ဆယ်လ်ဘူတမော ရှူဆေး (Salbutamol Inhaler_

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

ဆေးအုပ်စု

Beta-2 Agonist (Short-acting)

အသုံးပြုနိုင်သောရောဂါများ

  • ရင်ကြပ်ရောဂါ
  • နာတာရှည်အဆုတ်ရောဂါ (COPD)

တွေ့ရှိနိုင်သောအမှတ်တံဆိပ်များ

Ventolin, Asthalin

အကျဥ်းချုပ်

ဆယ်ဘျူတာမောလ် ကို ရင်ကြပ်ရောဂါ (asthma) နှင့် နာတာရှည်အဆုတ်ရောဂါ (COPD) အခြေအနေများကြောင့်ဖြစ်သော ချောင်းဆိုးခြင်း၊ အသက်ရှူမ၀ခြင်းနှင့် ရင်ကြပ်ခြင်းတို့ကို သက်သာစေရန် အသုံးပြုသည်။ဤဆေးသည် အဆုတ်လမ်းကြောင်းရှိ ကြွက်သားများကို ပြေလျော့စေပြီး အသက်ရှူရလွယ်ကူစေသည်။

ဆယ်ဘျူတာမောလ် သည် အများအားဖြင့် ရှူဆေး (inhaler) ဖြင့် သုံးသည်။ အများဆုံး inhalerများမှာ အပြာရောင်ဖြစ်သည်။

အချို့သော လူနာများအတွက် (ဥပမာ- inhalerကို သင့်အောင် သုံးနိုင်မှုမရှိသောအခါ) ဆယ်ဘျူတာမောလ် ကို ‌ ဆေးပြားဆေးရည် ဆေးတောင့်ပုံစံဖြင့်လည်း အသုံးပြုနိုင်သည်။

အဆုတ်ရောဂါနှင့် သက်ဆိုင်သော အခြေအနေများ ပြင်းထန်သောအခါ ဆယ်ဘျူတာမောလ် ကို (nebuliser) ဖြင့်လည်း သုံးနိုင်သည်။ nebuliserသည် ဆေးကို အရည်ငွေ့ ပုံစံဖြင့် အသက်ရှူသွင်းရန် အကူအညီပေးသည့် စက်ဖြစ်ပြီး၊ ဆေးရုံတွင် သို့မဟုတ် အိမ်တွင် အသုံးပြုနိုင်သည်။

ဤဆေးကို အချို့နိုင်ငံများ တွင် ဆရာဝန်ဆေးညွှန်းဖြင့်သာ ရရှိနိုင်သည်။

အရေးကြီးသောအချက်များ

  • ဆယ်ဘျူတာမောလ်အင်ဟေးလာ သည် ဆရာဝန်၊ ဆေးဝါးပညာရှင် သို့မဟုတ် သူနာပြု၏ အကြံပြုချက်အတိုင်း သုံးပါက ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်မှု ရှိသည်။
  • ဆယ်ဘျူတာမောလ်အင်ဟေးလာ ကို "သက်သာစေသော" အင်ဟေးလာဟု ခေါ်သည်။ အဆုတ်ရောဂါကြောင့် သက်သောင်ဆန်းချိန်တွင် လျင်မြန်စွာ သက်သာစေရန် အသုံးပြုသည်။
  • Salbutamol (Ventolin) ရှူဆေးကို တစ်ပတ်လျှင် ၃ ကြိမ်ထက် ပိုသုံးရပါက၊ ၎င်းသည် သင့်ရောဂါ (ပန်းနာရင်ကျပ်/COPD) ကောင်းစွာမထိန်းနိုင်ကြောင်း လက္ခဏာဖြစ်နိုင်သည်။ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူ (သို့) ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးနှင့် အမြန်ဆုံးတိုင်ပင်ပါ။
  •  ဆယ်ဘျူတာမောလ် သည် ကိုယ်ဝန်ဆောင်စဉ် နှင့် နို့တိုက်စဉ်မှာလည်း  အသုံးပြုနိုင်သည်။

Salbutamol ရှူဆေးအမျိုးအစားများနှင့် အသုံးပြုနည်း

Salbutamol (Ventolin) ရှူဆေးများကို အဓိကအမျိုးအစား ၂ မျိုး တွေ့ရှိနိုင်ပါသည်:

  1. Metered-Dose Inhalers (MDI)
  2. Dry Powder Inhalers (DPI)

အချို့သော ရှူဆေးများတွင် စတီးရွိုက်ဆေးဝါးများ ပါဝင်တတ်ပြီး၊ ၎င်းတို့သည် အဆုတ်အတွင်းရှိ ရောင်ရမ်းမှုကို လျော့ချပေးခြင်းဖြင့် ပန်းနာရင်ကျပ်ကြောင့်ဖြစ်သော အသက်ရှုကြပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။ ဆေး၏အကျိုးကျေးဇူးအပြည့်အဝရရှိရန် ဆေးမှုန်များ အဆုတ်အတွင်းသို့ တိုက်ရိုက်ရောက်ရှိမှသာ အလုပ်ဖြစ်သည်။ မှားယွင်းစွာရှူမိပါက ဆေးအာနိသင်လျော့နည်းနိုင်သည်။


How to Tell Which Inhaler You Have

1. Metered-Dose Inhaler (MDI):

  • ပုံစံ:  ပလပ်စတစ်အိတ်ငယ်အတွင်း ဆေးဖြန်းဗူးသေး
  • အလုပ်လုပ်ပုံ: ဖိလိုက်သည်နှင့် ဆေးမှုန်ရေမွှား (aerosol) အဖြစ် ထွက်လာသည်
  • အရေးကြီးအချက်: ဆေးဖိချိန်နှင့် အသက်ရှူသွင်းချိန်ကို တစ်ပြိုင်နက် လုပ်ဆောင်ရန် လိုအပ်သည်
  • Spacer: Spacer (ဆေးရှူကူပစ္စည်း) နှင့်တွဲသုံးပါက ပိုမိုထိရောက်စွာ ဆေးရရှိစေနိုင်သည် (အထူးသဖြင့် ကလေးများနှင့် လက်မလှမ်းနိုင်သူများအတွက်)

2. Dry Powder Inhaler (DPI):

  • ပုံစံ: ဒစ်အပြား ပုံစံ (သို့) ဆေးတောင့်ထည့်ရသော ကိရိယာ
  • အလုပ်လုပ်ပုံ: ခြောက်သွေ့သောဆေးမှုန့်ကို တိုက်ရိုက်ရှူရှိုက်ရသည်
  • အရေးကြီးအချက်: အားကောင်းသော၊ မြန်မြန်နှင့် နက်ရှိုင်းသည့် အသက်ရှူမှု လိုအပ်သည်
  • သတိပြုရန်: မခါရ (ဆေးမှုန့်များ ကပ်နေရန် လိုအပ်သောကြောင့်)

Metered-Dose Inhaler (MDI) အသုံးပြုနည်း

  1. ဆေးကိုကောင်းစွာလှုပ်ခါပါ
  2. အဖုံးဖယ်၍ ရှူဆေးနှင့်ဝေးရာ အသက်ဖြည်းဖြည်းရှူထုတ်ပါ
  3. ခွက်ဝကိုပါးစပ်ထဲထည့်၊ နှုတ်ခမ်းဖြင့်လုံအောင်ကာပါ
  4. ဆေးဖိရှူပါ ရှူဆေးကို တစ်ချက်ဖိလိုက်ပြီး ဖြည်းဖြည်းနှင့် မှန်မှန် အသက်ရှူသွင်းပါ
  5. အသက် ၁၀ စက္ကန့် (သို့) သက်တောင့်သက်သာအောင့်ထားပါဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ
  6. ဒုတိယအကြိမ်ရှူရန် :
    • ၃၀-၆၀ စက္ကန့်စောင့်ပါ
    • ဆေးပြန်လှုပ်ခါ၍ အထက်ပါအဆင့်များကိုထပ်လုပ်ပါ

Spacer (ဆေးရှူကူပစ္စည်း) နှင့်တွဲသုံးနည်း

Spacer သည် ဆေးမှုန်များ အဆုတ်ထဲပိုမိုရောက်ရှိစေရန် အထောက်အကူပြုပါသည်။

Spacer အသုံးပြုနည်း:

  1. ပြင်ဆင်ခြင်း: ရှူဆေးကိုလှုပ် ပါ၊ အဖုံးဖယ်၍ spacer နှင့်တွဲပါ
  2. အသက်ရှူထုတ်ပါ : Spacer မှဝေးရာ အဆုတ်ထဲလေမကျန်အောင် အသက်ရှူထုတ်ပါ
  3. နှုတ်ခမ်းသေချာပိတ်ပါ : Spacer ၏အပေါက် ကို ပါးစပ်ထဲထည့်၊ နှုတ်ခမ်းဖြင့်လုံအောင်ညှပ်ထားပါ
  4. ဆေးဖိရှူပါ : ရှူဆေးကို တစ်ချက်ဖိလိုက်ပြီး ဖြည်းဖြည်းနှင့် နက်နက်ရှူသွင်းပါ (အဆုတ်ပြည့်သည်အထိ)
  5. အသက်အောင့်ထားပါ: အသက် ၁၀ စက္ကန့် (သို့) သက်သာသည်အထိအောင့်ထားပါ
  6. ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ
  7. ဒုတိယအကြိမ်ရှူရန်: ၃၀-၆၀ စက္ကန့်စောင့်ပါ ဆေးပြန်ခါ၍ အထက်ပါအဆင့်များကိုထပ်လုပ်ပါ
  8. ပြီးလျှင် : ရှူဆေးကို ဖယ်ပါ ရှူဆေး နှင့် spacer ကို အဖုံးပြန်အုပ်ပါ

Dry Powder Inhaler (DPI) အသုံးပြုနည်း

  1. ဆေးဖွင့်ပြီး တစ်ကြိမ်စာဆေးပမာဏ ထည့်ပါ (လိုအပ်ပါက) အချို့ DPI များတွင် ဆေးတောင့်/ဆေးပြားထည့်ရန် လိုအပ်သည်
  2. အသက်အပြည့်အဝရှူထုတ်ပါ (ရှူဆေးနှင့်ဝေးရာ) သတိပြုရန်: ဆေးမှုန့်များ လွင့်မသွားစေရန် ရှူဆေးပေါ်သို့ မမှုတ်ပါနှင့်
  3. ရှူ ဆေးအပေါက် ကိုပါးစပ်ထဲထည့်၊ နှုတ်ခမ်းဖြင့်လုံအောင်ကာပါအသက်ရှူသွင်းပါ ပြင်းပြင်းနှင့် မြန်မြန် (နက်နက်ရှိုင်းစွာ) ရှူသွင်းပါ ဆေးမှုန့်များ အဆုတ်ထဲသို့ ရောက်ရှိစေရန် လေပြင်းပြင်းရှူရန် အရေးကြီးသည်
  4. အသက် ၁၀ စက္ကန့် (သို့) သက်သောင့်သက်သာအောင့်ထားပါ ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ

အရေးကြီးသော မှတ်ချက်များ:

  • ဤညွှန်ကြားချက်များသည် အထွေထွေလမ်းညွှန်သာဖြစ်ပါသည် သင့်ရှူဆေးအမျိုးအစားပေါ် မူတည်၍ အနည်းငယ် ကွဲလွဲမှုများ ရှိနိုင်သည်
  • သင့်ရှူဆေးနှင့်အတူပါသော အညွှန်းကို အမြဲဖတ်ပါ
  • မသေချာပါက ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူထံမှ လက်တွေ့ပြသမှုတောင်းပါ

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
25 November 2024
စီတာဂလစ်ပတင် (Sitagliptin)
Medicine Guide