Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Proton Pump Inhibitor (PPI)
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- ရင်ပူ ခြင်း
- အစာမကြေခြင်း
- အက်စစ်ပြန်ခြင်း
- အစာအိမ်အနာများ
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Nexium, Emozul, Guardium, Ventra, Esomega, Esoprazole
အကျဥ်းချုပ်
Esomeprazole" သည် အစာအိမ်ရှိ အက်စစ်ပမာဏကို လျှော့ချစေသည်။
ဤဆေးကို အောက်ပါအတွက် သုံးနိုင်သည်။
- အစာမကြေခြင်း၊ ရင်ပြည့်ခြင်းနှင့် အက်စစ်ပြန်ခြင်း (acid reflux) နှင့် "Gastro-Oesophageal Reflux Disease (GORD)" ဟုခေါ်သော အက်စစ်ပြန်လည်ဖြစ်ပေါ်နေသည့် အခြေအနေများကို ကုသရန်
- အစာအိမ်အနာများကို ကာကွယ်ရန်
တခါတရံတွင် "Zollinger-Ellison Syndrome" ဟုခေါ်သော ပန်ကရိယနှင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ်သော အကြိတ်ရောဂါအတွက်လည်း သောက်နိုင်သည်။
အရေးကြီးသောအချက်များ
- Esomeprazoleသည် ၂ မှ ၃ ရက်အတွင်း အလုပ်လုပ်တတ်သော်လည်း၊ ၎င်း၏ဆေးအာနိသင် အပြည့်အစုံကို ရရှိရန် ၄ ပတ်အထိ ကြာနိုင်ပါသည်။
- ပုံမှန် တွေ့ရှိရသော ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဗိုက်နာခြင်းဖြစ်ပြီး၊ အများအားဖြင့် ဆေးကို ရပ်လိုက်သည့်အခါ သက်သာသွားပါသည်။
- တခါတရံ "Esomeprazole" သည် မူးဝေခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် မျက်စိမှိန်ခြင်းကို ဖြစ်စေတတ်သည်။ ထိုသို့ဖြစ်ပါက သင့်အနေဖြင့်မ သက်သာမချင်း ယာဉ်မောင်းခြင်း၊ စက်ယန္တရား သို့မဟုတ် တူရိယာများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါသည်။
- သင့်အနေဖြင့် ဆေးစာမပါဘဲ "Esomeprazole" ဝယ်ယူသောက်သုံးပါက ၂ ပတ်အတွင်း လက္ခဏာများ မကောင်းမွန်ပါက ဆက်လက်သောက်ခြင်းမပြုမီ ဆရာဝန်နှင့် ဆွေးနွေးရန် လိုအပ်ပါသည်။
- "Esomeprazole" သောက်နေစဉ် အရက်သောက်နိုင်သော်လည်း အရက်သည် သင့်အစာအိမ်အက်စစ်ထုတ်လုပ်မှုကို ပိုမိုမြှင့်တင်ပြီး အစာအိမ်နံရံကို ရောင်ရမ်းစေတတ်သည်။ ထိုကြောင့် အရက်သောက်ခြင်းကိုရှောင်ကြဥ်သင့်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.