Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Dopamine Receptor Antagonist
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- ပျို့ခြင်း
- အန်ခြင်း
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Mirax-M, Motilium-M, Domisan-M, Motimin, Gastrovin, Molax-M
အကျဥ်းချုပ်
Domperidone သည် anti-sickness ဆေးအ မျိုးအစားဖြစ်သည်။ .Domperidone သည် အန်ခြင်းကို ရပ်တန့်စေသော ဆေးဝါးတစ်မျိုးဖြစ်သည်။
အစာအိမ်အပေါ်ပိုင်းရှိ ကြွက်သားများကို တင်းကျပ်စေပြီး, အောက်ပိုင်းကြွက်သားများကို အနားယူစေခြင်းဖြင့် အန်ခြင်းကို လျော့ပါးစေသည်။
Domperidone သက်ကြီးရွယ်အိုများ(palliative care) တွင် ဖြစ်သောအစာအိမ်နာခြင်း ကိုကုသရန်အသုံးပြနိုင်သည်။
မိခင်နို့ထွက်မှု တိုးစေခြင်း (increasing milk supply)ဖြစ်ရန်သုံးသည်။ မိခင်နို့တိုက်ကျွေးရာတွင်အခက်အခဲရှိပြီး အခြားနည်းလမ်းများ မအောင်မြင်ပါက ဆရာဝန်မှ အကြံပြု၍ သုံးစွဲနိုင်သည်။
Domperidone သည် အချို့နိုင်ငံများတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သုံးစွဲရန်လိုအပ်သည်။ဆေးပြားသို့မဟုတ် ဆေးရည်အဖြစ်လာသည်။
အရေးကြီးသောအချက်များ
- တစ်နေ့ ၃ ကြိမ်အထိ လိုအပ်သည့်အခါသောက်နိုင်သည်။
- ၃၀ မိနစ်မှ ၆၀ မိနစ် အတွင်း စတင်အလုပ်လုပ်သည်။
- အစာမစားမီသောက်ပါက ပိုထိရောက်သည်။
- အများဆုံးတွေ့ရသော ဘေးထွက်ဆိုးကျိုးမှာ ပါးစပ်ခြောက်သွေ့မှု ဖြစ်ပြီး ပုံမှန်အားဖြင့် မပြင်းထန်ပဲအလိုအလျောက်သက်သာနိုင်သည်။
- ၎င်းသည် ပုံမှန်အားဖြင့် တစ်ပတ်အထိသာ သတ်မှတ်ကာလအတွင်း သုံးစွဲရန်အကြံပြုပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.