးပြုသည်။
- သက်တမ်းတိုအိပ်စက်ခြင်းပြဿနာများ (insomnia) ကို သက်သာစေရန်၊ အထူးသဖြင့်ချောင်းဆိုးခြင်း၊ အအေးမိခြင်း သို့မဟုတ် အရေပြားယားယံခြင်း တို့ကြောင့် အိပ်စက်ရန်ခက်ခဲမှု ဖြစ်ပေါ်စေပါက
- ချောင်းဆိုးခြင်း နှင့် အအေးမိခြင်းလက္ခဏာများ
- hay fever(ပန်းဝတ်မှုန်နှင့်ဓာတ်မတည့်ခြင်း)
- eczema, hives (urticaria) အင်ပြင် နှင့်အင်းစက်ကိုက်ခြင်း ပျားတုပ်ခြင်း
အရေးကြီးသောအချက်များ
- အိပ်စက်ခြင်းကို ကူညီပေးရန် Diphenhydramine ကို အိပ်ရန်မတိုင်မီ ၂၀ မိနစ် ကြိုတင်၍ သောက်သုံးပါ။ ၎င်းသည်ခန္ဓာကိုယ် တွင် စတင်အလုပ်လုပ်ရန် ၃၀ မိနစ်ခန့် ကြာနိုင်ပါသည်။
- Diphenhydramine ၏ အများဆုံးဘေးထွက်ဆိုးကျိုးများ တွင် အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ခြေထောက်မခိုင်ခြင်း တို့ဖြစ်ပါသည်။ အာရုံစိုက်ရန်ခက်ခြင်းနှင့် အာခြောက်ခြင်း ရှိနိုင်ပါသည်။
- Diphenhydramine ကို အချိန်ကြာကြာစွဲသောက်ပါကဆေးအာနိသင်လျော့နိုင်ပြီး ဆေးကိုစွဲလမ်းမှုဖြစ်စေနိုင်ပါသည်။ ၎င်းကို နောက်ထပ် ၂ ပတ်ထက်ပိုသုံးလျှင် ဆရာဝန်နှင့် ဆွေးနွေးရန်လိုအပ်ပါသည်။
- Diphenhydramine ကို သောက်သုံးနေစဉ် အရက် မသောက်သင့်ပါ၊ အရက်သည် ဘေးထွက်ဆိုးကျိုးများ ပိုမိုဖြစ်စေပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.