ရှောင်ရန်အချက်များ
အဆိပ် သို့မဟုတ် အရည်များကို စုပ်မထုတ်ပါနှင့်
အနာကို ဦးစွာ မသန့်စင်ပဲ မအုပ်ပါနှင့် ။ ထိုသို့လုပ်ပါက ပိုးဝင်နိုင်ခြေ ပိုများနိုင်ပါသည်။
အကျဥ်းချုပ်
အများအားဖြင့် တိရစ္ဆာန်ကိုက် ခြင်းများသည် မပြင်းထန်ပဲ ဖြစ်နိုင်ပါသည်။ သို့သော် အရေးပေါ်အကူအညီ လိုအပ်သော အခြေအနေများလည်း ရှိပါသည်။ အထူးသဖြင့် တိရစ္ဆာန်များ၏ကိုက်ရာများသည် နက်ပြီး ပိုးဝင်ခြင်းလက္ခဏာများရှိပါက ချက်ချင်းကုသမှုခံယူပါ။
ချွန်ထက်သော သွားများဖြင့် ကိုက်ခံရပါက အနာများ အတွင်းထိ နက်နိုင်ပြီး အသားစများပျက်စီးခြင်း အရေပြားတွင်းပိုးဝင်ခြင်း ဖြစ်နိုင်ပါသည်။ အသားပေါက်ထွက်သော ကိုက်ရာတိုင်းသည် ပိုးမဝင်စေရန် ဆေးကုသ မှုခံယူ ရန်လိုအပ်ပါသည်။
ဤစာမျက်နှာတွ ကြောင်များ၊ ခွေးများကဲ့သို့သော တိရိစ္ဆာန်များက အရေပြားကို ပျက်စီးအောင်ကိုက်သည့် အကြောင်းအရာကို ဖော်ပြထားသည်။ မြွေကိုက်ခြင်းနှင့် ပက်သက်သော အကြောင်းအရာစာမျက်နှာကိုsnake bitesတွင်ကြည့်နိုင်ပါသည်။.
အရေးပေါ်ရှေးဦးသူနာပြုနည်း
တိရိစ္ဆာန် သို့မဟုတ်လူတစ်ယောက်က ကိုက် သွားတဲ့အခါ လုပ်ဆောင်နိုင်တဲ့ အရာတွေရှိပါတယ်:
- ဒဏ်ရာရတဲ့အနားရှိအရေပြားကို ဆပ်ပြာနဲ့ ရေဖြင့် သန့်စင်ပါ ပိုးသတ်ဆပ်ပြာ အသုံးပြနိုင်ပါသည်။ အနာထဲ မဝင်အောင် ဂရုစိုက်ပေးပါ။
- ဒဏ်ရာတွင်ရှိနေသော အပိုင်းအစ အညစ်အကြေးများအားလုံးကို ရေသန့်ဖြင့် ဆေးကြောဖယ်ရှားပါ။
- ဒဏ်ရာကိုသွေးအနည်းငယ်ထွက်အောင် ညင်သာစွာ ဖိညစ်ပါ။(သွေး ထွက်နေလျှင် မလိုပါ) ပိုးဝင်ခြင်းမှ ကာကွယ်နိုင်ပါသည်။
- သွေးများစွာထွက်နေပါက သန့်ရှင်းခြောက်သွေ့ သော အဝတ်စဖြင့် ဖိထားပါ။
- ဒဏ်ရာကိုသန့် စင်ပြီး ပါက ခြောက်သွေ့ စေပါ။ သန့်စင် ပိုးသတ်ထားသောပတ်တီးအသုံးပြုပါ။
- ပါရာဆီတမောလ် သို့မဟုတ် အီဘူပရိုဖင်ကို အသုံးပြုပြီး နာကျင်မှုလျော့ပါ – အသက် ၁၆ နှစ်အောက်က ကလေးများအတွက် အက်စပရင် မသုံးသင့်ပါ။
ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။
အောက်ပါအခြေအနေများရှိပါက ဆေးဘက်ဆိုင်ရာအကူအညီရယူပါ:
သင်သည် တိရိစ္ဆာန် သို့မဟုတ် လူတစ်ယောက်က ကိုက်သွားပြီး:
- ဒဏ်ရာသည် ကြီးမားသော သို့မဟုတ် နက်ရှိုင်းပါ
- သင်၏ မျက်နှာ သို့မဟုတ် ခေါင်းကို ကိုက်သွားခဲ့ပါက
- သင်သည် သွေးထွက်နေသော်လည်း ရပ်တန့်၍ မရပါက
အရေးပေါ်ဆေးရုံသို့ သွားနိုင်ခြင်း မရှိပါကဆေးရုံကားခေါ် ပါ။
ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု၊ ဥပမာ လက်ဖျား သို့မဟုတ် နားအပေါ်မှ ပြုတ်ကွက်သွားပါက၊ သန့်စင်သော စက္ကူဖြူဖြင့် ကတ်ထားပြီး ပလတ်စတစ်အိတ်ထဲထည့်ပါ။ အိတ်နှင့်အတူ အအေးခံထားရန် ရေခဲတုံးများ ထည့်ပါ၊ ၎င်းကို ဆေးရုံသို့ ယူသွားပါ။
အကိုက်ခံရပါက ဆေးဘက်ဆိုင်ရာအကူအညီ ရယူပါ။ :
- ဒဏ်ရာတွင် သွားများ၊ ဆံပင်များ သို့မဟုတ် အညစ်အကြေးများ ဝင်နေသည်ဟု သင်ထင်ပါက
- ကိုက်သွားသောနေရာသည် ပူခြင်း သို့မဟုတ် အလွန်ဖောင်းထွက်နေပါက (နာကျင်မှု၊ နီသော သို့မဟုတ် အပြင်အရေပြားထက် အရောင်ပိုရင့် သွားခြင်းလည်း ဖြစ်နိုင်ပါသည်)
- ကိုယ်ပူချိန်မြင့် ပါက
- အကိုက်ခံရသောနေရာမှ အရည်များထွက် နေပါက
- အကိုက်ခံရသောနေရာမှ အနံ့အသက်ဆိုးထွက်ပါက
- လက် (သို့) ခြေထောက်ကို အကိုက်ခံရပါက
- လူတစ်ဦးဆီမှ ကိုက်ခံရပါက
ကုသမှု
သင်သည် တိရိစ္ဆာန် သို့မဟုတ် လူတစ်ယောက်က ကိုက်သွားပါက ဆရာဝန် သို့မဟုတ် သူနာပြုသည် ဒဏ်ရာကို စစ်ဆေးပါလိမ့်မယ်။
သူတို့သည် :
- ကိုက်သွားသောနေရာကို သေချာ သန့်စင် ပါ – ဒဏ်ရာသည် အလွန်ညစ်ပတ် နေပါက ပိုးဝင် ခြင်းကို ကာကွယ်ရန် အစိတ်အပိုင်းများကို ဖယ်ရှားလိုအပ်နိုင်ပါသည်။
- ဒဏ်ရာကို ချုပ်ခြင်း ကပ်ခြင်း အနာကျက်စေရန် ဒဏ်ရာကို ဖွင့်ထားခြင်း
- ပိုးဝင်ခြင်းကို ကုသရန် ပိုးသတ်ဆေးများေပးခြင်း
- မေးခိုင် နှင့် ခွေးရူး ရောဂါ အန္တရာယ် ကိုသတိပြုပါ လိုအပ်ပါက ကာကွယ်ဆေးထိုးပေးနိုင်ပါသည်။
လူအကိုက်ခံရပါက သေွးစစ်ရန်လိုအပ်နိုင်ပါသည်။ hepatitis B, hepatitis C and HIV.
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025
Start writing here...