အစ်စီတာလိုပရမ် (Escitalopram)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Selective Serotonin Re-uptake Inhibitor (SSRI)

အသုံးပြုသောရောဂါများ

  • စိတ်ဖိစီးခြင်း
  • စိုးရိမ်ပူပန်မှုများခြင်း
  • အစွဲလန်းလွန်စိတ်ဝေဒနာ
  • စိုးရိမ်ထိတ်လန့်ခြင်း

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Nexito, Intalopram, Avestalo, Citadrep, Lexapro, Escivex, Esopam, Esidep, Jovia

အကျဥ်းချုပ်

Escitalopram သည် စိတ်ဖိစီးမှုလျော့နည်းစေသောဆေး အမျိုးအစားတစ်ခုဖြစ်ပြီး သဘာဝအဖြစ်ရွေးချယ်ထားသော serotonin ပြန်လည်သုံးစွဲမှုကို ကန့်သတ်ရန် (SSRI) ဟု အမည်ရသည်။

၎င်းကို စိတ်ဖိစီးမှုသက်သာခြင်းအတွက် အများဆုံး အသုံးပြုကြပြီး၊ တခါတလေ အပြစ်တင်စိတ် (OCD) သို့မဟုတ်စိုးရိမ်ထိတ်လန့်ခြင်းများ များကိုလည်း ကုသရန် အသုံးပြုသည်။

Escitalopram သည် များသောအားဖြင့် စိတ်ဖိစီးမှု သက်သာစေပြီး၊ အခြားဆေးများထက် ဘေးထွက်ဆိုးကျိုးနည်းသည်။

Escitalopram ကို အချို့နိုင်ငံများတွင် ဆရာဝန်၏ ဆေးစာဖြင့်သာ ရရှိနိုင်ပါသည်။  

အရေးပါသော အချက်များ

  • ဦးနှောက်တွင် serotonin ဟူသော စိတ်တက်ကြွစေသောဓာတ်၏ အဆင့်များကို တိုးတက်စေခြင်းအားဖြင့် အလုပ်လုပ်သည်ဟုယူဆရပါသည်။
  • Escitalopram သည်ဆေးအာနိသင် အပြည့်အစုံ အကျိုးသက်ရောက်မှုကို ရရန် ၄ မှ ၆ ပတ်ကြာနိုင်သည်ကို တွေ့ရှိရနိုင်ပါသည်။
  • ဖြစ်လေ့ရှိသောဘေးထွက်ဆိုးကျိုးများမှာ နေထိုင်မကောင်းခြင်း ခေါင်းကိုက်ခြင်း နှင့် အိပ်မပျော်ခြင်းများဖြစ်နိင်ပြီး အများအားဖြင့်၂ ပတ်အတွင်း ပျောက်လေ့ရှိသည်။
  • ဆရာဝန်သည် Escitalopram ကို မသုံးတော့ရန် ဆုံးဖြတ်ပါက၊ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများမဖြစ်စေရန် ဆရာဝန် သည် ဆေးပမာဏကိူနည်းနည်းချင်းလျှော့ချပြီးမှ ဆေးကိုရပ်နိုင်ပါသည်။
  • Escitalopram သည် စူးစိုက်မှုမရှိခြင်းဖြစ်စေနိုင်သောသူများလည်း ရှိပါသည်။ ယာဥ်မောင်းနှင်ခြင်း', စက်ဘီးစီးခြင်းကို ဆေးစသောက်ပြီး ရက်အနညး်ငယ်အတွင်းရှောင်သင့်ပါသည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 November 2024
စီတာလိုပရမ် (Citalopram)
Medicine Guide