သွေးထွက်လွန်ခြင်း (Severe Bleeding)

First Aid +
ရှောင်ရန် အချက်များ
ဒဏ်ရာထဲကနေ စိုက်နေသော အရာဝတ္ထုကို ဖယ်ရှားဖို့ မကြိုးစားပါနှင့်။
ဒဏ်ရာထဲကနေ စိုက်နေသော အရာဝတ္ထုကို တိုက်ရိုက်ဖိခြင်း မပြုပါနှင့်။
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြတ်တောက်သွားပါက၊ ၎င်းကို မဆေးကြောပါနှင့်။
သတိပေးချက်: ဤစာမျက်နှာသည် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ပထမအကူအညီလုပ်ဆောင်ချက်များကို အကျဉ်းချုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ ၎င်းသည် အပြည့်အစုံလမ်းညွှန်တစ်ခုမဟုတ်သလို ကျွမ်းကျင်သူ၏ ကျန်းမာရေးအကြံဉာဏ်ကို အစားထိုးရန်လည်း မဟုတ်ပါ။
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမြဲတမ်း ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။ အရေးပေါ်အခြေအနေများတွင် အရေးပေါ်ဝန်ဆောင်မှုများကို ချက်ချင်းဆက်သွယ်ပါ။

အကျဥ်းချုပ်

သွေးထွက်လွန်ခြင်းကို အလျင်အမြန်ထိန်းချုပ်မရပါက၊ သွေးလွန်သွားပြီး၊ အကြောင်းမပြန်နိုင်ခြင်း ရှိနိုင်ပြီး သတိလစ်သွား နိုင်ပါသည်။ 

ရှော့ခ် ဖြစ်ခြင်းသည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေဖြစ်ပြီး၊ ခန္ဓာကိုယ်တွင် အရေးပါသော ကိုယ်တွင်း အင်္ဂါများကို အောက်ဆီဂျင် ဖြန့်ဝေပေးရန် လိုအပ်သော သွေးမလုံလောက်သောအခါ ဖြစ်ပေါ်သည်။

ပထမဦးစားပေးလုပ်ရန်မှာ သွေးလွန်ခြင်းကိုရပ်တန့်ရန်ဖြစ်သည်။ 

အရေးပေါ်ရှေးဦးသူနာပြုနည်း

တစ်ဦးတစ်ယောက် သွေးထွက်လွန်နေပါက၊ အဓိကရည်ရွယ်ချက်မှာ သွေးလွန်မှုကို ဆက်လက်ကာကွယ်ပြီးရှော့ခ်ဖြစ် ခြင်း၏ အကျိုးသက်ရောက်မှုကို မကြီးမားစေရန်ဖြစ်ပါသည်။

  1. ဦးစွာ အရေးပေါ်ကား အမြန် ခေါ်ဆိုပါ။
  2. သင်တွင် တစ်ခါသုံးလက်အိတ်ရှိပါက ပိုးမဝင်စေရန် လက်အိတ်ကို အသုံးပြုပါ။
  3. ဒဏ်ရာတွင် မည့်သည့် အရာ အပိုင်းအစမှရှိမနေအောင် ဖယ်ရှားပါ။ 

ဒဏ်ရာတွင်တစ်စုံတစ်ခု ဝင်နေပါက 

  • မဖိမိစေရန် သတိပြုပါ။ 
  • နစ်မြုပ်နေသော အရာကို မဖယ်ထုတ်ပါနှင့် ။ ထိုအရာက သွေးထွက်နည်းအောင် လုပ်ပေးတာမျိုးဖြစ်နေနိုင်ပါသည်။ 
  • ထိုအရာ၏ ဘေးဘက်ကို တင်းကြပ်စွာဖိပြီး ၎င်း၏ပတ်ပတ်လည်တွင် pad ဖြင့် ကာပြီး  ပတ်တီးစည်းပါ၊ ပစ္စည်းကို ဖိအားမသက်ရောက်စေရန် ဖြစ်သည်။

ဒဏ်ရာတွင်မည်သည့် အရာမျှမဝင် နေပါက 

  • သင်၏ လက်ဖြင့် ဒဏ်ရာပေါ်တွင် ဖိအားထားပြီး၊ အနားလေးသန့်စင်သော ဂွမ်းစသို့မဟုတ် အထုပ်ကို အသုံးပြုပါ။ သွေးထွက်မှုရပ်တန့်သည်အထိ ဖိအားထားလျက် ဆက်လက်လုပ်ဆောင်ပါ။ 
  • ဒဏ်ရာကို ပြင်းပြင်းထန်ထန် ချုပ်ရန် သန့်စင်သော အထုပ် သို့မဟုတ် သန့်စင်ပြီး ဂွမ်းကို အသုံးပြုပါ။ 
  • သွေးထွက်မှုသည် ဂွမ်းထဲမှ ဆက်လက်ထွက်နေပါက၊ ဒဏ်ရာပေါ်တွင် ဖိအားထားပြီး သွေးထွက်မှုရပ်တန့်သည်အထိ ဆက်လက်လုပ်ဆောင်ပါ၊ ၎င်းနောက်ပိုင်းတွင် အခြားသော ဂါမ်းတစ်ခု ထပ်ထည့်ပြီးစည်းပါ။ မူရင်းဂွမ်းစသို့မဟုတ် အထုပ်ကို ဖယ်ရှားမပြုဘဲ၊ သွေးထွက်မှု ရပ်တန့်မှုကို ဆက်လက်စစ်ဆေးပါ။

ပြုတ်ထွက်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်း :

  1. ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု၊ ဥပမာ လက်ချောင်းတစ်ခု ပြုတ်ထွက်သွားပါက၊ ၎င်းကို ပလတ်စတစ်အိတ်ထဲ ထည့်ပါ သို့မဟုတ်cling film  ဖြင့်ပတ်ပါ။ ပြုတ်ကွက်သွားသော အစိတ်အပိုင်းကို သန့်ရှင်းရေးမပြုပါနဲ့။
  2. အထုပ်ကို နူးညံ့ံ့ာအထည်ဖြင့် ပတ်ပြီး ရေခဲများ ထည့်ထားသော ဘူးအတွင်း ထည့်ပါ။ အစိတ်အပိုင်းသည် ရေခဲကို တိုက်ရိုက် မထိပါနှင့်။
  3. ပြုတ်ထွက်သွားသော အစိတ်အပိုင်းကို လူနာနှင့် တစ်ပါတည်းဆေးရုံသို့ ယူသွားရန် အထူးသတိပြုပါ။

shock ၏ လက္ခဏာများကို စစ်ဆေးပါ။

  • သွေးလွန် ခြင်းသည် အန္တရာယ်သင်္ကေတ ဖြစ်စေနိုင်ပြီး၊  (shock) သည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေဖြစ်ပါသည်။
  • shock ၏ လက္ခဏာများမှာ:
    • ဖြူဖျော့ အေးစက်သော အသားအရေဖြစ်ခြင်း
    • ချွေးထွက် ခြင်း
    • အသက်ရှူမြန်ခြင်း
    • မူးဝေ အားနည်းခြင်း
    • မအီမသာဖြစ်ခြင်း ‌‌အော့ အန် ခြင်း
    • ရေဆာခြင်း
    • သမ်းဝေခြင်း
    • သက်ပြင်းချခြင်း
  • တစ်ဦးတစ်ယောက်တွင်(shock)၏ လက္ခဏာများ ဖြစ်ပေါ်နေသည်ကို သတိထားမိပါက၊ ချက်ခြင်း ဆေးဘက်ဆိုင်ရာ အကူအညီ ရယူ ပါ။
  • ပြုလုပ်သင့်သည်:
    1. ထိခိုက်မှုများနှင့် ကိုက်ညီလျှင် လူနာကို  လှဲစေပါ။  ဖြစ်နိုင်ပါကခြေထောက်များကို မြှောက်ပြီး ထောက်ပံ့ပေးပါ။
    2. နွေးထွေးအောင်ထားပါ။ 
    3. စားရန် သောက်ရန် မပေးပါနှင့် 
    4. သူတို့ကို အနားယူစေပြီး စိတ်သက်သာမှုနှင့် ယုံကြည်မှု ပေးပါ။
    5. လူနာအခြေအနေကို စောင့်ကြည့်ပါ  အသက်ရှူရပ်သွားပါက ,  CPRစပါ   အရေးပေါ် လူနာတင်ယာဥ် ခေါ်ပါ။ 

သေးငယ်သော သွေးထွက်မှုမဟုတ်ပါက မည်သည့်သွေးထွက်မှုကိုမဆို အမြန်ဆုံး ဆေးဘက်ဆိုင်ရာအကူအညီ တောင်းခံပါ။

ထိခိုက် ရှနာများကုသရန်ဤ စာမျက်နှာ တွင် ကြည့်ပါ။  cuts and grazes here.

မည်သည့်အခါတွင် ဆေးဘက်ဆိုင်ရာအကူအညီရှာဖွေရမလဲ

မည်သူမဆို ထိခိုက်မှုရှိပါက အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီ (ဥပမာ- အရေးပေါ်ဌာန) သို့ ခေါ်ရန် သို့မဟုတ် တိုက်ရိုက် ဆေးဘက်ဆိုင်ရာအကူအညီ ရှာဖွေရန် လိုအပ်ပါသည်။:

  • သင်သို့မဟုတ် တစ်စုံတစ်ယောက်မှာ အလွန်အပြင်းအထန် သွေးထွက်နေလျှင်

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025

Start writing here...

ပြင်းထန်ဓာတ်မတည့်မှုတုံ့ပြန်ခြင်း (Anaphylaxis)
First Aid +