Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Non-Steroidal Anti-Inflammatory Drug (NSAID)
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- နာကျင်ကိုက်ခဲခြင်း
- ဖျားနာခြင်း
- ရောင်ရမ်းခြင်း
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Nurofen, Gofen, Brufen, Bruibu
အကျဥ်းချုပ်
အိုင်ဘူပရိုဖင် (Ibuprofen) သည် နေ့စဉ်သုံးနိုင်သော နာကျင်မှုလျော့ချပေးသော ဆေးတစ်မျိုးဖြစ်ပြီး အောက်ပါအခြေအနေများတွင် အသုံးပြုနိုင်သည် -
ကျောနာခြင်း
ဓမ္မတာလာစဥ်နာကျင်ကိုက်ခဲခြင်း
သွားနာခြင်း
အအေးမိ၊ တုပ်ကွေး၊ သို့မဟုတ် ကိုဗစ် (COVID-19) ဆိုင်ရာ လက္ခဏာများ
ရောင်ရမ်းမှုများ (ဥပမာ - အရွတ်ရောင်ခြင်း)
အရိုးအဆစ်နာခြင်း (ဥပမာ - အရိုးအဆစ်ရောင်ခြင်း)
အိုင်ဘူပရိုဖင် သည် အခြားနာကျင်မှုသက်သာဆေးများနှင့် ပေါင်းစပ်ထားသော ဆေးများတွင်ပါဝင်နိုင်သည်။
အသက် ၁၇ နှစ်အောက် များအတွက် ဤ link တွင် ကြည့်ပါ။ ibuprofen for children.
အရေးကြီးသောအချက်များ
- အိုင်ဘူပရိုဖင်သည် ကိုယ်ထဲတွင် နာကျင်မှုနှင့် ရောင်ရမ်းမှု ဖြစ်စေသော ဟော်မုန်းများကို လျှော့ချပေးသည်။
- သောက်ဆေး- အချိန် ၂၀ မှ ၃၀ မိနစ်အတွင်း သက်သာစေသည်။ အရေပြားတွင်သုံးစွဲသောပုံစံ - ၁ မှ ၂ ရက်အတွင်း ပြည့်ပြည့်စုံစုံ သက်သာမှု ရရှိစေသည်။
- ဓမ္မတာကြောင့်ကိုက်ခဲခြင်း သို့မဟုတ် သွားနာခြင်းအတွက် ပုံမှန်အားဖြင့် အသုံးပြုသည်။ အချို့လူများတွင် ကျောနာသက်သာမှုအတွက် ပါရာဆီတမောလ်ထက် အိုင်ဘူပရိုဖင် ပိုထိရောက်တတ်သည်။
- အစာအိမ်မထိခိုက်စေရန်တက်ဘလက်၊ ကပ်ဆူလ်၊ အမှုန့်၊ နှင့် ရေဖျော်ဆေးကို စားအပြီး သို့မဟုတ် နို့နဲ့ အတူသာ သောက်ပါ။ အစာမရှိပဲမသောက်ပါနှင့်။
- နာကျင်မှုကို ထိန်းချုပ်ရန်အတွက် အနည်းဆုံးသော အချိန်အတွင်း အနည်းဆုံးသောဆေးပမာဏကိုသာ သောက်သုံးပါ။
အရွယ်ရေောက်ပြီး လူများ - ဆရာဝန်နှင့် မပြောဆိုမီ တက်ဘလက်ကို ၁၀ ရက်ထက်ပိုကြာအောင် မသောက်ပါနှင့်။
၁၈ နှစ်အောက်ကလေးများ - ၃ ရက်ထက်မပိုသောအချိန်အထိသာ သောက်ပါ။
ဂျယ်၊ mousse နှင့် ဖျန်း ဆေးများကိုဆရာဝန်ညွှန်ကြားချက်မပါဘဲ ၂ပတ်ထက်ပိုပြီးအသုံးမပြုသင့်ပါ။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.