ပရိုမီသာဇင်း (Promethazine)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Sedating Antihistamine

အသုံးပြုနိုင်သောရောဂါများ

  • ဓာတ်မတည့်မှုများ
  • အိပ်မပျော်ခြင်း

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Phenergan

အကျဥ်းချုပ်

Promethazine သည် antihistamine ဆေး အမျိုးအစားဖြစ်ပြီး ဓာတ်မတည့်မှုကြောင့်ဖြစ်သောလက္ခဏာများကို သက်သာစေသည်။

Promethazine ကို အိပ်ငိုက်စေသောdrowsy (sedating) antihistamine ဆေးဖြစ်သောကြောင့် အခြားantihistamines များထက် ပိုပြီး အိပ်ငိုက် နိုင်သည်။ 

အသုံးပြုနိုင်သော ရောဂါများ

  • ရေတို အိပ်မပျော်ခြင်း (insomnia) –ချောင်းဆိုးခြင်း, အအေးမိခြင်း, ယားယံခြင်းတို့ကြောင့် အိပ်ရေးပျက်နေသော လူများအတွက် အိပ်မပျော်ခြင်းကို ကူညီနိုင်သည်။ 
  • ပန်းဝတ်မှုန်နှင့်ဓာတ်မတည့်ခြင်း (hay fever) နှင့် အင်ပြင်ထခြင်း (urticaria) စသော ယားယံခြင်းပြသနာများအတွက် အသုံးဝင်သည်။
  • ကားမူးခြင်း (motion sickness) ချာချာလည်မူးခြင်း(vertigo) စသည်တို့အတွက် သက်သာစေသည်။
  • အအေးမိလက္ခဏာများ ချောင်းဆိုးခြင်း, နှာရည်ယိုခြင်း စသည်တို့ကို သက်သာစေသည်။

အရေးကြီးသောအချက်များ

  • အရက် သောက်ခြင်းကို ရှောင်ရန်လိုအပ်သည်။ အရက်သည် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ခြင်း ရှိသည်။
  • အိပ်စက်ခြင်းကိုကူညီရန်, အိပ်ရာဝင်မတိုင်မီ ၂၀ မိနစ် မီ သောက်ပါ။ ပုံမှန်အားဖြင့် ၃၀ မိနစ်အတွင်း ထိရောက်သည်။
  • ကားမူးခြင်းကိုကာကွယ်ရန်, ခရီးရှည်မသွားခင် ကို ၁ညအလို ခရီးတိုမသွားခင်၁ နာရီမှ ၂ နာရီမီ သို့မဟုတ် ကြို သောက်ရန် အကြံပြုပါသည်။
  • ပုံမှန်ဘေးထွက်ဆိုးကျိုးများမှာ - အိပ်ငိုက်ခြင်း ခေါင်းကိုက်ခြင်း အိပ်မက်ဆိုးများမက်ခြင်း (nightmares) မူးဝေမှု, စိတ်မတည်မှု သို့မဟုတ် စိတ်ရှုပ် ထေွး မှု 

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ပရိုကလိုပါရာဇင်း (Prochlorperazine)
Medicine Guide