Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Antibiotic
(Tetracycline)
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- ဘက်တီးရီးယားပိုးဝင်ခြင်း
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Doxy, Vibramycin, Doxacil, Doxywell, Doxy-Denk
အကျဥ်းချုပ်
Doxycycline သည် ပိုးသတ်ဆေး အမျိုးအစားဖြစ်ပြီး အောက်ပါရောဂါများအတွက် အသုံးပြုနိုင်သည် :
- အဆုတ်နှင့် သွားဖက်ဆိုင်ရာ ပိုးဝင်ခြင်းများ
- အရေပြားရောဂါများနှင့် (Rosacea) လိုသော အခြေအနေများ
- လိင်မှကူးစက်သော ရောဂါများ (STIs)
- ရှားပါးသောကူးစက် ရောဂါများ
နိုင်ငံခြားသို့ ခရီးသွားစဉ် ငှက်ဖျား ကာကွယ်ရန်လည်းသုံးသည်။
Doxycycline သည် အချို့နိုင်ငံများတွင် ဆရာဝန်၏ ဆေးညွှန်ချက်ဖြင့်သာ ရရှိနိုင်ပါသည်။
အရေးကြီးသောအချက်များ
- ရောဂါအမျိုးအစားအများစုတွင် ရက်အနည်းငယ်အတွင်း သက်သာမှု ဖြစ်နိုင်သော်လည်း ရက် အပြည့်အဝ သောက်ရန် အရေးကြီးသည်။
- (Rosacea) အတွက် ဒော့ဆီဆိုက်ကလင်းသည် ဖြည်းဖြည်းချင်း အလုပ်လုပ်သည်။ဆေးအကျိုးသက်ရောက်မှုကို ၄ ပတ်အကြာတွင် ဆရာဝန်မှ ပြန်လည်သုံးသပ်နိုင်ပါသည်။
- ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးလက္ခဏာများ - ခေါင်းကိုက်ခြင်း ပျို့ခြင်း သို့မဟုတ် အန်ခြင်း အရေပြားနေလောင်လွယ်ခြင်း
- အရက်သောက်ခြင်း ကြောင့် ဒော့ဆီဆိုက်ကလင်း၏ အလုပ်လုပ်စွမ်းကို လျော့ကျစေနိုင်ပါသည်။ ဆေးသောက်စဉ် အရက်ကို ရှောင်ရှားရန် အကြံပြုပါသည်။
- Doxycyclineသည် မှိုပိုးဝင်ခြင်း (Thrush) ဖြစ်စေနိုင်ပါသည်။ အကယ်၍ ဤအခြေအနေဖြစ်ပေါ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင် နှင့် တိုင်ပင်ရန် လိုအပ်သည်။
- ဤဆေးကို သတ်မှတ်ထားသော အချိန်ထိ ရက်ပြည့်အောင် သောက်ပါ။ သက်သာသော်လည်း ဆေးကို မရပ်ပါနှင့်။ ဆေးကုသမှုကို မပြီးသေးပဲ ရပ်လိုက်ပါက ပိုးဝင်ရောဂါ ပြန်လည်ဖြစ်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.