MRI Scan (Magnetic resonance imaging)

Medical Tests & Diagnostics Guide
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

Magnetic resonance imaging (MRI) သည် ခန္ဓာကိုယ်အတွင်း၏ အသေးစိတ် ရုပ်ပုံများ ဖော်ပြရန် သံလိုက် magnetic နှင့် ရေဒီယိုလှိုင်းများကို အသုံးပြုသည့် စကင်တစ်မျိုးဖြစ်ပါသည်။

MRI စကင်နာသည်သံလိုက်အားများပါရှိသော ကြီးမားသော အလွှာတစ်ခုဖြစ်ပြီး၊ စကင်လုပ်သောအခါ၌ သင်သည် အလွှာထဲတွင် နေရာချထားရပါမည်။

MRI စကင်သည်မနာကျင် သော လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး၊ စကင်လုပ်ရန် ကြာချိန်မှာ 15 မှ 90 မိနစ်အထိ ကြာနိုင်သည်၊  စကင်လုပ်မည့် အပိုင်း၏ အရွယ်အစားနှင့် ရိုက်ကူးမည့် ပုံများအရေအတွက်အပေါ် မူတည်ပါသည်။

ဤစစ်ဆေးမှုကို ဘာကြောင့်ပြုလုပ်ရသလဲ

MRI စကင်သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်း အချို့ကို စစ်ဆေးရန် အသုံးပြုနိုင်ပါသည်၊ ဥပမာ -:

  • ဦးနှောက်နှင့် အာရုံကြော
  • အရိုးများနှင့် ဆစ်များ
  • ရင်သား
  • နှလုံးနှင့် သွေးလမ်းကြောင်းများ
  • ကိုယ် တွင်း အင်္ဂါများ၊ ဥပမာ အသည်း၊ သားအိမ် သို့မဟုတ် ပရိုစတိတ်ဂလင်း

MRI စကင်၏ ရလဒ်များသည် ရောဂါများအား ရောဂါသတ်မှတ်ခြင်း၊ ကုသမှုအစီအစဉ်များဆွဲခြင်းနှင့် ယခင်ကုသမှုအကျိုးရှိမှုကို အကဲဖြတ်ခြင်းအတွက် အသုံးပြုနိုင်ပါသည်။

ဤစစ်ဆေးမှု မည်သို့အလုပ်လုပ်သနည်း

လူ့ခန္ဓာကိုယ်၏ အများစုကို  မော်လီကျူးများ ဖြင့် ပေါင်း စည်းထားသည်၊ ၎င်းသည် ဟိုက်ဒရိုးဂျင်နှင့် အောက်စီဂျင်အက်တမ်များကို ပေါင်းစည်းထားပါသည်။

ဟိုက်ဒရိုးဂျင်အက်တမ်၏ အလယ်ဗိုင်းတွင် ပိုမိုသေးငယ်သော ပရိုတွန်တစ်ခု ရှိပါသည်။ ပရိုတွန်များသည် သေးငယ် သော သံလိုက်များနှင့်တူပြီး၊ သံလိုက် စက်ကွင်း များကိုထိရောက်မှုရှိပါသည်။ 

သင်သည်စွမ်းအားမြင့် မဂနက်များအောက်တွင် လှဲ သောအခါ၊ သင့်ခန္ဓာကိုယ်ရှိ ပရိုတွန်များသည်လမ်းကြောင်းတစ်ခုတည်း စီပြီး ဆွဲ ငင် အားဖြင့်တည်ရှိပါသည်၊ ။ ၎င်းကို သင်ခံစားမရပါ။

ခန္ဓာကိုယ်အစိတ် အပိုင်းများသို့ ရေဒီယိုလှိုင်းများ ကို ပို့ ပေးပြီး ပရိုတွန် များကို တွန်းထုတ်လိုက်ပါသည်။ 

ရေဒီယိုလှိုင်း များ ပိတ်လိုက် ချိန်တွင် ပရိုတွန်များပြန်လည်ချိန်ညီလာသည်။ ၎င်းက သတင်းအချက်အလက်များကို လွှတ်ပေးသည့် ရေဒီယိုအချက်ပြ ချက် များ ဖြစ်ပြီး ခံယူသူများအား ဖမ်းယူပေးသည်။

ဤသတင်းအချက်အလက်များသည် ခန္ဓာကိုယ်တွင် ပရိုတွန်များ ရှိရာနေရာကို တိတိကျကျ ဖော်ပြပေးပါသည်။

၎င်းတို့သည် ခန္ဓာကိုယ်ရှိ အမျိုးမျိုးသောတစ်ရှူးများကို ကွဲပြားစွာ ခွဲခြားနိုင်ရန်ကူညီပါသည်။ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်တွင်း အမျိုးမျိုးသောတစ်ရှူးများရှိ ပရိုတွန်များသည် ခွဲခြားခြင်းမရှိဘဲ ပြန်လည်ချိန်ညီလာသည့် အချိန်များတွင် ထင်ရှား သော သင်္ကေတများထုတ်လွှတ်ပါသည်။

ကွန်ပျူတာဖန်သားပေါ်ရှိ မီလီယံpixels များသည် ရုပ်ပုံများစုံကို ဖန်တီးနိုင်သလို၊ ခန္ဓာကိုယ်တွင်းရှိ ပရိုတွန်များ၏ မီလီယံများထုတ်လွှတ်သော ရုပ်ပြသင်္ကေတများကို ပေါင်းစပ်၍ ခန္ဓာကိုယ်၏ အတွင်းပိုင်းပုံတူခိုင်မာသော ပုံရိပ်ကို ဖန်တီးနိုင်ပါသည်။

စစ်ဆေးမှုအတွက် ပြင်ဆင်ခြင်း

 MRI ရိုက် ယူမည့်နေ့တွင် သင်သည် ပုံမှန်အတိုင်း အစားအသောက်စားသုံးနိုင်ပြီး၊ သင့်ကို အကြောင်းကြားမထားပါက သင့်ရဲ့ဆေးဝါးများကိုလည်း သောက်နိုင်ပါသည်။

တစ်ချို့သော ကိစ္စများတွင်၊ သင်ကို စစ်ဆေးမည့် နေ ရာအပေါ်မူတည်ပြီး ၄ နာရီခန့် အစားအစာ မစားသောက်ရန်နှင့် သို့မဟုတ် ရေ အ‌မြောက် အများ  သောက်ရန် တောင်းဆိုခြင်းခံရနိုင်ပါသည်။

ဆေးရုံသို့ ရောက်ရှိသောအခါ သင့်ကို သင့်ကျန်းမာရေးနှင့် ရောဂါ  သမိုင်းအကြောင်းမေးမြန်းလိမ့်မည်။ ၎င်းသည် ဆရာဝန်များကို သင်သည် စစ်တမ်းကို အန္တရာယ်မရှိဘဲ ရယူနိုင်ခြင်းကို အာမခံရန် ကူညီပေးသည်။

မေးခွန်း မေး ပြီးပါက သင်သည် စစ်ဆေးခြင်း ကို ဆက်လက်ဆောင်ရွက်ရန် သင်၏ လက်မှတ်ကို ထိုး ပေးရန် တောင်းဆိုလိမ့်မည်။

MRI စကင်နာသည်ကြီးမားသော သံလိုက်လှိုင်းကို ထုတ်လုပ်သောကြောင့် သင့်ခန္ဓာကိုယ်မှ သတ္တုပစ္စည်းများကို ဖယ်ရှား ရန် အရေးကြီးပါသည်။  

ထို အရာများတွင် :

  • နာရီများ
  • လက်ဝတ်ရတနာများ 
  • နှာခေါင်း ရင်သား တွင် တပ်ဆင်သော ကွင်းများ ၊ နားကပ်များ 
  • အန် ကပ် များ 
  • နားကြားကိရိယာများ
  • ဆံပင် အတုများ 

သင့်နှင့်အတူ စကင်အတွက် တန်ဖိုးရှိသောပစ္စည်းများ မယူသင့်ပါ၊ သို့သော် ပါလာပါက လည်း လုံခြုံသော လော့ကာတွင် သိမ်းနိုင်ပါသည်။ 

သင်၏ခန္ဓာကိုယ်ကို စကင်လုပ်သောအခါတွင် သင့်တော်သော ဆေးရုံ ဝတ်စုံ (hospital gown) များကို ဝတ်ဆင်ရန် လိုအပ်နိုင်ပါသည်။ 

ဆေးရုံ ဝတ်စုံ (hospital gown) ကို ဝတ်ရန်မလိုအပ်ပါက သတ္တုပါသော အရာများ၊ ဇစ်များ မဝတ်သင့်ပါ။


Contrast agent

အချို့သော MRI စကန်များတွင် ကွန်ထရက်စ် အဂျင့် (အရောင်) ထည့်သွင်းရမည်ဖြစ်သည်။ ၎င်းသည် အချို့သော အရည်နှင့် သွေးလမ်းကြောင်းများကို ပိုမိုရှင်းလင်းပြီး အသေးစိတ်ပြသရန် အထောက်အကူပြုသည်။

အချို့သောအချိန်များတွင် ကွန်ထရက်စ် အဂျင့် သုံးစွဲပြီးနောက်ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်၊ အထူးသဖြင့် -:

  • နေထိုင်မကောင်းဖြစ်ခြင်း 
  • အရေပြားယားယံခြင်း 
  • ခေါင်းကိုက်ခြင်း 
  • ခေါင်းမူးခြင်း 

ဤ ဘေးထွက်ဆိုးကျိုးများသည် မပြင်းထန်ပဲ အချိန်တိုအတွင်း ပျောက်ကင်းနိုင်ပါသည်။ 
သို့သော် ကွန်ထရက်စ် အဂျင့်သည်ပြင်းထန်သော ကျောက်ကပ်ရောဂါရှိသည့် လူ နာများအတွက် ကိုယ်တွင်း အင်္ဂါ ပျက် စီး နိုင်သော န္တရာယ်များ ဖြစ်နိုင်ပါသည်။ 
kidney disease.

သင်သည်ကျောက်ကပ် ရောဂါရှိလျှင် MRI စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ရန်သင့်မသင့်   သင်၏ ကျောက်ကပ် ကို စစ်ဆေးရန် လိုအပ်ပါသည် ။   

ဆေးမထိုးမီ ဓာတ်မတည့်မှု ,သွေးခဲခြင်းနှင့် ပက်သက်သော ပြဿနာ များရှိမရှိကို အသိပေးပါ။ 


Anaesthesia and sedatives

MRI စစ်ဆေးမှုသည်နာကျင်မှု မရှိသော လုပ်ငန်းစဥ် ဖြစ်ပါသည်၊ ထို့ကြောင့် (နာကျင်မှုသက်သာစေသော ဆေး) ကို အများအားဖြင့် မလိုအပ်ပါ။ 

သင်သည် ပိတ်လှောင်ခြင်းကို ကြောက်သောရောဂါ ကလပ်စ်ထရိုဖိုဘီးယားရှိပါက၊ စိတ်ငြိမ် ရန် sedative (သက်သာစေသော ဆေး) တစ်မျိုးတောင်းဆိုနိုင်ပါသည်။ ဆေးစစ်ဆေးမှုကို လုပ်မည့်မတိုင်ခင် သင့်ဆရာဝန်ထံမှ ဆောင်ရွက်ရန် အချိန်မီ တောင်းဆိုသင့်ပါသည်။

သင့်သည် စစ်ဆေးမှုအတွင်း sedative (စိတ် ငြိမ် ဆေး) သုံးရန် ဆုံးဖြတ်ပါက၊ 24 နာရီအတွင်း ကားမမောင်းပဲ မိသားစုသို့မဟုတ် မိတ်ဆွေတစ်ယောက်ကို အိမ်သို့ မောင်းနှင်ရန် စီစဉ်ပေးရမည်ဖြစ်ပါသည်။

ကလေးငယ်များတွင် MRI မရိုက်မီ မေ့ ဆေး ပေးနိုင်ပါသည်။  general anaesthetic before having an MRI scan.

ဤသည်မှာ MRI စစ်ဆေးမှုအတွင်း ငြိမ်ငြိမ်နေရန် အရေးကြီး ပါသည်၊ များသောအားဖြင့် ကလေးငယ်များသည်နိုးနေ ချိန်တွင် ယင်းလိုလုပ်၍ မရနိုင်ပါ။

စစ်ဆေးမှုအတွင်း ဖြစ်ပျက်နိုင်သည်များ

MRI စက်သည်နှစ်ဖက်ပွင့်  စလင်ဒါပုံစံ တစ်ခု ဖြစ်ပါသည်။ သင်သည် မော်တာပြားတစ်ခုအပေါ်၌ နေရင်း၊ စက်အတွင်းသို့ မောင်းနှင်သွားပါမည်။ 

သင်သည် စစ်ဆေးနေသော အစိတ်အပိုင်းပေါ်မူတည်ပြီး ခေါင်းပိုင်း သို့မဟုတ် ခြေထောက်အပိုင်းမှစပြီး  စက်ထဲကို ဝင်ရောက်ရပါမည်။

အချို့သောအခြေအနေများတွင်၊ စစ်ဆေးနေသော ကိုယ်ခန္ဓာအစိတ်အပိုင်းအပေါ်တွင် ဖရိမ်တစ်ခုတပ်ဆင်နိုင်ပါသည်၊ ဥပမာအားဖြင့် ခေါင်း သို့မဟုတ် ရင်ဘတ်ပေါ်၌။ ၎င်း ဖရိမ်တွင် သင်၏ကိုယ်ခန္ဓာမှ စစ်ဆေးမှုအတွင်း ထုတ်ပေးသော အချက် များကို သိမ်းဆည်းပြီး၊ ပိုမိုကောင်းမွန်သော အရည်အသွေးမြင့် ပုံရိပ်တစ်ခု ဖန်တီးရာတွင် ကူညီနိုင်ပါသည်။

MRI စက်ကို လည်ပတ်ရန် ကွန်ပြူတာတစ်လုံး အသုံးပြုပါသည်၊ ထိုကွန်ပြူတာသည် စက်၏ သံလိုက် စက်ကွင်း မှ ဝေးရာ အခြားအခန်းတစ်ခန်းတွင် တည်ရှိနေပါသည်။

ရေဒီယိုဂရပ်ဖာသည် ကွန်ပြူတာကို လည်ပတ်ပေးသည်၊သူတို့သည်  သီးခြားခန်းတစ်ခန်းတွင် ရှိနေပါမည်။

သင်သည် ရေဒီယိုဂရပ်ဖာနှင့် ဆက်သွယ်နိုင်မည်ဖြစ်ပြီး၊ သင်၏ စစ်ဆေးမှုကာလအတွင်း သူတို့သည် သင့်ကို မော်နီတာနှင့် ကြည့်နိုင်ပါသည်။

သင့်ကို ဆေးစစ်ဆေးမှုအတွင်းတွင် အတူရှိရန် မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ယောက်ကို ခွင့်ပြုနိုင်ပါသည်။ ကလေးများသည် မိဘများနှင့် အတူ ရှိနိုင်ပါသည်။

သင် နှင့် အတူရှိမည့် သူ ကိုယ်ထဲတွင် pacemaker သို့မဟုတ်သတ္တု အရာဝ တ္ထု တစ်ခုခုရှိ မရှိ မေးမြန်းရပါမည်။ 

သူတို့သည် ဝတ်စုံနှင့် သတ္တု အရာဝ တ္ထု များကို ဖယ်ရှားရသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာရမည်ဖြစ်ပါသည်။

ရုပ်ပုံများ ဝါးခြင်း မဖြစ်စေရန် သင်၏ ခန္ဓာကိုယ်ကို  scan စစ်ဆေးမှုအတွင်း ငြိမ် ငြိမ် ထားရ မည်ဖြစ်ပြီး၊ ရေဒီယိုဂရပ်ဖာမှ အနားယူရန် မ ညွှန်ကြားမချင်း ငြိမ်နေရန် လိုအပ်ပါသည်။

စကန်တစ်ခု သည် စက္ကန့် အနည်း ငယ် မှ ၃,  ၄ မိနစ်အထိ ကြာနိုင်ပါသည်။ စကန်ရိုက်နေ စဥ် အချိန်တို တွင်း အသက်အောင့် ရန် လည်း လိုအပ် နိုင်ပါသည်။

စစ်ဆေးမှုမည့်ဒေသ၏အရွယ်အစားနှင့် ပုံများရိုက်ကူးသည့်အရေအတွက်ပေါ်မူတည်၍ တစ်ခုလုံးသောလုပ်ငန်းစဉ်သည် ၁၅ မိနစ်မှ ၉၀ မိနစ်အထိကြာနိုင်ပါသည်။

MRI စကန်နာသည် စစ်ဆေးမှုအတွင်းအချို့သောအချိန်များတွင် အသံများထွက်နိုင်ပါသည်။ စကင်နာ ရဲ့ လျှပ်စစ် ကွိုင် ကို ပိတ်လိုက်ဖွင့်လိုက် လုပ်ရသောကြောင့် ဖြစ်သည်။ 

သင်လိုချင်ပါက စကန်နေ စဉ်အတွင်း ဂီတနားထောင်နိုင်ပြီး၊ အချို့သောအခါများတွင် ကိုယ်ပိုင် CD ကိုလည်း ယူဆောင်နိုင်ပါသည်။

စကန်ပြီးသွားပါက သင့်အား စကန်နာမှ ပြန်ထုတ်မည်ဖြစ်သည်။

စစ်ဆေးမှုပြီးနောက်

MRI စကန်သည် အများအားဖြင့် ဆေးရုံတွင် ပြင်ပ လူနာ ဌာနလုပ်ငန်းအနေဖြင့် လုပ်ဆောင်လျက်ရှိသည်။ ၎င်းကြောင့် သင်သည် ဆေးရုံတက် စရာမလိုပါ။

စကန်ပြီးသွားပါက သင်၏ပုံမှန် လုပ်ငန်းများကို ချက်ချင်းဆက်လက်လုပ်ဆောင်နိုင်ပါသည်။ သို့သော်၊ သင်သည် စိတ်ငြိမ်ဆေး သောက်ထားပါ က မိသားစုဝင်တစ်ဦး ကသင်အား အိမ်သို့ ပြန်ပို့ ပေးရန်လိုအပ်ပြီး ပထမ ၂၄ နာရီအတွင်း အတူရှိရပါမည်။

စိတ် ငြိမ်ဆေး သောက်ပြီး ၂၄ နာရီအတွင်း မောင်းနှင်ခြင်း၊ စက်ပစ္စည်းများမောင်းနှင်ခြင်း၊ အရက်သောက်ခြင်း မလုပ်သင့်ပါ ။ 

သင်၏ MRI စကန်ကိုဓာတ်မှန်ဆရာဝန်  (စကန်များနှင့် X-ray များကို နားလည်ဖတ်ရှုရန် ပညာရပ်တတ်ကျွမ်းသော ဆရာဝန်) က စစ်ဆေးပြီး အခြားဆရာဝန်များနှင့် ဆွေးနွေးရန် လိုအပ်နိုင်ပါသည်။

သင်၏ MRI စကန်၏ ရလဒ်များကို ချက်ချင်း မရနိုင်ပါ။

ရေဒီယိုလိုဂျစ်သည် စကန်ကို စစ်ဆေးပြီးရလဒ် ကို သင်၏ဆရာဝန်ထံ ပို့ပါလိမ့်မည်။ ဆရာဝန်က ရလဒ်များကို သင်နှင့် ဆွေးနွေးပေးပါလိမ့်မည်။

MRI စကန်၏ ရလဒ်များကို ရရန် ၁ ပတ် သို့ ၂ ပတ်အထိကြာတတ်ပြီး၊ အရေးပေါ်ကိစ္စများရှိပါက  မကြာခင် ရနိုင်ပါသည်။

MRI Scan ကို ဘယ်သူတွေလုပ်လို့ရလဲ

MRI စကန်သည် အလွန် ဘေးကင်းပြီး လူများစွာအတွက် အထောက်အကူဖြစ်သော စစ်ဆေးမှုဖြစ်သည်။

သို့သော် အချို့သော အခြေအနေများတွင် MRI စကန်ကို မညွှန်ကြားပါ။

သင့်ရဲ့ ဆရာဝန်က MRI စကန်အတွက် အကြံပြုတဲ့အခါ၊ အောက်ပါအချက်များရှိပါက သူတို့ကို ပြောကြားပါ:

  • သင့်ခန္ဓာမှာ သတ္တုအရာရှိမရှိကို သင်ထင်ပါက
  • ကိုယ် ဝန်ဆောင် (သို့) နို့တိုက်မိခင်ဖြစ်ပါက
  • contrast agentနှင့် ဓာတ် မတည့် ခြင်းရှိပါက
  • ကျောက်ကပ်ပြဿနာများရှိပါက 

စကန်အတွင်း အသုံးပြုသော သံလိုက် များသည် သင့်ခန္ဓာတွင် ရှိသော သတ္တုများ ကို အကျိုးသက်ရောက်စေနိုင်ပါသည်။

MRI စကန်များသည် ကိုယ်ဝန်ဆောင် တွက် အန္တရာယ်ရှိသည်ဟု သက်သေခံထားသော အချက်များ မရှိပေမယ့်၊ အကြောင်းအရာအရ MRI စကန်ကို ရယူနိုင်မည် သို့မဟုတ် မရနိုင်မည်ဟူ၍ ဆရာဝန်က အကြံပေးပါလိမ့်မည်။

ဆရာဝန်သည် MRI စကန် သို့မဟုတ် contrast agent (အရောင်ဆေး) သင့်အတွက် သင့်တော်ပါသလားဆိုတာကို ဆွေးနွေးနိုင်ပြီး၊ MRI စကန်ကို လုပ်ဆောင်ပါက  ရေဒီယိုဂရာဖာများက သင် နှင့် သင့်သန္ဓေ သား အတွက် စိတ်ချရရှိအောင် အထူးဂရုစိုက်ပေးပါလိမ့်မယ်။


Metal implants or fragments

သင့်ခန္ဓာတွင် သတ္တုများ ရှိနေပါက၊ အဲ့ဒါက MRI စကန်ကို ရယူ၍မရနိုင်သည်ဟု မဆိုလို နိုင်ပေမယ့်၊ စကန်ကို လုပ်ဆောင်နေသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် အထူးသဖြင့် ၎င်းကိုသိ ထားရန် အရေးကြီးပါသည်။

သူတို့သည် အခြေအနေအလိုက် ဆုံးဖြတ်နိုင်သည်၊ စကန်ကို လုံခြုံစွာ အလုပ်လုပ်စေရန် ထပ်မံချက်များ လိုအပ်မလား ဆိုတာ စဥ်းစားပေးပါလိမ့်မယ်။

ဥပမာအားဖြင့်၊ pacemaker သို့မဟုတ် defibrillator ကို MRI-လုံခြုံစွာ အသုံးပြုနိုင်ရန် ပြင်ဆင်နိုင်သလို၊ စကန်လုပ်ဆောင်နေစဉ် သင့်နှလုံးစည်းချက်  rhythms ကို စောင့်ကြည့်နိုင်ပါသည်။

သင့်ခန္ဓာတွင် သတ္တုအစားထိုး အရာ များ ရှိမရှိ မသေချာပါကဓာတ် မှန်ရိုက် ရန် လိုအပ်နိုင်ပါသည်။  X-ray .

သတ္တုအစားထိုး အရာ များတွင် :


  • နှလုံးစက်ကိရိယာ (Pacemaker) – နှလုံးခုန်မမှန်ခြင်းကို ထိန်းချုပ်ရန် အသုံးပြုသည့် လျှပ်စစ်ကိရိယာငယ်
  • အတွင်းသို့ထည့်သွင်းနိုင်သော နှလုံးခုန်နှုန်းထိန်းကိရိယာ (ICD) – နှလုံးခုန်နှုန်းကို ထိန်းညှိရန် လျှပ်စစ်ဓာတ်ဖြင့် အသုံးပြုသည့် နှလုံးစက်ကိရိယာနှင့် ဆင်တူသော ကိရိယာ
  • သတ္တုပြား၊ ဝါယာ၊ ဝက်အူများ သို့မဟုတ် သံချောင်းများ – အရိုးကျိုးခြင်းအတွက် ခွဲစိတ်ကုသမှုတွင် အသုံးပြုသည်
  • အာရုံကြောလှုံ့ဆော်ကိရိယာ  – နာတာရှည် အာရုံကြောနာကျင်မှုကို ကုသရန် အသုံးပြုသည့် လျှပ်စစ်ကိရိယာ
  • ကြားအာရုံပြန်လည်ရရှိရေး ကိရိယာ (Cochlear Implant) – နားအတွင်းသို့ ခွဲစိတ်ထည့်သွင်းထားသော ကြားကိရိယာတစ်မျိုး
  • ဆေးထိုးစက် (Drug Pump Implant) – နာတာရှည်နာကျင်မှုကို ကုသရန် ခန္ဓာကိုယ်၏ တစ်နေရာရာသို့ အကိုက်အခဲပျောက်ဆေးများ ပို့ဆောင်ပေးသည့် ကိရိယာ
  • ဦးနှောက်သွေးကြောဖောင်းကားခြင်း ကလစ်များ- sဦးနှောက်အတွင်းရှိ သွေးကြောများကို ပိတ်ဆို့ရန် အသုံးပြုသည့် သတ္တုကလစ်ငယ်များ
  • ရှင့်များsome types of shunts -ဦးနှောက် သို့မဟုတ် ကျောရိုးအတွင်း အရည်များလွန်းခြင်းကို ကုသရန် အသုံးပြုသည့် ကိရိယာများ
  • စတင့်၊ စစ်ထုတ်ကိရိယာနှင့် သွေးကြောကွင်းများ –သွေးကြောအတွင်းသို့ ခွဲစိတ်ထည့်သွင်းထားသော သတ္တုကိရိယာငယ်များod vessels
  • မျက်လုံး သို့မဟုတ် သွေးကြောအနီးတွင် ရှိနေသော သတ္တုအစအနများmetallic fragments (အထူးသဖြင့် ဂဟေဆော်ခြင်း သို့မဟုတ် သတ္တုလုပ်ငန်းလုပ်ကိုင်သူများတွင် အဖြစ်များသည်)
  • သတ္တုနှလုံးအဆို့ရှင် prosthetic (artificial) metal heart valves
  • လိင်တံအတွင်း ထည့်သွင်းကိရိယာ –  ပန်းသေပန်းညှိုးခြင်းကို ကုသရန် အသုံးပြုသည်
  • မျက်လုံးအတွင်း ထည့်သွင်းကိရိယာများeye implants –မျက်လုံးအတွင်းရှိ မြင်လွှာကို ထိန်းထားရန် အသုံးပြုသည့် သတ္တုကလစ်ငယ်များ
  • သားအိမ်တွင်းထည့်ပစ္စည်း (IUD) – သားအိမ်အတွင်းသို့ ထည့်သွင်းထားသော ပလပ်စတစ်နှင့် ကြေးပါသည့် ကိုယ်ဝန်တားကိရိယာ
  • အဆစ်အတုများ – တင်ပါးဆုံ အစားထိုးကုသမှု သို့မဟုတ် ဒူးအစားထိုးကုသမှုတွင် အသုံးပြုသည်
  • သွားဖာခြင်းနှင့် တံတားများ dental fillings and bridges
  • သားအိမ်ပြွန်ကလစ်များ– အမျိုးသမီးများတွင် မျိုးမပွားနိုင်အောင် ပြုလုပ်ရာတွင် အသုံးပြုသည်
  • ခွဲစိတ်ပြီးနောက် အနာကို ပိတ်ရန် အသုံးပြုသည့် ခွဲစိတ်ကလစ်များ သို့မဟုတ် စတိတ်ပလာများ
  • ဆေးမင်ကြောင်များ သို့မဟုတ် အမြဲတမ်းမိတ်ကပ်များ permanent make-up
  • ကျည်ဆန်များ သို့မဟုတ် ပစ္စည်းအစအနများobjects such as bullets or shrapnel
  • ရင်သားပြန်လည်ပြုပြင်ရေးကိရိယာများ– ရင်သားဖယ်ထုတ်ပြီးနောက် အသုံးပြုသည်
  • insulin pumps and glucose monitors – electronic devices used by some people with diabetes

ဆေးမင်ကြောင်များ

အချို့သော ဆေးမင်ကြောင်များတွင် သတ္တုအနည်းငယ် ပါဝင်နိုင်သော်လည်း၊ MRI စကင်နာတွင် ဆေးမင်ကြောင်အများစုသည် စိတ်ချရပါသည်။

စကင်နာဖတ်နေစဉ် ဆေးမင်ကြောင်တွင် မသက်မသာ သို့မဟုတ် အပူခံစားရပါက ဓာတ်မှန်ဆရာဝန်ကို ချက်ချင်းပြောပါ။

အန္တရာယ်များ

MRI စကင်နာသည် နာကျင်မှုမရှိဘဲ စိတ်ချရသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ သို့သော် သင်သည် ပိတ်လှောင်မှုကြောက်စိတ်ရှိပါက မသက်မသာဖြစ်နိုင်သော်လည်း၊ ဓာတ်မှန်ဆရာဝန်၏ ပံ့ပိုးမှုဖြင့် လူအများစုသည် ဤလုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါသည်။ .

ခေတ်မီ MRI စကင်နာများတွင် ပိုမိုကျယ်ပြန့်သော တွင်းပါရှိသဖြင့် ပိတ်လှောင်မှုကြောက်စိတ်ကို လျှော့ချနိုင်ပါသည်။ ခြေထောက်ဦးစွာထည့်၍ စကင်နာဖတ်ခြင်းသည် ပိုမိုလွယ်ကူနိုင်သော်လည်း၊ ဤနည်းလမ်းကို အမြဲတမ်းအသုံးမပြုနိုင်ပါ။

MRI စကင်နာတွင် အသုံးပြုသည့် သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများသည် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိနိုင်သလားဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ထားပါသည်။

အန္တရာယ်ရှိကြောင်း မည်သည့်အထောက်အထားမျှ မတွေ့ရှိရသောကြောင့်၊ MRI စကင်နာသည် လုံခြုံစိတ်ချရသော ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည်။

သို့သော်၊ အချို့သော အခြေအနေများတွင် MRI စကင်နာကို မပြုလုပ်သင့်ပါ။ ဥပမာ၊ သင့်တွင် နှလုံးစက်ကိရိယာ သို့မဟုတ် အတုအဆစ်များ ထည့်သွင်းထားပါက၊ MRI စကင်နာကို မပြုလုပ်နိုင်ပါ။

သင်သည် ကိုယ်ဝန်ဆောင်နေပါက၊ ဆရာဝန်နှင့် တိုင်ပင်ပြီး MRI စကင်နာ ပြုလုပ်သင့်မသင့် ဆုံးဖြတ်ပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
13 January 2025

Start writing here...

CT Scan (Computed Tomography)
Medical Tests & Diagnostics Guide