ရာမီပရီလ် (Ramipril)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Angiotensin-Converting Enzyme (ACE) Inhibitor

အသုံးပြုနိုင်သောရောဂါများ

  • သွေးတိုးရောဂါ 
  • ၊နှလုံးအလုပ်မလုပ်နိုင်ခြင်း 

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Cardiopril, Servace, Rapril, Ziram 

အကျဥ်းချုပ်

ရာမီပရီလ်သည် သွေးတိုးရောဂါ (hypertension)၊ နှလုံးအလုပ်မလုပ်နိုင်ခြင်း (heart failure) နှင့် နှလုံးဖောက်ပြန်ပြီးနောက် ကုသရာတွင် အသုံးများသော ဆေးတစ်မျိုးဖြစ်သည်။

ဤဆေးသည် အနာဂတ်တွင် လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းနှင့် ကျောက်ကပ်ပြဿနာများ မဖြစ်အောင် ကာကွယ်ပေးသည်။နှလုံးအလုပ်မလုပ်နိုင်သူများ (သို့) နှလုံးဖောက်ပြန်ပြီးသူများအတွက် အသက်ရှင်နိုင်မှုနှုန်းကို မြှင့်တင်ပေးသည်။

ဆေး၏အလုပ်လုပ်ပုံမှာ သွေးကြောများကို ကျယ်စေပြီး နှလုံးမှ သွေးများကို လွယ်ကူစွာ ညှစ်ထုတ်နိုင်အောင် ကူညီပေးခြင်းဖြစ်သည်။

ဤဆေးကို အချို့နိုင်ငံများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရရှိနိုင်ပြီး ဆေးပြား၊ ဆေးတောင့်နှင့် ဆေးရည် (ဆေးပြားမျိုချရခက်သူများအတွက်) အဖြစ် ရရှိပါသည်။

အရေးကြီးသောအချက်များ

  • ရာမီပရီလ်သည် သောက်ပြီး နာရီအနည်းငယ်အတွင်း စတင်အလုပ်လုပ်သော်လည်း ပြည့်ဝသောအာနိသင်ရရှိရန် ရက်သတ္တပတ်အနည်းငယ် ကြာနိုင်သည်။
  • ပထမဆုံးအကြိမ် ဆေးသောက်ပါက ခေါင်းမူးခြင်းကို ခံစားရနိုင်သဖြင့် အိပ်ရာဝင်ချိန်တွင် သောက်သုံးရန် အကြံပြုထားသည်။ပထမဆေးအကြိမ်ပြီးနောက် ခေါင်းမမူးပါက နေ့၏မည်သည့်အချိန်တွင်မဆို သောက်နိုင်ပါသည်။ တစ်နေ့တည်းသော အချိန်တွင် ပုံမှန်သောက်ရန် ကြိုးစားပါ။
  • အချို့လူများတွင် ရာမီပရီလ်ကြောင့် ခြောက်သွေ့ပြီးယားယံသော ချောင်းဆိုးခြင်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက ဆရာဝန်မှ အခြားဆေးသို့ ပြောင်းလဲရန် အကြံပြုနိုင်သည်။
  • ပြင်းထန်သော ဝမ်းလျှောခြင်း (သို့) အစာအိမ်ပြဿနာကြောင့် အန်ခြင်း ဖြစ်ပါက ဆရာဝန်အား အသိပေးပါ။ သက်သာသည်အထိ ဆေးသောက်ခြင်း ခဏရပ်ထားရန် လိုအပ်နိုင်သည်။
  • အရက်သောက်ခြင်းသည် ရာမီပရီလ်၏အာနိသင်ကို ပိုမိုမြင့်တက်စေကာ သွေးပေါင်အလွန်အမင်းကျဆင်းစေနိုင်ပြီး ခေါင်းမူးခြင်း (သို့) ခေါင်းထဲပေါ့ခြင်း ကိုဖြစ်စေနိုင်သည်။ သင့်ခန္ဓာကိုယ်မှ ရာမီပရီလ်ကို မည်သို့တုံ့ပြန်သည်ကို မသိမချင်း အရက်ရှောင်ထားရန် အကောင်းဆုံးဖြစ်သည်။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
01 April 2025
အင်မထရီစီတာဘင်း + တီနိုဖိုဗီရ် (Pre-Exposure Prophylaxis (PrEP) | Emtricitabine with Tenofovir Disoproxil)
Medicine Guide