Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
ဆေးအုပ်စု
Antipropulsive (Antidiarrheal)
ပါဝင်သောအကြောင်းအရာများ
အသုံးပြုနိုင်သောရောဂါများ
- ဝမ်းလျှောခြင်း
တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ
Imodium, Eldoper, Dicotil, Imotil, Pacmodium, Diarsec, Loritax, Lomide
အကျဥ်းချုပ်
Loperamideသည် ဝမ်းလျှောခြင်း (diarrhoea) ကို ကုသရန် အသုံးပြုသည့် ဆေးတစ်မျိုးဖြစ်ပြီး၊ ရေတို ဝမ်းလျှောခြင်း သို့မဟုတ် နာတာရှည် အူလမ်းကြောင်းရောဂါ (IBS) အတွက် အထောက်အကူဖြစ်စေပါသည်။
Loperamideကို(Crohn's disease)၊ အူလမ်းကြောင်းရောင်ခြင်း (ulcerative colitis)၊ နှင့် အူလမ်းကြောင်းတိုသော အခြေအနေ (short bowel syndrome) အတွက်လည်း အသုံးပြုနိုင်သည်။
ဝမ်းလျှောခြင်း သည် ရုတ်တရက် ဖြစ်ပေါ်လာပါက ၅ ရက်မှ ၇ ရက်အတွင်း ပျောက်ကင်းနိုင်ပါသည်။ သို့သော် အရေးပေါ်အထောက်အကူ လိုအပ်ပါက လိုးပရာမိုက်ဒ် သောက်ခြင်းအားဖြင့် ဝမ်းသွားသည့် အကြိမ်အနည်းငယ်ကို လျှော့့ချပေးနိုင်ပါသည်။
Loperamide သည် အစားအစာများကို သင်၏အူလမ်းကြောင်းထဲတွင် ဖြတ်သန်းသွားစဉ် အမြန်နှုန်းကို နှေးကွေးစေခြင်းဖြင့် လုပ်ဆောင်ပါသည်။ ထို့ကြောင့် သင့်ခန္ဓာကိုယ်က အူလမ်းကြောင်းမှ ရေများကို ပိုမို စုပ်ယူနိုင်ပြီး ဝမ်းလျှောခြင်း ကိုလျော့နည်းစေပါသည်။
ကိုလိုစတိုမီ (colostomy) ရှိပါက (အူအပေါက်ဖောက်ခြင်း) Loperamide ကို ပေးနိုင်ပါသည်။ အကယ်၍ အူအပေါက်မှ အစာနှင့် အရည်များကို ပိုမိုထွက်ရှိနေပါက လိုးပရာမိုက်ဒ် ပမာဏအများကြီး သောက်ရန် အကြံပြုနိုင်ပါသည်။
အရေးကြီးသောအချက်များ
- Loperamide သည်ဝမ်းလျှောခြင်းကို ၁ နာရီအတွင်း ပိုမိုကောင်းမွန်စေပါသည်။
- ဆေးဆိုင် မှLoperamide ကို ဝယ်ယူသောက်နေပါက ၄၈ နာရီကျော်မသောက်ပါနှင့်။ ဆရာဝန်နှင့် ဆွေးနွေးရန်လိုအပ်ပါသည်။
- သတ်မှတ်ထားသည့် ပမာဏသာ သောက်ပါ။ ပမာဏပိုမိုသောက်ခြင်းဖြင့် နှလုံးအကျိုးသက်ရောက်မှုများ (နှလုံးခုန်မြန်ခြင်း သို့မဟုတ် မတိကျသော နှလုံးခုန်ခြင်း) ဖြစ်စေနိုင်သည်။
- လိုးပရာမိုက်ဒ် သောက်နေစဉ် မူးဝေခြင်း၊ ပင်ပန်းခြင်း သို့မဟုတ် အိပ်ငိုက်ခြင်း ဖြစ်ပါက ယာဉ်မောင်းခြင်း၊ စက်ယန္တရား အသုံးပြုခြင်း မပြုလုပ်ပါနှင့်။
- အရက်မသောက်သင့်ပါ။ အရက်သည် ဆေး၏ဘေးထွက်ဆိုးကျိုးဖြစ်နိုင်မှုကို တိုးမြှင့်စေပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.