THINGS TO AVOID
အရေးပေါ် သို့ ခေါ်ဆိုရန် မနှောင့်နှေးပါနှင့်
အသက်ရှူလမ်းကြောင်း
ဤစာမျက်နှာသည် ထိခိုက်ဒဏ်ရာရသူကို ဘေးကင်းစွာ ချမှတ်စစ်ဆေးနိုင်ရန်၊ အရေးကြီးမှုကို ဦးစားပေးနိုင်ရန်နှင့် ပရော်ဖက်ရှင်နယ်အကူအညီရောက်ရှိသည်အထိ အခြေခံ ပထမအကူအညီပေးနိုင်ရန် အခြေခံလမ်းညွှန်ချက်များကို ပံ့ပိုးပေးပါသည်။
မတော်တဆမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူတစ်ဦးရှိလျှင် - သင်နှင့် ထိခိုက်ဒဏ်ရာရသူ အန္တရာယ်ကင်းပြီလား စစ်ဆေးပါ။ အန္တရာယ်ရှိနေသေးလျှင် သင့်နှင့် ဒဏ်ရာရသူအတွက် အရေးပေါ်လုံခြုံမှုကို ချမှတ်ပါ။
ဘေးကင်းပါက ထိခိုက်ဒဏ်ရာရသူကိုစမ်းသပ်မှုများလုပ်ပါ။ လိုအပ်လျှင် အရေးပေါ် ဆေးရုံတင်ရန် ပြုလုပ်ပါ။ ထို့နောက် ရှေး ဦး သူနာပြု နည်းဖြင့် ပြုစုနိုင်သည်။
ထိခိုက်ဒဏ်ရာရသူကိုစမ်းသပ် ခြင်း
ဏ်ရာရသူအား ကူညီစောင့်ရှောက်ရာတွင် အဓိက အရေးကြီးသည့် အချက် ၃ချက်ကို ABC ဟုခေါ်ဆိုကြပြီး၊ ၎င်းတို့မှာ :
- Airway (အသက်ရှူလမ်းကြောင်း ဖွင့်ခြင်း)
- Breathing (အသက်ရှူခြင်း စစ်ဆေးခြင်း)
- Circulation (သွေးလည်ပတ်မှု စစ်ဆေးခြင်း)
အသက်ရှူလမ်းကြောင်း (Airway)
ဒဏ်ရာရသူ သတိမရှိသကဲ့သို့ ဖြစ်နေပါက "သင်အဆင်ပြေလား?" ဟုအသံ မြင့်မြင့်ဖြင့် မေးမြန်းပြီး မျက်လုံးဖွင့်နိုင်ပါသလား ဟု စစ်ဆေးပါ။
တုံ့ပြန်လျှင်:
သင့်တင့်တဲ့အနေအထားတွင် သူတို့ကို ထားရှိနိုင်ပြီး ကူညီမှုရောက်သည်အထိ စောင့်ဆိုင်းနိုင်ပါသည်။
စောင့်ဆိုင်းနေစဉ်တွင်၊ သူတို့၏ အသက်ရှူခြင်း၊ နှလုံးသွေးလည်ပတ်မှုနှင့် တုံ့ပြန်မှု အဆင့် များကို ဆက်လက်စစ်ဆေးပါ။ :
- သတိရှိနေပါသလား ?
- သင့်အသံကို တုံ့ပြန်ပါသလား?
- လုံးဝ တုံ့ပြန်မှု မရှိပါသလား (သတိလစ်ခြင်း) ?
တုံ့ပြန်မှုမရှိပါက:
ရှိနေသော အနေအထားမှာ ထားပြီး အသက် ရှူလမ်းကြောင်း ကို ဖွင့်ပေးပါ။
ရှိနေသော အနေအထားမှာ မဖြစ်နိုင်ပါက ညင် သာ စွာ လှဲ ပေးပြီး ၊ အသက်ရှူလမ်း ကြောင်းကို ဖွင့်ပေးရန် ကြိုးစားပါ။
အသက် ရှူလမ်းကြောင်းကိုဖွင့်ရန် လူနာ၏နဖူးပေါ် လက်ကိုတင်ပြီး နောက်လက်တစ်ဖက်မှ လက်၂ချောင်း ဖြင့် မေး စေ့ ထိပ်ကို မပြီး ခေါင်းကို အနောက်ဘက်သို့ အသာ အယာ စောင်းပေးပါ။ လည်ချောင်း အနောက်မှ လျှာကိုမပိတ်စေရန်ကူညီပေးပါသည်။
ပါးစပ်အောက်ခြေကို မတွန်းပါနှင့် ။ ထိုသို့ လုပ် ခြင်းက လျှာကို အ ပေါ်သို့ တွန်းတင်သလိုဖြစ်ပြီး အသက် ရှူလမ်းကြောင်း ကို ပိတ်စေနိုင်ပါသည်။
သင့် အနေဖြင့် ထိခိုက်ခံ ရသူ သည် ကျောရိုးမကြီး ထိခိုက်မှု ရှိ သည်ဟု ထင် ပါက လူနာ၏ ခေါင်း ပေါ်ကို သင့် လက် နှစ်ဖက် ထားပြီး လက်ချောင်းများကို အသုံး ပြု ၍ မေး ရိုးကို အရှေ့ , အပေါ် သို့ ညင်သာစွာမပေးပြီး အသက် ရှူလမ်းကြောင်းပွင့်ေစရန် ပြု လုပ်ပေးပါ။ ခေါင်းကိုမရွေ့ စေပဲ လုပ်ပေးပါ။
လူနာ၏လည်ပင် ကို မရွှေ့မိ စေရန်သတိ ပြုပါ။ သို့ သော် လည်ပင်းဒဏ်ရာထက် အသက် ရှူလမ်းကြောင်းပွင့်ေစရန် ဦးစားပေးပြုလုပ်ရပါမည်။ ဒါကို jaw thrust technique ဟုခေါ်ပါသည်။.
အသက်ရှူခြင်း
အသက်ရှူခြင်းကိုစစ်ဆေးရန် :
- ရင်ဘတ်မှာ တက်လိုက် နိမ့်လိုက် ဖြစ်လား ကြည့်ပါ။
- ပါးစပ်နှင့် နှာခေါင်း မှ အသက်ရှူ သံကို နားထောင်ပါ။
- ၁၀ စက္ကန့်အထိ သင့် ပါးဖြင့် အသက်ရှူခြင်း ရှိမရှိ ခံစားကြည့်ပါ။
သူသည်ယေဘုယျအားဖြင့်အသက်ရှူနေရင် သူကို recovery position တွင်ထားပြီး အသက်ရှူခြင်းကိုဆက်လက်စောင့်ကြည့်ပါ။
ပင့် သက် ရှိုက်ခြင်း သို့ မဟုတ်ပုံမှန်မ ဟုတ်သောအသက်ရှူခြင်းသည် သာမာန် အသက်ရှူခြင်းမဟုတ်ပါ
လူနာ သည် အသက် မရှူ တော့ခြင်း၊ ပုံမှန်မ ဟုတ်သောအသက်ရှူခြင်းဖြစ်ပါက အရေး ပေါ် ခေါ် ဆိုပြီး အရေးပေါ် အသက်ကယ်ခြင်း CPR စတင်လုပ်ဆောင် ပါ CPR.
သွေးလည်ပတ်ခြင်း
လူနာသည် ပုံမှန် အသက်ရှူခြင်းမရှိပါက ရင်ဘတ်ကိုဖိပေးခြင်း chest compressions) ချက်ချင်းစတင်ရပါမည်။chest compressions
Agonal breathing သည် ဖြစ်လေ့ ဖြစ်ထရှိပြီး နှလုံးရုတ်တရက် ရပ်ပြီး အစောပိုင်း မိနစ်အနည်းငယ် အတွင်းဖြစ်သည်။
Agonal breathingရုတ်တရက် ပုံမှန်မဟုတ်သော ပင့်သက် ရှိုက် ခြင်း ဖြစ်ပြီး၊ ပုံမှန် အသက်ရှူ ခြင်းနှင့် မမှားသင့်ပါ။CPR.
လူနာသည်အသက် မရှူ တော့ ပါက အရေး ပေါ် ခေါ် ဆိုပြီး အရေးပေါ် အသက်ကယ်ခြင်း CPR စတင်လုပ်ဆောင် ပါ
ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။
အောက်ပါ အချက်များဖြစ်ပါက အရေးပေါ်ကုသမှုရရှိရန် (ဥပမာ - အရေးပေါ်ဌာန) ဖုန်းခေါ်ပါ။:
- ထိခိုက်ဒဏ်ရာရခြင်းသို့မဟုတ် ထိခိုက်မှု ဖြစ်ခြင်း
- တုံ့ပြန်မှုမရှိခြင်း ၊ သတိလစ်ခြင်း
- အသက်မရှူ တော့ခြင်း ၊ အသက်ရှူတာ ပုံမှန်မဟုတ်ခြင်း
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025
Start writing here...