Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.
Drug Class
Mineralocorticoid Receptor Antagonist
အသုံးပြု နိုင်သောရောဂါများ
- ဖောရောင်ခြင်း
- သွေးပေါင်တက်ခြင်း
တွေ့ ရှိနိုင်သောအမှတ်တံဆိပ်များ
Aldactone, Belactone, Diulactone, Spirosav, Erctone, Spirotil, Hyles
အကျဥ်းချုပ်
Spironolactone သည် Diuretic ဟုခေါ်သော ဆေးအုပ်စုတွင် ပါဝင်သည်။ ဤဆေးများကို "water tablets" ဟုလည်း ခေါ်ကြပြီး ဆီးသွားမှု ပိုများစေသော အကျိုးသက်ရောက်မှုရှိသည်။
Spironolactone သည် Anti-androgen ဆေးအမျိုးအစားလည်းဖြစ်ပြီး၊ ယင်းသည် Testosterone ကဲ့သို့သော အမျိုးသားဟော်မုန်းများကို ထိန်းချုပ်ပေးသည်။
ဤဆေးကို အောက်ဖော်ပြပါအခြေအနေများကြောင့် ဖြစ်ပေါ်သောေဖာရောင်ခြင်း (oedema) ကို ကုသရန် အသုံးပြုသည်။:
- နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း (Heart failure)
- အသည်းရောဂါ (Liver disease) – အသည်းရောဂါကြောင့် ရေဖျင်းစွဲခြင်း(ascites) ရှိသောအခြေအနေများ
- ကျောက်ကပ်ရောဂါ (Kidney disease) – Nephrotic syndrome ဟုခေါ်သော ကျောက်ကပ်မှ ဆီးထဲသို့ ပရိုတင်းများ စိမ့်ထွက်မှုများခြင်း ကြောင့် ဖြစ်သောရောဂါ
- Adrenal glands မှ Aldosterone ဟော်မုန်းများ မြင့်မားခြင်း
ဤဆေးကို အခြားသွေးပေါင်ကျဆေးများအလုပ်မလုပ်ပါက သွေးတိုးရောဂါ (Hypertension) ကုသရန်လည်း အသုံးပြုနိုင်သည်။
Spironolactone သည် အချို့နိုင်ငံများတွင် ဆရာဝန်ဆေးစာဖြင့်သာ ရရှိနိုင်ပြီး ဆေးပြားအမျိုးအစား အနေဖြင့် ပြောင်းပေးထားသည်။
အရေးပါသောအချက်များ
- Spironolactone ကို သာမန်အားဖြင့် တစ်နေ့တစ်ကြိမ်၊ နံနက်အချိန်တွင် သောက်ရမည်။ တစ်နေ့နှစ်ကြိမ် သောက်ရန်လိုအပ်သူများလည်း ရှိနိုင်ပါသည်။ ထိုသို့ဖြစ်ပါက ဒုတိယကြိမ်အား ၄ နာရီမတိုင်မီ သောက်ပါ။
- အစာနှင့်အတူ Spironolactone သောက်ပါ။ ယင်းက အန်ခြင်း သို့မဟုတ် ပျို့ခြင်း ဖြစ်စေရန်လျှော့ချပေးနိုင်သည်။
- Spironolactone ၏ အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးမှာ ပိုတက်ဆီယမ်ဓာတ်များခြင်း ဖြစ်သည်။ ဆရာဝန် သည် ပိုတက်ဆီယမ်ဓာတ် ပုံမှန်ရှိစေရန်သင့် သွေးနမူနာများ စစ်ဆေးပေးမည် ဖြစ်သည်။
- ဆိုဒီယမ်နည်းသော ဆား သို့မဟုတ် Lo-Salt ကဲ့သို့သော ဆားအစားထိုးများကို အသုံးမပြုပါနှင့်၊ ထို့ကြောင့် Spironolactone နှင့် တွဲသုံးမိပါက ပိုတက်ဆီယမ်ဓာတ် အလွန်များခြင်း ဖြစ်နိုင်ပါသည်။
- ပိုတက်ဆီယမ်ဓာတ်များသော အစားအသောက်နှင့် အဖျော်ယမကာများကို အနည်းငယ်သာ သုံးပါ။ ဥပမာ- ငှက်ပျောသီး၊ သက်သတ်လွတ်အသားများ (pulses)၊ နို့ထွက်ပစ္စည်းများ၊ သရက်သီးများ နှင့် ဆယ်လမွန်ငါး။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.