ရှေင်ရန်အချက်များ
နှာခေါင်းသွေးလျှံနေသူကို ခေါင်းမော့ထားရန် မပြောပါနှင့်။ သွေးသည် လည်ချောင်းကနေ ဆင်းပြီး အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့နိုင်သောကြောင့်ဖြစ် သည်။
အကျဥ်းချုပ်
နှာခေါင်းသွေးလျှံခြင်းသည် ပုံမှန်အားဖြင့် အကြောင်းအရာအရေးကြီးမဟုတ်ပါ။ ၎င်းသည် အထူးသဖြင့် ကလေးများတွင် ပုံမှန်ဖြစ်သည် ၎င်းအများစုကို အိမ်တွင်းမှာ လွယ်ကူစွာ ကုသနိုင်ပါသည်။
လက္ခဏာများ
နှာခေါင်းသွေးလျှံခြင်းသည် နှာခေါင်းမှ သွေးယိုစီးခြင်းဖြစ်သည်။
အရေးပေါ်ရှေးဦးသူနာပြုနည်း
နှာခေါင်းသွေးလျှံခြင်းကို ကိုယ်တိုင်ရပ်တန့်ရန်
သင့်တွင် နှာခေါင်းသွေးလျှံ ခြင်းဖြစ်နေပါက လုပ်သင့်သည်မှာ-
- ထိုင်ပြီး ရှေ့သိုကိုင်းညွတ်ပါ ခေါင်းကို ရှေ ့ ဘက်သို့ အနည်း ငယ်စောင်းပြီး ပါးစပ်ဟထားပါ။
- နှာခေါင်းထိပ်နားကို လက် မနှင့် လက် ညှိုးဖြင့် ဖိညှပ်ပြီး ၁၀-၁၅ မိနစ်လောက်ထားပါ။
- ပါးစပ်ဖြင့် အသက်ရှူပါ။
သွေးစီးဆင်းမှု နည်းသွားစေရန် နှာခေါင်းထိပ်ကို ရေခဲ ကပ်ပါ။ သို့သော် ၎င်းသည် အကျိုးရှိကြောင်း ပြသထားသော သက်သေများ မရှိပါ။
နှာခေါင်းသွေးလျှံ ခြင်းရပ်ပြီးနောက်
နှာခေါင်းသွေးလျှံ ခြင်းရပ်ပြီးလျှင် ထပ်မံဖြစ်ခြင်း ကိုကာကွယ်ရန် နောက် ၂၄ နာရီအတွင်း မပြုလုပ်သင့်သော လုပ်ဆောင်ချက်များမှာ::
- နှပ်ညှပ်ခြင်း
- နှာခေါင်းနှိုက်ခြင်း
- အရက် သို့မဟုတ် ပူသော အရည်များသောက်ခြင်း
- အလေးမခြင်း လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း
- အနာဖေးများကိုခွာခြင်း
- လှဲ အိပ်ခြင်း
ဆေးဘက်ဆိုင်ရာ အကူအညီ ဘယ်အချိန်မှာ ရယူသင့်သလဲ။
နှာခေါင်းသွေးလျှံပါက အရေးပေါ် ဆေးဝါး အကူအညီ (ဥပမာ၊ အရေးပေါ် ဆေးရုံ) လိုအပ်သည်။ အောက်ပါအခြေအနေများဖြစ်ပါက:
- နှာခေါင်းသွေးလျှံ ခြင်း၁၀ သို့ ၁၅ မိနစ်ထက်ကြာမြင့်နေပါက
- သွေးလျှံ ပမာဏ ပိုလွန်းနေပါက
- သွေးပမာဏများစွာကို မျိုချနေရပြီး အန်ထွက်ပါက
- ခေါင်းထိခိုက်မှုမှ စတင်ခဲ့ပါက
- အားနည်းမှု သို့မဟုတ် မူးဝေခြင်း ဖြစ်နေပါက
- အသက်ရှုမရခြင်း ဖြစ်ပါက
အရေးပေါ်ဌာနသို့ ကိုယ်တိုင် မောင်းနှင်မသွားပါနှင့် တစ်စုံတစ်ယောက်အားမောင်းနှင်စေ ခြင်း သို့မဟုတ် အရေးပေါ် ကားခေါ်ပါ။
GP ထံ သွားပါ:
ကုသမှု
သင်သည် နှာခေါင်းသွေးလျှံပြီး ဆရာဝန်သည် သွေးထွက်နေသောနေရာကို တွေ့နိုင်ပါက၊ သို့လျှင် သူတို့သည် ဓာတုပစ္စည်းပါရှိသော သံတစ်ခုကို အသုံးပြု၍ သွေးလျှံခြင်းကို ရပ်တန့် စေပါ သည်။ ဤသည်ကိုနှာခေါင်းထိပ်သို့ ထည့်ပြီး နေရာကို ပိတ်ဆို့ပါသည်။
ဒါမျိုးမဖြစ်နိုင်ပါက၊ သူတို့သည် သွေးလျှံခြင်းကို ရပ်တန့်စေရန် ဂေါ့ဇ် သို့မဟုတ် ဂွမ်း ရေမြှပ်ကို နှာခေါင်းထဲ ထည့်နိုင်ပါသည်။ သင်ကို ဆေးရုံတွင် တစ်ရက် သို့မဟုတ် နှစ်ရက် စောင့်ဆိုင်းရနိုင်ပါသည်။
သင်၏ နှာခေါင်းသွေးလျှံခြင်း ရပ်သွားပြီးပါက၊ ဆရာဝန်က သင့်နှာခေါင်းအတွင်း အသုံးပြုရန် ပိုးသတ်ဆေးခရင်ကို ပေးနိုင်ပါသည်။ ဤသည်အနာဖေး များ ဖြစ်စေခြင်းကို ရပ်တန့်စေပါသည်။ သင့်အတွက် အဆင်မပြေပါက ဓာတ်မတည့်ခြင်းရှိပါက ဆေး၏ ပါဝင်ပစ္စည်းများကို စစ်ဆေးရန် လိုအပ်ပါသည်။
Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit ourTerms & Conditionspage.
Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
05 January 2025
Start writing here...