Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Analgesic
ပါဝင်သောအကြောင်းအရာများ
အသုံးပြု နိုင်သောရောဂါများ
- နာကျင်ကိုက်ခဲခြင်း
- ဖျားနာခြင်း
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Panadol, Biogesic, Progesic
ဤဆေးကိုအောက်ပါနာမည်အဖြစ်လည်းသိကြသည်။
Acetaminophen
အကျဥ်းချုပ်
ပါရာဆီတမောလ်သည် ကလေးများအတွက် အသုံးဝင်သော ဆေးတစ်မျိုးဖြစ်ပြီး၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ နားကိုက်ခြင်းနှင့်အအေးမိဆိုင်ရာ သက်သာစေသောဆေးဖြစ်သည်။ ဒါ့အပြင် အပူချိန်မြင့်တက်မှု (ဖျားနာခြင်း) ကိုလည်း လျှော့ချပေးနိုင်သည်။
ကလေးများအတွက် ပါရာဆီတမောလ် ပါရာဆီတမောလ်ကိုဆေးပြားသို့မဟုတ် ဆေးရည် (syrup) အနေနှင့် အသုံးပြုနိုင်သည်။
ဆာပိုစီတိုရီ (စအိုမှ ထည့်ပေးရသော ဆေးတောင့်) အဖြစ်လည်း ရရှိနိုင်သည်။ ဆာပိုစီတိုရီ သည် ဆေးပြားသို့မဟုတ် ဆေး ရည်ကိုမျိုရန် အခက်အခဲရှိသော ကလေးများနှင့် အဖျားကြီးနေ သောကလေးများအတွက် အသင့်တော်ဆုံးဖြစ်သည်။
မိခင်များသည် ဆာပိုစီတိုရီကို ကလေး၏ အသက် ၃ လမှစ၍ အသုံးပြုနိုင်ပါသည်။
ပါရာဆီတမောလ် တက်ဘလက်များ (ရေထဲတွင် ဖျော်၍ သောက်နိုင်သည့် တက်ဘလက်များအပါအဝင်)၊ ဆေးရည်နှင့် ဆပ်ပိုဆီတိုရီများကို ဆေးညွှန်းဖြင့်သို့မဟုတ် ဆိုင်များနှင့် ဆေးဆိုင်များမှ ဝယ်ယူနိုင်ပါသည်။
အသက် ၁၆ နှစ် အထက် လူကြီးများအတွက် ဤ link တွင် ကြည့်နိုင်ပါသည်။ paracetamol for adults.
အရေးကြီးသောအချက်များ
ကလေးများအတွက် ပါရာဆီတမောလ်သည် ပြင်းအားအမျိုးမျိုးရှိပြီး ဆေးရည်သည် ပြင်းအားအမျိုးမျိုးရှိပါသည်။ ပြင်းအားနှင့် ဆေးပမာဏသည် သင့်ကလေး၏ အသက် (နှင့် အလေးချိန်) အပေါ် မူတည်သောကြောင့် ဆေးညွှန်းစာကို အတိအကျ စစ်ဆေးပါ။
ဆေးပြားများ သို့မဟုတ် ဆေးရည်ကို သောက်ပြီး အချိန် ၃၀ မိနစ်အတွင်းစတင် သက်သာနိုင်ပါသည်။ဆာပိုစီတိုရီကို သုံးပါက အပြည့်အဝ သက်သာရန် ၆၀ မိနစ်အထိ ကြာနိုင်သည်။
သင့် ကလေး ကို ပါရာဆီတမောလ်ပါဝင်သော အခြားဆေးများ (အအေးမိဆေးများပါဝင်သော အချို့ဆေးများ) နှင့် ရောမတိုက်ပါနှင့်။
ပါရာဆီတမောလ်အလွန်အကျွံ သောက်သုံးမိမှုကြောင့် အန္တရာယ်ရှိနိုင်ပါသည်။ကလေးများလက်လှမ်းမမီသောနေရာတွင်ထားပါ။
သင့်ကလေးကို နာကျင်မှုရှိပါက ပါရာဆီတမောလ် တိုက်ပါ။
ဖျားနာသော အခါများတွင်လည်း သက်သာစေရန် ပါရာဆီတမောလ်ကို တိုက်နိုင်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.