Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antipsychotic | Antiemetic
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- မအီမသာဖြစ်ခြင်း
- ပျို့အန်ခြင်း
- စိတ်ကစဉ့်ကလျားရောဂါ
- စိတ်တက်ကြွလွန်ရောဂါ
- Ménière's ရောဂါ
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Stemetil, Stemoetat, Promat
အကျဥ်းချုပ်
Prochlorperazine သည် ပျို့ခြင်း (nausea) သို့မဟုတ် အန်ခြင်း (vomiting) ကို သက်သာစေသော ဆေးတစ်မျိုးဖြစ်သည်။
အသုံးပြုနိုင်သော ရောဂါများ
- ကိုယ်ဝန်ဆောင်စဉ်တွင်ဖြစ်သော ပျို့အန်ခြင်း
- မူးဝေခြင်း သို့မဟုတ် ချာချာလည်မူးခြင်း (vertigo)
- ကားမူးခြင်း (motion sickness)
- ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့် ဖြစ်သောပျို့အန်ခြင်း
- ခွဲစိတ်ပြီးနောက် မေ့ဆေးကြောင့် ဖြစ်သော ပျို့အန်ခြင်း
- ကင်ဆာကုသမှု သို့မဟုတ် အခြားဆေးများကြောင့် ဖြစ်သော ပျို့အန်ခြင်း
- Ménière's disease (balance ဆိုင်ရာ ပြဿနာများ)
Prochlorperazine ကို အချို့သောအခြေအနေများတွင် စိုးရိမ်ပူပန်မှု (anxiety) ကုသရန်လည်း အသုံးပြုနိုင်သည်။
အရေးကြီးသောအချက်များ
- 30 မှ 60 မိနစ်အတွင်း ထိရောက်မှု စတင်သည်။ Ménière's disease အတွက်သောက်ပါကအကျိုးသက်ရောက်မှုအပြည့်ရရန် ရက်အနည်းငယ်ကြာနိုင်သည်။
- ပုံမှန်ဘေးထွက်ဆိုးကျိုးများမှာ - အိပ်ငိုက်ခြင်း ပါးစပ်ခြောက်ခြင်း ဘေးထွက်ဆိုးကျိုးများသည် ပုံမှန်အားဖြင့် မပြင်းထန်ပဲ အလိုအလျောက် သက်သာသွားနိုင်သည်။
- တစ်နေ့ ၃ ကြိမ်အထိ လိုအပ်သလို သောက်နိုင်သည်။
- ဆရာဝန်၏ အကြံပြုချက်အရသာ ရေရှည်အသုံးပြုရမည်ဖြစ်ပြီး, ရေရှည်သောက်ပါက ရုတ်တရက်ရပ်လိုက်ပါက withdrawalလက္ခဏာများ ဖြစ်တတ်သည်။
- အရက် သောက်ခြင်းကို ရှောင်ရန်အကြံပြုပါသည်, အထူးသဖြင့် အိပ်ငိုက်မှုနှင့် ပတ်သက်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေရှိသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.