ဤလမ်းညွှန်တွင် ဆေးကုသမှုမရရှိသည့်အခြေအနေများအတွက် ဒဏ်ရာအခြေခံပြုစုနည်းများ ဖော်ပြထားပါသည်။ ဘေးအန္တရာယ်ဖြစ်ပြီးနောက် သေးငယ်သောအနာများပင် ပြင်းထန်ပိုးဝင်မှုများ ဖြစ်ပွားနိုင်ပါသည်။
အနာများကို ဘေးကင်းစွာ သန့်စင်ခြင်း၊ အုပ်ထားခြင်းနှင့် စစ်ဆေးခြင်းနည်းလမ်းများ ကိုလေ့လာပါ။ မည်သည့်အချိန်တွင် အရေးပေါ်ဆေးကုသမှု လိုအပ်သည်ကို သိရှိပါ။
အချိန်မီပြုစုခြင်းဖြင့် မေးခိုင်ရောဂါ (Tetanus) နှင့် သွေးဆိပ်တက်ခြင်း (Sepsis) ကဲ့သို့ အသက်အန္တရာယ်ရှိသော ပိုးဝင်မှုများမှ ကာကွယ်နိုင်ပါသည်။ အရေးကြီးသော အချက်များ
ဒဏ်ရာများအတွက် အရေးပေါ်ပြုစုနည်း
- ဖြစ်နိုင်ပါက ဆပ်ပြာနှင့်သန့်ရှင်းသောရေဖြင့် လက်ကိုစင်ကြယ်စွာဆေးကြောပါ။
- သန့်ရှင်းသောရေ မရှိပါက :
- စစ်ထားသောရေ (သို့)
- ကျိုချက်ပြီးအေးသောရေ (၁ မိနစ်ကျိုပါ)
- ကလိုရင်းဆေးထည့်ထားသောရေ သုံးနိုင်သည်။
- လက်ချောင်းများဖြင့် အနာကိုတိုက်ရိုက်မထိပါနှင့် (ဖြစ်နိုင်လျှင် တစ်ခါသုံးလက်အိတ်စွပ်ပါ)။
- ဒဏ်ရာရသည့်နေရာမှ လက်ဝတ်လက်စား၊ အဝတ်အစားကျပ်နေပါက ဖယ်ရှားပါ။
- အနာထဲတွင် အရာဝ တ္ထုတစ်ခုခုဝင်နေပါကထိုအရာကို မနှုတ်ပါနှင့် (ပိုမိုထိခိုက်စေနိုင်သည်)။
:ထို အရာ၏ဘေးနှစ်ဖက်ကို ဖိပြီး အနာနှုတ်ခမ်းများအား စုပေးပါ (သွေးတိတ်စေရန်)။
အနာထဲတွင်မည့် သည့် အရာမှမရှိပါက : ပတ်တီး (သို့) သန့်သောအဝတ်စဖြင့် အနာပေါ်သို့ တိုက်ရိုက်ဖိထားပါ (သွေးတိတ်စေရန်)။ - သွေးတိတ်ပါက အနာသန့်စင်ပါ
- အနာတစ်ဝိုက် အညစ်အကြေးများရှိမရှိစစ်ဆေးပါ။
- ပုလင်းထဲရေနှင့် (သို့) သန့်စင်သောရေစီးဖြင့် အနာကိုလောင်းချပါ (ဆားရည်ရှိပါက ပိုကောင်းသည်)။
- ဆပ်ပြာနှင့်ရေဖြင့် အနာပတ်လည်ကို သန့်စင်ပါ (အနာထဲဆပ်ပြာမဝင်စေရန် သတိထားပါ)။
- ခြောက်သွေ့သောအဝတ်/ဂွမ်းစဖြင့် ညင်သာစွာသုတ်ပြီး ပလာစတာ (သို့) သန့်သောပတ်တီးဖြင့်အုပ်ပါ။
- ညစ်ပတ်နေသောအနာ၊ အဆိပ်ရှိအကိုက်ခံရအနာ၊ ထိုးဖောက်ဒဏ်ရာများကို မပိတ်ပါနှင့် (ပိုးမွှားများပိုမိုဝင်နိုင်သည်)။
- နာကျင်မှုသက်သာစေရန် အကိုက်အခဲပျောက်ဆေး ပေးနိုင်သည်။
- ၂၄ နာရီတစ်ခါ အနာကိုပြန်စစ်ပါ။
ပိုမိုသိရှိရန် :
- ပြင်းထန်သွေးထွက်ခြင်းလမ်းညွှန် – သွေးတွင်းအရေးပေါ်အခြေအနေ (အသားဖြူဖပ်ဖပ်ဖြစ်ခြင်း၊ အသက်မြန်မြန်ရှူခြင်း၊ စိတ်ရှုပ်ခြင်း) အတွက် "ပြင်းထန်သွေးထွက်ဒဏ်ရာလမ်းညွှန်" ကိုကြည့်ပါ။
- သေးငယ်သောအနာများလမ်းညွှန် – ခြစ်ရာ၊ ပွန်းပဲ့များအတွက် "သေးငယ်သောဒဏ်ရာများလမ်းညွှန်" တွင်သန့်စင်နည်းနှင့်ဆေးကုသမှုခံယူရမည့်အချိန်များပါဝင်သည်။
သင်နှင့် သင့် မိသားစုကို ကာကွယ်ရန် အောက်ပါ အချက်များကို လိုက်နာပါ
အနာဖြစ်နေပါက ရေလွှမ်းနေသောနေရာများနှင့် မထိတွေ့ပါနှင့် (ရေတွင် ဘက်တီးရီးယားနှင့် ညစ်ညမ်းမှုများပါဝင်နိုင်သည်)။
အနာကို ဆပ်ပြာနှင့်သန့်ရှင်းသောရေဖြင့် သေချာစွာဆေးကြောပါ။
သန့်စင်ပြီးသောအနာကို ရေမဝင်နိုင်သော ပလာစတာ (သို့) အစိုခံပတ်တီးဖြင့် အုပ်ထားပါ (ပိုးဝင်မှုကိုလျှော့ချရန်)။
အောက်ပါလက္ခဏာများတွေ့ရှိပါက ဆရာဝန်နှင့်ချက်ချင်းပြသပါ - ✔ အနာတဝိုက် နီရဲရောင်ရမ်းခြင်း ✔ ပြည်တည်ခြင်း (သို့) အရည်ယိုခြင်း ✔ အဖျားတက်ခြင်း ✔ နာကျင်မှုတိုးလာခြင်း ✔ အသက်ရှူမဝခြင်း ✔ နှလုံးခုန်မြန်ခြင်း ✔ စိတ်ရှုပ်ထွေးခြင်း (သို့) သတိလစ်ခြင်း
အောက်ပါလက္ခဏာများရှိပါက အရေးပေါ်ဆေးကုသမှုခံယူပါ:
- အနာထဲတွင် မြေ၊ သစ်၊ သတ္ထု (သို့) အခြားအရာဝင်နေခြင်း
- တိရစ္ဆာန်ကိုက်ဒဏ်ရာ ဖြစ်ခြင်း
- ညစ်ပတ်သောအရာဖြင့် ထိုးမိဒဏ်ရာ (ဥပမာ - သံချေး)
- အနာပိုးဝင်နေခြင်း (နာကျင်မှု၊ ရောင်ရမ်းခြင်း၊ နီမြန်းခြင်း၊ ပြည်တည်ခြင်း၊ အဖျားတက်ခြင်း)
- သွေးဆိပ်တက်လက္ခဏာများ (ဥပမာ - sepsis စိတ်ရှုပ်ထွေးခြင်း အသက်ရှူမဝခြင်း နှလုံးခုန်မြန်ခြင်း အဖျားတက်ခြင်း (သို့) ချမ်းတုန်ခြင်း ပြင်းထန်နာကျင်မှု အရေပြားအေးစက်စိုထိုင်းခြင်း).
ဒဏ်ရာရပြီးနောက် မေးခိုင်ရောဂါ ကာကွယ်ရန်
မေးခိုင်ရောဂါသည် မြေ၊ ဖုန်၊ တိရစ္ဆာန်မစင်တို့တွင်ရှိသော ဘက်တီးရီးယားပိုးကြောင့်ဖြစ်သည့် အသက်အန္တရာယ်ရှိသော ရောဂါတစ်မျိုးဖြစ်ပါသည်။
ဤပိုးသည် အနာ (အထူးသဖြင့် ထိုးဖောက်ဒဏ်ရာ) မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ကာ - ကြွက်သားများ တောင့်တင်းခြင်း (မေးရိုးပိတ်ခြင်းမှစ၍ တစ်ကိုယ်လုံးတောင့်တင်း) အသက်ရှူခက်ခြင်း, သေဆုံးသည်အထိ ပြင်းထန်နိုင်ပါသည်။
အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်ချက်ချင်းပြသပါ
- ထိုးဖောက်ဒဏ်ရာ (ဥပမာ - သံ၊သတ္တု ၊ သစ်စ)
- မြေ၊ မစင် (သို့) တံတွေးနှင့်ညစ်ပတ်သောအနာ
⏱️ မေးခိုင်ရောဂါသည် ရက်အနည်းငယ်အတွင်း အလျင်အမြန်ဖြစ်ပွားနိုင်သည်။ — ကာကွယ်ဆေးရာဇဝင်မရှင်းပါက ချက်ချင်းကုသမှုခံယူပါ။
ပိုမိုသိရှိလိုပါက မေးခိုင်ရောဂါလမ်းညွှန် တွင် လက္ခဏာများနှင့်ကာကွယ်နည်းများကို ဖတ်ရှုနိုင်ပါသည်။ မေးခိုင်ရောဂါလမ်းညွှန် .
Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.