တမ်ဆူလိုစင် (Tamsulosin)

Medicine Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns. Medicines information may vary by region.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

Drug Class

Alpha-adrenoceptor Blocker

Common Uses

  • ဆီးကျိတ်ကြီးခြင်း Benign Prostatic Hyperplasia (BPH)

Common Brand Names

Tamcontin, Tamsulon, Tamlosin, Tamsolin, Amso, Maxflow, Harnal OCAS, Tamurex, Contiflo 

Overview

Tamsulosin သည် alpha blockers ဟုခေါ်သော ဆေးအုပ်စုတွင် ပါဝင်သည်။

ဤဆေးကို ဆီးကျိတ်ကြီးခြင်း (benign prostate enlargement) ဖြစ်သော အမျိုးသားများ၏ အခြေအနေများကို ကုသရန် အသုံးပြုသည်။ တခါတရံတွင် ကျောက်ကပ်ကျောက်များ (kidney stones) နှင့် ဆီးကျိတ် ရောင်ရမ်းခြင်း (prostatitis) ကို ကုသရန်လည်း သုံးနိုင်သည်။

Alpha blockers သည် သွေးကြောများကို ပြေလျော့စေခြင်း အားဖြင့် သွေးလည်ပတ်မှုကို ပိုမိုလွယ်ကူစေပြီး သွေးပေါင်ကျဆင်းစေသည်။

Tamsulosin သည် ဆီးအိမ်ကြွက်သားနှင့်ဆီးကျိတ်ဂလင်းကို ပြေလျော့စေပြီ ဆီးကျိတ်ကြီးထွားခြင်း ကြောင့် ဖြစ်သော လက္ခဏာများကိုသက်သာစေကာ ဆီးသွားရပိုမိုလွယ်ကူစေပါသည်။

ဤဆေးကို အချို့နိုင်ငံများဆရာဝန်ဆေးစာဖြင့်သာ ရနိုင်ပါသည်။

Important Facts

  • Tamsulosin ကို ပထမဆုံးသောက်သည့်အခါ မူးဝေခြင်း၊ ရုတ်ခနဲမူးခြင်း သို့မဟုတ် ချွေးထွက်ခြင်း စသည်ဖြင့် ခံစားရနိုင်သည်။ ဤအခြေအနေများ ဖြစ်ပါက ထိုင်ပါသို့မဟုတ် နေရာတွင်လဲလျောင်းပြီး သက်သာသည်အထိ နားရန် လိုအပ်ပါသည်။ အရက်မသောက်ပါနှင့်၊ မော်တော်ယာဉ်မမောင်းပါနှင့်၊ စက်ပစ္စည်းများ ကို အသုံးမပြုပါနှင့်။
  • Tamsulosin ကို နေ့စဉ်တစ်ကြိမ် သောက်ရန်လိုအပ်ပြီး မနက်စာပြီးနောက် သို့မဟုတ် နေ့စဉ် ပထမဆုံး အစာစားချိန်အပြီး သောက်ပါ။
  • အဓိက ဘေးထွက်ဆိုးကျိုးများမှာ မူးဝေခြင်း နှင့် အထူးသဖြင့် သုတ်ထွက်နည်းခြင်း သို့မဟုတ် မရှိခြင်း စသည်တို့ဖြစ်နိုင်သည်။
  • အရက်သောက်ခြင်းသည် Tamsulosin ၏ သွေးပေါင်ကျဆင်းစေသော အကျိုးသက်ရောက်မှုကို မြှင့်တင်စေပြီး မူးဝေခြင်း သို့မဟုတ် ရုတ်ခနဲမူးခြင်းဖြစ်စေနိုင်သည်။ ဆေး၏ အကျိုးသက်ရောက်မှုကို သိရှိသည်အထိ အရက်သောက်ခြင်းကို ရပ်ထားပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
19 December 2024
ရီဗာရိုဇာဗန် (Rivaroxaban)
Medicine Guide